အနာဂတ်အတွက် ဆုံးဖြတ်ပေးဖို့ မန်ချက်စတာကို ရော်နယ်ဒို ပြန်လာပြီ

ခရစ္စတီယာနိုရော်နယ်ဒိုဟာ သူ့ရဲ့မန်ချက်စတာယူနိုက်တက် ကစားသမားဘဝအနာဂတ်အတွက် အဆုံးအဖြတ်ပေးဖို့ မန်ချက်စတာမြို့ကို ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

ကာရင်တန်လေ့ကျင့်ကွင်းမှာ နည်းပြတန်းဟတ်နဲ့တွေ့ဆုံပြီး ချက်ချင်းထွက်ခွင့်ပေးဖို့ တောင်းဆိုဖွယ်ရှိတယ်လို့ သိရပါတယ်။ သူဟာ မနေ့ည ၉ နာရီခွဲမှာ

မက်ဒရစ်ကနေ သီးသန့်လေယာဉ်နဲ့ မန်ချက်စတာလေဆိပ်ကို ရောက်ရှိလာခဲ့တာပါ။ မန်ယူရဲ့စာချုပ်သစ်ကမ်းလှမ်းမှုကို လက်ခံမှာမဟုတ်တဲ့အကြောင်း

ရော်နယ်ဒိုပြောလိမ့်မယ်လို့ သတင်းတွေထွက်နေပါတယ်။ ပေါ်တူဂီကြယ်ပွင့်ဟာ မိသားစုအကြောင်းပြချက်နဲ့ မန်ယူရဲ့ရာသီကြိုခြေစမ်းပွဲခရီးစဉ်ကို လိုက်ပါခြင်းမရှိခဲ့ပါဘူး။

တနည်းအားဖြင့် သူ့ရဲ့ကစားသမားဘဝမှာ တစ်ခါမှမကစားဖူးတဲ့ ယူရိုပါလိဂ်ခရီးကို စတင်လိုစိတ်မရှိပါဘူး။ နည်းပြတန်းဟတ်က ရော်နယ်ဒိုဟာ သူ့ရဲ့အစီအစဉ်မှာ

အစိတ်အပိုင်းတစ်ရပ်ဖြစ်တယ်လို့ ဆိုထားပေမယ့် ပေါ်တူဂီသားရဲ့ချန်ပီယံလိဂ်ကစားချင်စိတ်ကို တားဆီးနိုင်ဖို့လည်း မလွယ်ပါဘူး။ အခုတော့ သူတို့နှစ်ဦး မျက်နှာချင်းဆိုင်ပြီး

တစ်ခုခုကို ပြတ်ပြတ်သားသား ဆုံးဖြတ်ကြရတော့မှာပါ။ မန်ယူဟာ ဂျူဗင်တပ်တိုက်စစ်မှူးဟောင်းကို တစ်နှစ်သက်တမ်းတိုးခွင့်ရှိတဲ့ ၂ နှစ်စာချုပ်သစ်နဲ့ ကမ်းလှမ်းဖို့ကြိုးစားနေတာဖြစ်ပါတယ်။

(zawgyi)

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ သူ႔ရဲ႕မန္ခ်က္စတာယူႏိုက္တက္ ကစားသမားဘဝအနာဂတ္အတြက္ အဆုံးအျဖတ္ေပးဖို႔ မန္ခ်က္စတာၿမိဳ႕ကို ျပန္လည္ေရာက္ရွိလာခဲ့ၿပီျဖစ္ပါတယ္။

ကာရင္တန္ေလ့က်င့္ကြင္းမွာ နည္းျပတန္းဟတ္နဲ႔ေတြ႕ဆုံၿပီး ခ်က္ခ်င္းထြက္ခြင့္ေပးဖို႔ ေတာင္းဆိုဖြယ္ရွိတယ္လို႔ သိရပါတယ္။ သူဟာ မေန႔ည ၉ နာရီခြဲမွာ မက္ဒရစ္ကေန

သီးသန႔္ေလယာဥ္နဲ႔ မန္ခ်က္စတာေလဆိပ္ကို ေရာက္ရွိလာခဲ့တာပါ။ မန္ယူရဲ႕စာခ်ဳပ္သစ္ကမ္းလွမ္းမႈကို လက္ခံမွာမဟုတ္တဲ့အေၾကာင္း ေရာ္နယ္ဒိုေျပာလိမ့္မယ္လို႔ သတင္းေတြထြက္ေနပါတယ္။

ေပၚတူဂီၾကယ္ပြင့္ဟာ မိသားစုအေၾကာင္းျပခ်က္နဲ႔ မန္ယူရဲ႕ရာသီႀကိဳေျခစမ္းပြဲခရီးစဥ္ကို လိုက္ပါျခင္းမရွိခဲ့ပါဘူး။ တနည္းအားျဖင့္ သူ႔ရဲ႕ကစားသမားဘဝမွာ တစ္ခါမွမကစားဖူးတဲ့

ယူ႐ိုပါလိဂ္ခရီးကို စတင္လိုစိတ္မရွိပါဘူး။ နည္းျပတန္းဟတ္က ေရာ္နယ္ဒိုဟာ သူ႔ရဲ႕အစီအစဥ္မွာအစိတ္အပိုင္းတစ္ရပ္ျဖစ္တယ္လို႔ ဆိုထားေပမယ့္ ေပၚတူဂီသားရဲ႕ခ်န္ပီယံလိဂ္ကစားခ်င္စိတ္ကို တားဆီးႏိုင္ဖို႔လည္း မလြယ္ပါဘူး။

အခုေတာ့ သူတို႔ႏွစ္ဦး မ်က္ႏွာခ်င္းဆိုင္ၿပီး တစ္ခုခုကို ျပတ္ျပတ္သားသား ဆုံးျဖတ္ၾကရေတာ့မွာပါ။ မန္ယူဟာ ဂ်ဴဗင္တပ္တိုက္စစ္မႉးေဟာင္းကို တစ္ႏွစ္သက္တမ္းတိုးခြင့္ရွိတဲ့ ၂ ႏွစ္စာခ်ဳပ္သစ္နဲ႔ ကမ္းလွမ္းဖို႔ႀကိဳးစားေနတာျဖစ္ပါတယ္။