
ဘော်လွန်းဒီအော် သုံးဆုပိုင်ရှင် ပလာတီနီကတော့ ပီအက်စ်ဂျီကစားသမား
ဘာပေဟာ ရွှေဘောလုံးဆုကို များစွာပိုင်ဆိုင်နိုင်လိမ့်မယ်လို့ ပြောပါတယ်။
ဘာပေဟာ မိုနာကိုမှာ ၂၀၁၆-၁၇ တုန်းက ဖလားရတဲ့ထိ စွမ်းဆောင်ပေးနိုင်ခဲ့တဲ့
အကောင်းဆုံး ကစားသမားလည်း ဖြစ်ပါတယ်။ အဲဒီကစားသမားဟာ
ပီအက်စ်ဂျီအသင်းရဲ့ ၃၇ ပွဲမှာ ၂၆ ဂိုးသွင်း ပြီး ၁၇ ဂိုးထောက်ပံ့ထားပါတယ်။
အမ်ဘာပေနဲ့ ပတ်သက်လို့ ပလာတီနီက “ကျွန်တော်တို့က (၁၅) နှစ်လောက်ကို
အရာအားလုံး အောင်မြင်နိုင်တဲ့ ရော်နယ်ဒို ၊ မက်ဆီ ကစားသမားနှစ်ယောက်နဲ့အတူ
ရှင်သန်ခွင့်ရခဲ့ပါတယ်။ အမ်ဘာပေကလည်း အနာဂတ်မှာ ထိပ်ဆုံးရောက်လာမယ့်
အနေအထားကို ပိုင်ဆိုင်ထားပါတယ်” “အနာဂတ်မှာ သူက အရာအားလုံးကို
အနိုင်ယူနိုင်ပါတယ်။ လာမယ့်နှစ်တွေမှာ သူက အနာဂတ်ရဲ့ ထိပ်တန်း
ကြယ်ပွင့်ဖြစ်သင့်နေပါပြီ။ လက်ရှိအခိုက်အတန့်မှာ သူက ပြင်သစ်နိုင်ငံရဲ့
အကောင်းဆုံး ကစားသမားတစ်ယောက်ပါ။ ဘလွန်းဒီအော်ဆုကို
အကြိမ်ပေါင်းများစွာ ရယူနိုင်ဖို့၊ အကောင်းဆုံးဖြစ်ဖို့ သူ့မှာ အရည်အချင်း
အားလုံးရှိနေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ အမ်ဘာပေဟာ လာမယ့်
နွေရာသီမှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး၊ သူ့ကို ခေါ်ယူဖို့
ရီးရဲလ်မက်ဒရစ်က အခြေအနေ ကောင်းနေပါတယ်။
zawgyi
” အနာဂတ္မွာ ဘာေပဟာ သူ႔အရည္အခ်င္းနဲ႔ ေ႐ႊေဘာလုံးမ်ားစြာကို ပိုင္ဆိုင္ႏိုင္ပါတယ္ ”
ေဘာ္လြန္းဒီေအာ္ သုံးဆုပိုင္ရွင္ ပလာတီနီကေတာ့ ပီအက္စ္ဂ်ီကစားသမား
ဘာေပဟာ ေ႐ႊေဘာလုံးဆုကို မ်ားစြာပိုင္ဆိုင္ႏိုင္လိမ့္မယ္လို႔ ေျပာပါတယ္။
ဘာေပဟာ မိုနာကိုမွာ ၂၀၁၆-၁၇ တုန္းက ဖလားရတဲ့ထိ စြမ္းေဆာင္ေပးႏိုင္ခဲ့တဲ့
အေကာင္းဆုံး ကစားသမားလည္း ျဖစ္ပါတယ္။ အဲဒီကစားသမားဟာ
ပီအက္စ္ဂ်ီအသင္းရဲ႕ ၃၇ ပြဲမွာ ၂၆ ဂိုးသြင္း ၿပီး ၁၇ ဂိုးေထာက္ပံ့ထားပါတယ္။
အမ္ဘာေပနဲ႔ ပတ္သက္လို႔ ပလာတီနီက “ကြၽန္ေတာ္တို႔က (၁၅) ႏွစ္ေလာက္ကို
အရာအားလုံး ေအာင္ျမင္ႏိုင္တဲ့ ေရာ္နယ္ဒို ၊ မက္ဆီ ကစားသမားႏွစ္ေယာက္နဲ႔အတူ
ရွင္သန္ခြင့္ရခဲ့ပါတယ္။ အမ္ဘာေပကလည္း အနာဂတ္မွာ ထိပ္ဆုံးေရာက္လာမယ့္
အေနအထားကို ပိုင္ဆိုင္ထားပါတယ္” “အနာဂတ္မွာ သူက အရာအားလုံးကို
အႏိုင္ယူႏိုင္ပါတယ္။ လာမယ့္ႏွစ္ေတြမွာ သူက အနာဂတ္ရဲ႕ ထိပ္တန္း
ၾကယ္ပြင့္ျဖစ္သင့္ေနပါၿပီ။ လက္ရွိအခိုက္အတန႔္မွာ သူက ျပင္သစ္ႏိုင္ငံရဲ႕
အေကာင္းဆုံး ကစားသမားတစ္ေယာက္ပါ။ ဘလြန္းဒီေအာ္ဆုကို
အႀကိမ္ေပါင္းမ်ားစြာ ရယူႏိုင္ဖို႔၊ အေကာင္းဆုံးျဖစ္ဖို႔ သူ႔မွာ အရည္အခ်င္း
အားလုံးရွိေနပါတယ္” လို႔ ေျပာၾကားခဲ့ပါတယ္။ အမ္ဘာေပဟာ လာမယ့္
ေႏြရာသီမွာ ပီအက္စ္ဂ်ီနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာ ျဖစ္ၿပီး၊ သူ႔ကို ေခၚယူဖို႔
ရီးရဲလ္မက္ဒရစ္က အေျခအေန ေကာင္းေနပါတယ္။
Leave a Reply