အဆင်သင့်ဖြစ်နေပြီလို့ အင်စတာဂရမ်မှာ ပို့စ်တင်ပြီး ရော်နယ်ဒို အသိပေးလာ

ဒီည ဘရိုက်တန်နဲ့ပွဲအတွက် သူ အဆင်သင့်ဖြစ်နေပြီဆိုတဲ့အကြောင်း နည်းပြတန်းဟတ်ကို ရော်နယ်ဒိုက အသိပေးလိုက်ပါတယ်။ အင်စတာဂရမ်မှာ သူ့ပုံနဲ့အတူ Ready ဆိုတဲ့စာကို ရေးထားတာပါ။

အသက် ၃၇ နှစ်အရွယ် ပေါ်တူဂီသားရဲ့မန်ယူအနာဂတ်က မသေချာသေးသလို ဘရိုက်တန်နဲ့ပွဲမှာ ပွဲထွက်ခွင့်ရဖို့လည်း မရေရာသေးပါဘူး။ မန်ယူရဲ့နောက်ဆုံးခြေစမ်းပွဲဖြစ်တဲ့

ဗယ်လီကာနိုနဲ့ပွဲမှာ ပထမပိုင်း ၄၅ မိနစ်သာကစားခွင့်ရခဲ့တဲ့ရော်နယ်ဒိုဟာ ပွဲမပြီးခင်ပြန်သွားတာကြောင့် ဝေဖန်မှုတွေလည်း ခံခဲ့ရပါတယ်။ ဒါ့အပြင် အသင်းနဲ့အတူ ပြန်လေ့ကျင့်ခဲ့ပေမယ့်

ပွဲထွက်ခွင့်ရရေးကတော့ မသေမချာဖြစ်နေတာပါ။ အထူးသဖြင့် မာရှယ် ဒဏ်ရာရသွားပေမယ့် တန်းဟတ်က ရော်နယ်ဒိုအတွက် တိကျတဲ့အဖြေမပေးသလို ကြံ့ခိုင်မှုနဲ့လေ့ကျင့်ချိန်ကို

အားမရသေးဘူးလို့ သတင်းထွက်နေပါတယ်။ နယ်သာလန်သားဟာ ဘရိုက်တန်နဲ့ပွဲမှာ ဆန်ချို၊ ရက်ရှ်ဖို့ဒ်နဲ့ ဂါနာချိုအတွဲကိုသုံးသွားမလား ဒါမှမဟုတ် ရော်နယ်ဒိုကို

ပွဲထွက်ခွင့် ပေးမလားဆိုတာ ပုစ္ဆာတစ်ပုဒ်ဖြစ်နေဆဲပါ။ ရော်နယ်ဒိုကတော့ အဆင်သင့်ဖြစ်နေပြီဆိုတာ အင်စတာဂရမ်ကနေ အသိပေးလိုက်တာဖြစ်ပါတယ်။ ဒါပေမဲ့ မန်ယူကထွက်ဖို့

အဆင်သင့်ဖြစ်နေပြီလို့ ဆိုလိုချင်တာလား၊ စိန်ခေါ်မှုတွေရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောချင်တာလားဆိုတာတော့ ကာယကံရှင်သာ သိပါလိမ့်မယ်။

(ZAWGYI)

ဒီည ဘ႐ိုက္တန္နဲ႔ပြဲအတြက္ သူ အဆင္သင့္ျဖစ္ေနၿပီဆိုတဲ့အေၾကာင္း နည္းျပတန္းဟတ္ကို ေရာ္နယ္ဒိုက အသိေပးလိုက္ပါတယ္။ အင္စတာဂရမ္မွာ သူ႔ပုံနဲ႔အတူ Ready ဆိုတဲ့စာကို

ေရးထားတာပါ။ အသက္ ၃၇ ႏွစ္အ႐ြယ္ ေပၚတူဂီသားရဲ႕မန္ယူအနာဂတ္က မေသခ်ာေသးသလို ဘ႐ိုက္တန္နဲ႔ပြဲမွာ ပြဲထြက္ခြင့္ရဖို႔လည္း မေရရာေသးပါဘူး။ မန္ယူရဲ႕ေနာက္ဆုံးေျခစမ္းပြဲျဖစ္တဲ့

ဗယ္လီကာႏိုနဲ႔ပြဲမွာ ပထမပိုင္း ၄၅ မိနစ္သာကစားခြင့္ရခဲ့တဲ့ေရာ္နယ္ဒိုဟာ ပြဲမၿပီးခင္ျပန္သြားတာေၾကာင့္ ေဝဖန္မႈေတြလည္း ခံခဲ့ရပါတယ္။ ဒါ့အျပင္ အသင္းနဲ႔အတူ ျပန္ေလ့က်င့္ခဲ့ေပမယ့္

ပြဲထြက္ခြင့္ရေရးကေတာ့ မေသမခ်ာျဖစ္ေနတာပါ။ အထူးသျဖင့္ မာရွယ္ ဒဏ္ရာရသြားေပမယ့္ တန္းဟတ္က ေရာ္နယ္ဒိုအတြက္ တိက်တဲ့အေျဖမေပးသလို ႀကံ့ခိုင္မႈနဲ႔ေလ့က်င့္ခ်ိန္ကို

အားမရေသးဘူးလို႔ သတင္းထြက္ေနပါတယ္။ နယ္သာလန္သားဟာ ဘ႐ိုက္တန္နဲ႔ပြဲမွာ ဆန္ခ်ိဳ၊ ရက္ရွ္ဖို႔ဒ္နဲ႔ ဂါနာခ်ိဳအတြဲကိုသုံးသြားမလား ဒါမွမဟုတ္ ေရာ္နယ္ဒိုကိုပြဲထြက္ခြင့္ ေပးမလားဆိုတာ

ပုစာၦတစ္ပုဒ္ျဖစ္ေနဆဲပါ။ ေရာ္နယ္ဒိုကေတာ့ အဆင္သင့္ျဖစ္ေနၿပီဆိုတာ အင္စတာဂရမ္ကေန အသိေပးလိုက္တာျဖစ္ပါတယ္။

ဒါေပမဲ့ မန္ယူကထြက္ဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ ဆိုလိုခ်င္တာလား၊ စိန္ေခၚမႈေတြရင္ဆိုင္ဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ ေျပာခ်င္တာလားဆိုတာေတာ့ ကာယကံရွင္သာ သိပါလိမ့္မယ္။