





ယူနိုက်တက် အသင်းဟာ မနေ့ညကတော့ အိုးလ် ထရက်ဖို့ဒ် ကွင်းထဲမှာ
လက်စတာစီးတီး အသင်းကို ဧည့်ခံ ကစားခဲ့ရပြီး 1 – 1 ဆိုတဲ့





သရေ ရလဒ်ကိုသာ ရယူသွားနိုင်ခဲ့ပါတယ်။ ဒါဟာ ချန်ပီယံလိဂ် ဝင်ခွင့်
ရချင်နေတဲ့ အသင်းအတွက် စိတ်ပျက်ဖွယ် ရလဒ်တစ်ခုပါပဲ။
ယူနိုက်တက်တို့ဟာ ဘောလုံးပိုင်ဆိုင်မှု အသာစီး ရယူရင်း ကစားနိုင်ခဲ့ကြပေမယ့်





ဖိအားပေး ကစားပုံ ၊ ချိတ်ဆက် ကစားမှုတွေနဲ့ ခြိမ်းခြောက်မှုတွေက
လက်စတာ စီးတီး အသင်းလောက် အားရစရာ မကောင်းခဲ့ပါဘူး။





ဒါပေမယ့် ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ ရန်းနစ်ခ်ကတော့ သူတို့အသင်းဟာ
ဥရောပ ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာစာကို သိမ်းပိုက်နိုင်လိမ့်မယ်လို့
မျှော်လင့်ထားဆဲ ဖြစ်ကြောင်း လက်စတာနဲ့ ပွဲအပြီးမှာ ပြုလုပ်ခဲ့တဲ့





သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
ရန်းနစ်ခ်က “ကျွန်တော်တို့က သရေကျခဲ့တဲ့ အပေါ် မပျော်နိုင်ပါဘူး။





ဒါပေမယ့် ဒုတိယပိုင်း ကစားပုံကတော့ အဆင်ပြေခဲ့ပါတယ်။
တကယ်လို့ သင်္ချာနည်းအရသာ ကျွန်တော်တို့အတွက် အဆင့်၄ အတွင်း
ဝင်ရောက်နိုင်ဖို့ အခွင့်အရေး ရှိနေသေးရင် ကျွန်တော်တို့က





အဆင့်၄ထဲကို ဝင်နိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ တာဝန်က ဒီရာသီကို
အတတ်နိုင်ဆုံး အကောင်းဆုံး အနေအထားနဲ့ အဆုံးသတ်နိုင်အောင်





ကြိုးစားဖို့ပါပဲ” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။
zawgyi
အဆင့္ ၄ ထဲ ဝင္ႏိုင္ေသးတယ္လို႔ ေလက်ယ္ျပန္တဲ့ ယူႏိုက္တက္နည္းျပ





ယူႏိုက္တက္ အသင္းဟာ မေန႔ညကေတာ့ အိုးလ္ ထရက္ဖို႔ဒ္ ကြင္းထဲမွာ
လက္စတာစီးတီး အသင္းကို ဧည့္ခံ ကစားခဲ့ရၿပီး 1 – 1 ဆိုတဲ့





သေရ ရလဒ္ကိုသာ ရယူသြားႏိုင္ခဲ့ပါတယ္။ ဒါဟာ ခ်န္ပီယံလိဂ္ ဝင္ခြင့္
ရခ်င္ေနတဲ့ အသင္းအတြက္ စိတ္ပ်က္ဖြယ္ ရလဒ္တစ္ခုပါပဲ။
ယူႏိုက္တက္တို႔ဟာ ေဘာလုံးပိုင္ဆိုင္မႈ အသာစီး ရယူရင္း ကစားႏိုင္ခဲ့ၾကေပမယ့္





ဖိအားေပး ကစားပုံ ၊ ခ်ိတ္ဆက္ ကစားမႈေတြနဲ႔ ၿခိမ္းေျခာက္မႈေတြက
လက္စတာ စီးတီး အသင္းေလာက္ အားရစရာ မေကာင္းခဲ့ပါဘူး။





ဒါေပမယ့္ ယူႏိုက္တက္ရဲ႕ နည္းျပျဖစ္သူ ရန္းနစ္ခ္ကေတာ့ သူတို႔အသင္းဟာ
ဥေရာပ ခ်န္ပီယံလိဂ္ဝင္ခြင့္ တစ္ေနရာစာကို သိမ္းပိုက္ႏိုင္လိမ့္မယ္လို႔
ေမွ်ာ္လင့္ထားဆဲ ျဖစ္ေၾကာင္း လက္စတာနဲ႔ ပြဲအၿပီးမွာ ျပဳလုပ္ခဲ့တဲ့





သတင္းစာရွင္းလင္းပြဲမွာ ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။
ရန္းနစ္ခ္က “ကြၽန္ေတာ္တို႔က သေရက်ခဲ့တဲ့ အေပၚ မေပ်ာ္ႏိုင္ပါဘူး။





ဒါေပမယ့္ ဒုတိယပိုင္း ကစားပုံကေတာ့ အဆင္ေျပခဲ့ပါတယ္။
တကယ္လို႔ သခ်ၤာနည္းအရသာ ကြၽန္ေတာ္တို႔အတြက္ အဆင့္၄ အတြင္း
ဝင္ေရာက္ႏိုင္ဖို႔ အခြင့္အေရး ရွိေနေသးရင္ ကြၽန္ေတာ္တို႔က





အဆင့္၄ထဲကို ဝင္ႏိုင္ပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ တာဝန္က ဒီရာသီကို
အတတ္ႏိုင္ဆုံး အေကာင္းဆုံး အေနအထားနဲ႔ အဆုံးသတ္ႏိုင္ေအာင္





ႀကိဳးစားဖို႔ပါပဲ” လို႔ ေျပာၾကားခဲ့တာပဲ ျဖစ္ပါတယ္။
Leave a Reply