“ အဆင့်လေး မျှော်လင့်ချက်နဲ့ ပတ်သက်လို့ ခက်ခဲသွားပါပြီ ” ရန်းနစ်ခ်

ယူနိုက်တက် အသင်းဟာ ဂွတ်ဒီဆင် ပါ့ခ် ကွင်းထဲမှာ အဲဗာတန် အသင်းနဲ့

ရင်ဆိုင် ကစားခဲ့ရပြီး 0 – 1 ဆိုတဲ့ ရလဒ်နဲ့ စိတ်ပျက်ဖွယ် ရှုံးနိမ့်ခဲ့ကာ

အမှတ်ပေး ဇယား အဆင့် 7 နေရာကို ဆင်းပေးခဲ့လိုက်ရပါတယ်။

အဲဒီပွဲမှာတော့ အဲဗာတန် အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို

ကွင်းလယ်လူ ဂေါ်ဒွန် က သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။

ဒီပေးဂိုးမှာတော့ အဝေးကန်ချက်ဟာ ယူနိုက်တက် အသင်းခေါင်းဆောင်

ဟယ်ရီ မက်ဂွားယားနဲ့ ထိခဲ့ပြီး လမ်းကြောင်းပြောင်းလဲကာ ဂိုးဖြစ်သွားခဲ့တာပဲ ဖြစ်ပါတယ်။

ဒီနိုင်ပွဲဟာ တန်းဆင်းဇုန်အနား ရောက်နေခဲ့တဲ့ အဲဗာတန် အသင်းအတွက်

အဖိုးတန်လွန်းတဲ့ နိုင်ပွဲ ဖြစ်ခဲ့ပေမဲ့ ယူနိုက်တက် အသင်း အတွက်တော့

ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ အလှမ်းဝေးကာ ယူရို ပါလိဂ် ဝင်ခွင့် ရရှိနိုင်ဖို့တောင်

ရုန်းကန်ရတော့မယ့် အနေအထားကို ဖြစ်ပေါ်သွားစေခဲ့ပါတယ်။

နည်းပြ ရန်းနစ်ခ်က ” ဖန်တီးမှုကြီးပဲတော့ မဟုတ်ပါဘူး။ ကွင်းထဲမှာ

ဖန်တီးမှုပိုင်းအတွက် ကစားသမားတွေ လုံလောက်အောင် ရှိပါတယ်။

အဆုံးသတ်ပိုင်းမှာ ရုပ်ပိုင်းဆိုင်ရာ လုံလောက်မှုပိုင်း၊ အားကောင်းမောင်းသန်

ကစားနိုင်စွမ်းနဲ့ သွင်းဂိုးအတွက် ကြိုးစားလိုမှုနဲ့ ဆိုင်တာပါ။”

“အဆင့်လေး မျှော်လင့်ချက်နဲ့ ပတ်သက်လို့ ခက်ခဲသွားပါပြီ။

ကိုယ်ကစားရတဲ့ ပွဲတွေကို အနိုင်ရအောင် မလုပ်နိုင်ဘဲ အခြားအသင်းတွေ

ရလဒ်ကောင်း မရပါစေနဲ့လို့ မျှော်လင့်နေတာက အဓိပ္ပာယ် မရှိပါဘူး” ဆိုပြီး ပြောဆိုခဲ့ပါတယ်။

zawgyi

“ အဆင့္ေလး ေမွ်ာ္လင့္ခ်က္နဲ႔ ပတ္သက္လို႔ ခက္ခဲသြားပါၿပီ ” ရန္းနစ္ခ္

ယူႏိုက္တက္ အသင္းဟာ ဂြတ္ဒီဆင္ ပါ့ခ္ ကြင္းထဲမွာ အဲဗာတန္ အသင္းနဲ႔

ရင္ဆိုင္ ကစားခဲ့ရၿပီး 0 – 1 ဆိုတဲ့ ရလဒ္နဲ႔ စိတ္ပ်က္ဖြယ္ ရႈံးနိမ့္ခဲ့ကာ

အမွတ္ေပး ဇယား အဆင့္ 7 ေနရာကို ဆင္းေပးခဲ့လိုက္ရပါတယ္။

အဲဒီပြဲမွာေတာ့ အဲဗာတန္ အသင္းအတြက္ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို

ကြင္းလယ္လူ ေဂၚဒြန္ က သြင္းယူေပးခဲ့တာပဲ ျဖစ္ပါတယ္။

ဒီေပးဂိုးမွာေတာ့ အေဝးကန္ခ်က္ဟာ ယူႏိုက္တက္ အသင္းေခါင္းေဆာင္

ဟယ္ရီ မက္ဂြားယားနဲ႔ ထိခဲ့ၿပီး လမ္းေၾကာင္းေျပာင္းလဲကာ ဂိုးျဖစ္သြားခဲ့တာပဲ ျဖစ္ပါတယ္။

ဒီႏိုင္ပြဲဟာ တန္းဆင္းဇုန္အနား ေရာက္ေနခဲ့တဲ့ အဲဗာတန္ အသင္းအတြက္

အဖိုးတန္လြန္းတဲ့ ႏိုင္ပြဲ ျဖစ္ခဲ့ေပမဲ့ ယူႏိုက္တက္ အသင္း အတြက္ေတာ့

ခ်န္ပီယံလိဂ္ ဝင္ခြင့္နဲ႔ အလွမ္းေဝးကာ ယူ႐ို ပါလိဂ္ ဝင္ခြင့္ ရရွိႏိုင္ဖို႔ေတာင္

႐ုန္းကန္ရေတာ့မယ့္ အေနအထားကို ျဖစ္ေပၚသြားေစခဲ့ပါတယ္။

နည္းျပ ရန္းနစ္ခ္က ” ဖန္တီးမႈႀကီးပဲေတာ့ မဟုတ္ပါဘူး။ ကြင္းထဲမွာ

ဖန္တီးမႈပိုင္းအတြက္ ကစားသမားေတြ လုံေလာက္ေအာင္ ရွိပါတယ္။

အဆုံးသတ္ပိုင္းမွာ ႐ုပ္ပိုင္းဆိုင္ရာ လုံေလာက္မႈပိုင္း၊ အားေကာင္းေမာင္းသန္

ကစားႏိုင္စြမ္းနဲ႔ သြင္းဂိုးအတြက္ ႀကိဳးစားလိုမႈနဲ႔ ဆိုင္တာပါ။”

“အဆင့္ေလး ေမွ်ာ္လင့္ခ်က္နဲ႔ ပတ္သက္လို႔ ခက္ခဲသြားပါၿပီ။

ကိုယ္ကစားရတဲ့ ပြဲေတြကို အႏိုင္ရေအာင္ မလုပ္ႏိုင္ဘဲ အျခားအသင္းေတြ

ရလဒ္ေကာင္း မရပါေစနဲ႔လို႔ ေမွ်ာ္လင့္ေနတာက အဓိပၸာယ္ မရွိပါဘူး” ဆိုၿပီး ေျပာဆိုခဲ့ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*