အဆင့်မရှိတဲ့လိဂ်မှာကစားနေသူလို့ သူတို့ဆီမလာတဲ့ အမ်ဘာပီကို လာလီဂါဥက္ကဌ ဝေဖန်လိုက်

ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ရီးရဲလ်မက်ဒရစ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပြီး ပီအက်စ်ဂျီမှာပဲ ဆက်ရှိနေခဲ့တဲ့ တိုက်စစ်မှူး အမ်ဘာပီကို လာလီဂါဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဂျာဗီယာတီဘက်စ်က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

စပိန်ကို ပြောင်းလာဖို့အတွက် မီးစိမ်းပြဖို့ ဝန်လေးခဲ့တဲ့ ပြင်သစ်တိုက်စစ်မှူးဟာ ဘာပြိုင်ဆိုင်မှုမှ မရှိတဲ့ တန်းနိမ့်ပြိုင်ပွဲလေးတစ်ခုမှာ ကစားနေတာပဲဖြစ်တယ်လို့ တီဘက်စ်က ဒဲ့ရွှေ့တာပါ။ အသက် ၂၃ နှစ် အရွယ် အမ်ဘာပီဟာ ပြီးခဲ့တဲ့ နွေဈေးကွက်မှာ

ရီးရဲလ်ကို ရောက်လာဖို့ရှိ တယ်လို့ အားလုံးက ထင်ကြေးပေးခဲ့ကြတာဖြစ်ပြီး ထင်သလို မဖြစ်ခဲ့တဲ့ အတွက် ရီးရဲလ်နဲ့ လာလီဂါ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူအားလုံးနီးပါး ဒေါသထွက်ခဲ့ကြရပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံဆုကို ပြင်သစ်နဲ့အတူ ရယူနိုင်ခဲ့တဲ့ အမ်ဘာပီကတော့ ကာတာသူဌေးဘင်ဟာမက်အယ်လ်သာနီရဲ့ မြှောက်စားထားမှုနဲ့အတူ တစ်ပတ်လုပ်ခလစာ ပေါင် ၆၅၀၀၀၀ အထိ ရရှိနေ ပြီး ပဲရစ်ကလပ်နဲ့ ပြီးခဲ့တဲ့

မေလမှာ ၂၀၂၅ အထိ စာချုပ်သစ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီရာသီ လာလီဂါပြိုင်ပွဲအတွက် ကစားသမားခေါ်ယူရေး ကန့်သတ်မှု တင်ဆက်ခြင်းအခမ်းအနားမှာ တီဘက်စ်က အမ်ဘာပီနဲ့ပတ်သက် ပြီး အခုလိုမျိုး ဝေဖန်ခဲ့တာဖြစ်ပါတယ်။

‘’သူတို့မှာ ရှိနေကြတဲ့အသင်းတွေကို ကြည့်လိုက်ရင် ငွေတွေလောင်းချပြီး သုံးနေကြတဲ့အသင်းမျိုးတွေကို ကျွန်တော်တို့ မြင်ရပါတယ်။ မှန်ပါတယ်။ ကျွန်တော်တို့ သူ့တို့ကို ဒီကို လာစေချင်တာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ရာသီကလည်း မဖြစ်မြောက်ခဲ့ပါဘူး။

အမ်ဘာပေဟာ ဘာပြိုင်ဆိုင်မှုမှမရှိတဲ့ ချန်ပီယံရှစ်လိုပြိုင်ပွဲလေးမှာ ကစားနေခဲ့တာပါ’’ လို့ တီဘက်စ်က  ပြောဆိုသွားခဲ့ပါတယ်။ ရီးရဲလ်အသင်းဥက္ကဌ ဖလော်ရင်တီနို ပီရက်ဇ်ကလည်း အမ်ဘာပီဆိုတဲ့ကိစ္စကို ပြီးခဲ့တဲ့ ဇွန်လကတည်းက မေ့ထားခဲ့ပြီးဖြစ်တယ်လို့

ပြောဆိုထားခဲ့ဖူးတာ ရှိပါတယ်။ ‘’ရီးရဲလ်ဆိုတဲ့အသင်းက ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေနဲ့အတူ အမြဲတမ်း အတူအလုပ်လုပ်နေတဲ့ အသင်းပါ။ ဒါပေမဲ့ ဒီနေ့မှာတော့ အမ်ဘာပီဆိုတာကို မေ့ထားလိုက်နှင့်ပါပြီ’’ လို့ ပီရက်ဇ်က ပြောဆိုခဲ့ပါတယ်။

(zawgyi)

ၿပီးခဲ့တဲ့ ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာ ရီးရဲလ္မက္ဒရစ္ရဲ႕ ကမ္းလွမ္းမႈကို ျငင္းဆန္ခဲ့ၿပီး ပီအက္စ္ဂ်ီမွာပဲ ဆက္ရွိေနခဲ့တဲ့ တိုက္စစ္မႉး အမ္ဘာပီကို လာလီဂါေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠ႒ ဂ်ာဗီယာတီဘက္စ္က ျပင္းျပင္းထန္ထန္ ေဝဖန္လိုက္ပါတယ္။

စပိန္ကို ေျပာင္းလာဖို႔အတြက္ မီးစိမ္းျပဖို႔ ဝန္ေလးခဲ့တဲ့ ျပင္သစ္တိုက္စစ္မႉးဟာ ဘာၿပိဳင္ဆိုင္မႈမွ မရွိတဲ့ တန္းနိမ့္ၿပိဳင္ပြဲေလးတစ္ခုမွာ ကစားေနတာပဲျဖစ္တယ္လို႔ တီဘက္စ္က ဒဲ့ေ႐ႊ႕တာပါ။ အသက္ ၂၃ ႏွစ္ အ႐ြယ္ အမ္ဘာပီဟာ

ၿပီးခဲ့တဲ့ ေႏြေဈးကြက္မွာ ရီးရဲလ္ကို ေရာက္လာဖို႔ရွိ တယ္လို႔ အားလုံးက ထင္ေၾကးေပးခဲ့ၾကတာျဖစ္ၿပီး ထင္သလို မျဖစ္ခဲ့တဲ့ အတြက္ ရီးရဲလ္နဲ႔ လာလီဂါ ေဘာလုံးအဖြဲ႕ခ်ဳပ္ တာဝန္ရွိသူအားလုံးနီးပါး ေဒါသထြက္ခဲ့ၾကရပါတယ္။

၂၀၁၈ ကမာၻ႔ဖလားခ်န္ပီယံဆုကို ျပင္သစ္နဲ႔အတူ ရယူႏိုင္ခဲ့တဲ့ အမ္ဘာပီကေတာ့ ကာတာသူေဌးဘင္ဟာမက္အယ္လ္သာနီရဲ႕ ေျမႇာက္စားထားမႈနဲ႔အတူ တစ္ပတ္လုပ္ခလစာ ေပါင္ ၆၅၀၀၀၀ အထိ ရရွိေန ၿပီး ပဲရစ္ကလပ္နဲ႔ ၿပီးခဲ့တဲ့ ေမလမွာ ၂၀၂၅ အထိ

စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ့တာ ျဖစ္ပါတယ္။ ဒီရာသီ လာလီဂါၿပိဳင္ပြဲအတြက္ ကစားသမားေခၚယူေရး ကန႔္သတ္မႈ တင္ဆက္ျခင္းအခမ္းအနားမွာ တီဘက္စ္က အမ္ဘာပီနဲ႔ပတ္သက္ ၿပီး အခုလိုမ်ိဳး ေဝဖန္ခဲ့တာျဖစ္ပါတယ္။ ‘’သူတို႔မွာ ရွိေနၾကတဲ့အသင္းေတြကို

ၾကည့္လိုက္ရင္ ေငြေတြေလာင္းခ်ၿပီး သုံးေနၾကတဲ့အသင္းမ်ိဳးေတြကို ကြၽန္ေတာ္တို႔ ျမင္ရပါတယ္။ မွန္ပါတယ္။ ကြၽန္ေတာ္တို႔ သူ႔တို႔ကို ဒီကို လာေစခ်င္တာပါ။ ဒါေပမဲ့ ၿပီးခဲ့တဲ့ရာသီကလည္း မျဖစ္ေျမာက္ခဲ့ပါဘူး။

အမ္ဘာေပဟာ ဘာၿပိဳင္ဆိုင္မႈမွမရွိတဲ့ ခ်န္ပီယံရွစ္လိုၿပိဳင္ပြဲေလးမွာ ကစားေနခဲ့တာပါ’’ လို႔ တီဘက္စ္က ေျပာဆိုသြားခဲ့ပါတယ္။ ရီးရဲလ္အသင္းဥကၠဌ ဖေလာ္ရင္တီႏို ပီရက္ဇ္ကလည္း အမ္ဘာပီဆိုတဲ့ကိစၥကို ၿပီးခဲ့တဲ့ ဇြန္လကတည္းက ေမ့ထားခဲ့ၿပီးျဖစ္တယ္လို႔

ေျပာဆိုထားခဲ့ဖူးတာ ရွိပါတယ္။ ‘’ရီးရဲလ္ဆိုတဲ့အသင္းက ကမာၻ႔အေကာင္းဆုံး ကစားသမားေတြနဲ႔အတူ အၿမဲတမ္း အတူအလုပ္လုပ္ေနတဲ့ အသင္းပါ။ ဒါေပမဲ့ ဒီေန႔မွာေတာ့ အမ္ဘာပီဆိုတာကို ေမ့ထားလိုက္ႏွင့္ပါၿပီ’’ လို႔ ပီရက္ဇ္က ေျပာဆိုခဲ့ပါတယ္။