အစားထိုးမရတဲ့ဆုံးရှုံးမှုလို့ ဘုရင်မကြီးကို ရော်နယ်ဒို ဂါရဝပြုဆုတောင်းပေး

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုကလည်း ကံတော်ကုန်သွားရှာတဲ့ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်(၂)အတွက် ဝမ်းနည်းစွာနဲ့ဂုဏ်ပြုမှတ်တမ်းရေးပြီး ဂါရဝပြုလာခဲ့ပါတယ်။ အစားထိုးမရတဲ့ဆုံးရှုံးမှုလို့ သူ့ရဲ့အင်စတာဂရမ်မှာ

ရေးသားဂုဏ်ပြုလိုက်တာပါ။ “ ပရီးမီးယားလိဂ်မှာ ကျွန်တော့်ရဲ့ကစားသမားဘ၀ ၇ နှစ်တာကာလကို ကုန်ဆုံးခဲ့ပြီးပါပြီ။ ဒါဟာ အင်္ဂလန်မှာနေထိုင်တဲ့ ကျွန်တော့်ရဲ့ ၈ ရာသီမြောက်ပါ။ ဒီနှစ်တွေတစ်လျှောက်လုံးမှာ

ဘုရင်မကြီးအတွက် ထာဝရချစ်ခြင်းမေတ္တာနဲ့ အရေးပါမှုကို ကျွန်တော်ခံစားခဲ့ရပါတယ်။ ဗြိတိသျှလူမျိုးတွေအတွက် သူမ ထာဝရရှိနေမှာပါ။ သူမရဲ့မှတ်တမ်းပုံရိပ်တွေကို ကျွန်တော်လေးစားဂုဏ်ယူမိသလို

အစားထိုးလို့မရနိုင်တဲ့ ဆုံးရှုံးမှုလည်းဖြစ်ပါတယ်။ ကျွန်တော့်ရဲ့စိတ်ကူးနဲ့ဆုတောင်းတွေဟာ တော်ဝင်မိသားစုနဲ့အတူ ရှိနေမှာပါ ” လို့ ရော်နယ်ဒိုက ရေးသားထားပါတယ်။ ဗြိတိန်ရဲ့ထီးနန်းသက်အရှည်ကြာဆုံး ဘုရင်မကြီးနတ်ရွာစံသွားတဲ့နောက်

အားကစားလောကတစ်ခုလုံးကလည်း ဝမ်းနည်းပူဆွေးမှုတွေနဲ့ ဂါရဝပြုနေကြပါတယ်။ တိုင်ဆန်ဖြူရီနဲ့ ဟယ်ရီကိန်းတို့က သူတို့ရဲ့ဆိုရှယ်မီဒီယာတွေပေါ်မှာ ဝမ်းနည်းဂုဏ်ပြုခဲ့ကြသလို ဒေးဗစ်ဘက်ခမ်း၊ ပီလီ၊ ဂျိုရူအာ၊ မိုက်ကယ်အိုဝင်၊ မိုဖာရက် စတဲ့

အားကစားလောကအသီးသီးမှာရှိတဲ့ ကြယ်ပွင့်တွေကလည်း ဂါရဝပြုဆုတောင်းပေးခဲ့ကြတာပါ။ ပရီးမီးယားလိဂ်အပါအဝင် အင်္ဂလိပ်ဘောလုံးအဖွဲ့ချုပ်အောက်က ပြိုင်ပွဲတွေအားလုံးကိုလည်း ရွှေ့ဆိုင်းထားပါတယ်။

(zawgyi)

ယူႏိုက္တက္တိုက္စစ္မႉး ေရာ္နယ္ဒိုကလည္း ကံေတာ္ကုန္သြားရွာတဲ့ ၿဗိတိန္ဘုရင္မႀကီး အဲလိဇဘက္(၂)အတြက္ ဝမ္းနည္းစြာနဲ႔ဂုဏ္ျပဳမွတ္တမ္းေရးၿပီး ဂါရဝျပဳလာခဲ့ပါတယ္။ အစားထိုးမရတဲ့ဆုံးရႈံးမႈလို႔ သူ႔ရဲ႕အင္စတာဂရမ္မွာ ေရးသားဂုဏ္ျပဳလိုက္တာပါ။

“ ပရီးမီးယားလိဂ္မွာ ကြၽန္ေတာ့္ရဲ႕ကစားသမားဘ၀ ၇ ႏွစ္တာကာလကို ကုန္ဆုံးခဲ့ၿပီးပါၿပီ။ ဒါဟာ အဂၤလန္မွာေနထိုင္တဲ့ ကြၽန္ေတာ့္ရဲ႕ ၈ ရာသီေျမာက္ပါ။ ဒီႏွစ္ေတြတစ္ေလွ်ာက္လုံးမွာ ဘုရင္မႀကီးအတြက္ ထာဝရခ်စ္ျခင္းေမတၱာနဲ႔

အေရးပါမႈကို ကြၽန္ေတာ္ခံစားခဲ့ရပါတယ္။ ၿဗိတိသွ်လူမ်ိဳးေတြအတြက္ သူမ ထာဝရရွိေနမွာပါ။ သူမရဲ႕မွတ္တမ္းပုံရိပ္ေတြကို ကြၽန္ေတာ္ေလးစားဂုဏ္ယူမိသလို အစားထိုးလို႔မရႏိုင္တဲ့ ဆုံးရႈံးမႈလည္းျဖစ္ပါတယ္။

ကြၽန္ေတာ့္ရဲ႕စိတ္ကူးနဲ႔ဆုေတာင္းေတြဟာ ေတာ္ဝင္မိသားစုနဲ႔အတူ ရွိေနမွာပါ ” လို႔ ေရာ္နယ္ဒိုက ေရးသားထားပါတယ္။ ၿဗိတိန္ရဲ႕ထီးနန္းသက္အရွည္ၾကာဆုံး ဘုရင္မႀကီးနတ္႐ြာစံသြားတဲ့ေနာက္ အားကစားေလာကတစ္ခုလုံးကလည္း

ဝမ္းနည္းပူေဆြးမႈေတြနဲ႔ ဂါရဝျပဳေနၾကပါတယ္။ တိုင္ဆန္ျဖဴရီနဲ႔ ဟယ္ရီကိန္းတို႔က သူတို႔ရဲ႕ဆိုရွယ္မီဒီယာေတြေပၚမွာ ဝမ္းနည္းဂုဏ္ျပဳခဲ့ၾကသလို ေဒးဗစ္ဘက္ခမ္း၊ ပီလီ၊ ဂ်ိဳ႐ူအာ၊ မိုက္ကယ္အိုဝင္၊ မိုဖာရက္ စတဲ့

အားကစားေလာကအသီးသီးမွာရွိတဲ့ ၾကယ္ပြင့္ေတြကလည္း ဂါရဝျပဳဆုေတာင္းေပးခဲ့ၾကတာပါ။ ပရီးမီးယားလိဂ္အပါအဝင္ အဂၤလိပ္ေဘာလုံးအဖြဲ႕ခ်ဳပ္ေအာက္က ၿပိဳင္ပြဲေတြအားလုံးကိုလည္း ေ႐ႊ႕ဆိုင္းထားပါတယ္။