အစဉ်အလာမရှိတဲ့ဖွင့်လှစ်မှုကြောင့် မန်ယူတန်းဆင်းရမယ့်ဘက်မှာ ထိုးသားတွေပြိုဆင်းလာ

နာမည်ကျော်ဘွတ်ကီဒိုင် Wiilliam Hill ရဲ့လုပ်ပေါက်ကြောင့် အံ့အားသင့်စရာတွေ ဖြစ်နေပါတယ်။ ဒီလို အုံးအုံးကြွပ်ကြွပ်ဖြစ်အောင်များ ဖန်တီးလိုက်လေရော့သလားလို့တောင် ထင်ချင်စရာပါ။

ရာသီသစ်အတွက် ဖြစ်နိုင်စရာခန့်မှန်းမှုတွေကို ဖွင့်လှစ်ပေးလိုက်ရာမှာ မန်ယူတန်းဆင်းသွားရရင်ဆိုတဲ့ ဖွင့်လှစ်မှုကို မယုံနိုင်လောက်အောင် အဆတွေပေးထားတာပါပဲ။

ပရီးမီးယားလိဂ်မှာ သရဲနီတွေချန်ပီယံဖြစ်ရင် ၅/၁ လေး၊ ချန်ပီယံလိဂ်ဝင်ခွင့်ရရင် ၇/၄ လေး၊ အမှတ်ပေးဇယားထိပ်ဆုံး ၁၀ သင်းဝင်ရင် ၁/၁၂ လေး၊ တန်းဆင်းရရင်တော့ ၂၅၀/၁ လေးလို့ Wiilliam Hill က

ဖွင့်လှစ်ထားပါတယ်။ မန်ယူတန်းဆင်းရမယ့်ဘက်ကနေ ၁ ဒေါ်လာစွန့်စားတာနဲ့ ဒေါ်လာ ၂၅၀ ရမယ့်ဖွင့်လှစ်မျိုးဟာ သူတို့သမိုင်းမှာ မရှိခဲ့ဖူးပါဘူး။ တစ်ဖက်ကကြည့်ရင်

တန်းမဆင်းရဖို့သေချာတယ်လို့ အဖြေထွက်ပေမယ့် Wiilliam Hill ရဲ့ပြောရေးဆိုခွင့်ရှိသူ တိုနီကန်နီကတော့ “ ပရီးမီးယားလိဂ်မှာ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။

မန်ယူတန်းဆင်းရရင်ဆိုတဲ့ ဖွင့်လှစ်မှုမျိုးက အောင်မြင်နိုင်စရာအကြောင်း မရှိသလောက်ဖြစ်ပေမယ့် ပရိသတ်တွေကတော့ အတော်လေးထိုးနေကြပါတယ်။

ကျွန်တော်တို့ရဲ့ အများဆုံး အဆပေးမှုဖြစ်နေတာလည်း ပါမှာပေါ့ ” လို့ ဆိုပါတယ်။ နည်းပြသစ်တန်းဟတ်နဲ့ ရာသီစမယ့်သရဲနီတွေဟာ ရာသီကြိုခြေစမ်းပွဲ

အစောပိုင်းကာလမှာ ရလဒ်တွေကောင်းခဲ့ပေမယ့် နောက်ဆုံး ၂ ပွဲမှာတော့ အက်သလက်တီကိုအသင်းကို ရှုံးနိမ့်ပြီး ဗယ်လီကာနိုနဲ့ သရေကျခဲ့ပါတယ်။

(zawgyi)

နာမည္ေက်ာ္ဘြတ္ကီဒိုင္ Wiilliam Hill ရဲ႕လုပ္ေပါက္ေၾကာင့္ အံ့အားသင့္စရာေတြ ျဖစ္ေနပါတယ္။ ဒီလို အုံးအုံးႂကြပ္ႂကြပ္ျဖစ္ေအာင္မ်ား ဖန္တီးလိုက္ေလေရာ့သလားလို႔ေတာင္ ထင္ခ်င္စရာပါ။

ရာသီသစ္အတြက္ ျဖစ္ႏိုင္စရာခန႔္မွန္းမႈေတြကို ဖြင့္လွစ္ေပးလိုက္ရာမွာ မန္ယူတန္းဆင္းသြားရရင္ဆိုတဲ့ ဖြင့္လွစ္မႈကို မယုံႏိုင္ေလာက္ေအာင္ အဆေတြေပးထားတာပါပဲ။ ပရီးမီးယားလိဂ္မွာ

သရဲနီေတြခ်န္ပီယံျဖစ္ရင္ ၅/၁ ေလး၊ ခ်န္ပီယံလိဂ္ဝင္ခြင့္ရရင္ ၇/၄ ေလး၊ အမွတ္ေပးဇယားထိပ္ဆုံး ၁၀ သင္းဝင္ရင္ ၁/၁၂ ေလး၊ တန္းဆင္းရရင္ေတာ့ ၂၅၀/၁ ေလးလို႔ Wiilliam Hill က

ဖြင့္လွစ္ထားပါတယ္။ မန္ယူတန္းဆင္းရမယ့္ဘက္ကေန ၁ ေဒၚလာစြန႔္စားတာနဲ႔ ေဒၚလာ ၂၅၀ ရမယ့္ဖြင့္လွစ္မ်ိဳးဟာ သူတို႔သမိုင္းမွာ မရွိခဲ့ဖူးပါဘူး။ တစ္ဖက္ကၾကည့္ရင္ တန္းမဆင္းရဖို႔ေသခ်ာတယ္လို႔

အေျဖထြက္ေပမယ့္ Wiilliam Hill ရဲ႕ေျပာေရးဆိုခြင့္ရွိသူ တိုနီကန္နီကေတာ့ “ ပရီးမီးယားလိဂ္မွာ မျဖစ္ႏိုင္ဘူးဆိုတာ မရွိပါဘူး။ မန္ယူတန္းဆင္းရရင္ဆိုတဲ့ ဖြင့္လွစ္မႈမ်ိဳးက

ေအာင္ျမင္ႏိုင္စရာအေၾကာင္း မရွိသေလာက္ျဖစ္ေပမယ့္ ပရိသတ္ေတြကေတာ့ အေတာ္ေလးထိုးေနၾကပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ အမ်ားဆုံး အဆေပးမႈျဖစ္ေနတာလည္း ပါမွာေပါ့ ” လို႔ ဆိုပါတယ္။

နည္းျပသစ္တန္းဟတ္နဲ႔ ရာသီစမယ့္သရဲနီေတြဟာ ရာသီႀကိဳေျခစမ္းပြဲ အေစာပိုင္းကာလမွာ ရလဒ္ေတြေကာင္းခဲ့ေပမယ့္ ေနာက္ဆုံး ၂ ပြဲမွာေတာ့ အက္သလက္တီကိုအသင္းကို ရႈံးနိမ့္ၿပီး ဗယ္လီကာႏိုနဲ႔ သေရက်ခဲ့ပါတယ္။