အငှားသာချဖို့ မန်ယူစီစဉ်နေတယ်ဆိုတဲ့သတင်းက ရော်နယ်ဒိုကို ရှော့ခ်ရသွားစေနိုင်

ဒီနွေဈေးကွက်မှာ ရော်နယ်ဒိုကိုဆုံးရှုံးရလိမ့်မယ်ဆိုတာ မန်ယူက လက်ခံလိုက်ပြီလို့ သတင်းထွက်လာပါတယ်။ ဒါပေမဲ့ သရဲနီတွေဟာ သူတို့ကြယ်ပွင့်ကစားသမားကို

အငှားသာချလိမ့်မယ်ဆိုတဲ့သတင်းကတော့ ရော်နယ်ဒိုအတွက် တုန်လှုပ်စရာကောင်းနေပါလိမ့်မယ်။ ပေါ်တူဂီတိုက်စစ်မှူးက ချန်ပီယံလိဂ်ကစားခွင့်ရမယ့်

အသင်းတစ်သင်းသင်းကို ပြောင်းချင်နေပေမယ့် မန်ယူကတော့ စာချုပ်သက်တမ်းတိုးဖို့သာ ဆန္ဒရှိနေတာပါ။ ဒါကြောင့် ရော်နယ်ဒိုရဲ့ဆန္ဒလည်းပြည့်အောင်

သူတို့လည်းအဆင်ပြေအောင် အငှားချဖို့စီစဉ်နေတယ်လို့ Mirror သတင်းစာက ဖေါ်ပြပါတယ်။ ဒါပေမဲ့ နောက်နှစ်နွေရာသီမှာ စာချုပ်ပြည့်မယ့်ရော်နယ်ဒို

အသင်းဆီပြန်လာချိန်မှာတော့ တစ်နှစ်သက်တမ်းတိုးရမယ်ဆိုတဲ့ သဘောတူညီချက်ကို မန်ယူရချင်နေတာပါ။ အငှားခေါ်ယူခွင့်ရမယ့်အသင်းကလည်း

လာမယ့်ရာသီပြီးဆုံးချိန်မှာ ပေါ်တူဂီသားကို အိုးလ်ထရက်ဖို့ဒ်ဆီ ပြန်လည်စေလွှတ်ရမှာဖြစ်ပါတယ်။ ဒါဟာ တကယ်လို့ သရဲနီတွေကို ချန်ပီယံလိဂ်ဝင်ခွင့်ပြန်ရအောင်

တန်းဟတ်ဦးဆောင်နိုင်ရင် အားလုံးအဆင်ပြေသွားမယ့် ဖြေရှင်းချက်ဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။ ဒါပေမဲ့ မန်ယူကနေအပြီးထွက်ချင်နေတဲ့ ရော်နယ်ဒိုနဲ့အေးဂျင့်ဂျော့မန်ဒက်စ်တို့

တစ်ခြားအသင်းတွေနဲ့ဆွေးနွေးမှုကိုတော့ အခက်တွေ့စေနိုင်သလို ပေါ်တူဂီသားမရှိရင် စပွန်ဆာစာချုပ်တွေလည်း ထိခိုက်လာနိုင်ပါတယ်။

(ZAWGYI)

ဒီေႏြေဈးကြက္မွာ ေရာ္နယ္ဒိုကိုဆုံးရႈံးရလိမ့္မယ္ဆိုတာ မန္ယူက လက္ခံလိုက္ၿပီလို႔ သတင္းထြက္လာပါတယ္။ ဒါေပမဲ့ သရဲနီေတြဟာ သူတို႔ၾကယ္ပြင့္ကစားသမားကို

အငွားသာခ်လိမ့္မယ္ဆိုတဲ့သတင္းကေတာ့ ေရာ္နယ္ဒိုအတြက္ တုန္လႈပ္စရာေကာင္းေနပါလိမ့္မယ္။ ေပၚတူဂီတိုက္စစ္မႉးက ခ်န္ပီယံလိဂ္ကစားခြင့္ရမယ့္ အသင္းတစ္သင္းသင္းကို

ေျပာင္းခ်င္ေနေပမယ့္ မန္ယူကေတာ့ စာခ်ဳပ္သက္တမ္းတိုးဖို႔သာ ဆႏၵရွိေနတာပါ။ ဒါေၾကာင့္ ေရာ္နယ္ဒိုရဲ႕ဆႏၵလည္းျပည့္ေအာင္ သူတို႔လည္းအဆင္ေျပေအာင္

အငွားခ်ဖို႔စီစဥ္ေနတယ္လို႔ Mirror သတင္းစာက ေဖၚျပပါတယ္။ ဒါေပမဲ့ ေနာက္ႏွစ္ေႏြရာသီမွာ စာခ်ဳပ္ျပည့္မယ့္ေရာ္နယ္ဒို အသင္းဆီျပန္လာခ်ိန္မွာေတာ့ တစ္ႏွစ္သက္တမ္းတိုးရမယ္ဆိုတဲ့

သေဘာတူညီခ်က္ကို မန္ယူရခ်င္ေနတာပါ။ အငွားေခၚယူခြင့္ရမယ့္အသင္းကလည္း လာမယ့္ရာသီၿပီးဆုံးခ်ိန္မွာ ေပၚတူဂီသားကို အိုးလ္ထရက္ဖို႔ဒ္ဆီ ျပန္လည္ေစလႊတ္ရမွာျဖစ္ပါတယ္။

ဒါဟာ တကယ္လို႔ သရဲနီေတြကို ခ်န္ပီယံလိဂ္ဝင္ခြင့္ျပန္ရေအာင္ တန္းဟတ္ဦးေဆာင္ႏိုင္ရင္ အားလုံးအဆင္ေျပသြားမယ့္ ေျဖရွင္းခ်က္ျဖစ္တယ္လို႔လည္း ေရးသားထားပါတယ္။

ဒါေပမဲ့ မန္ယူကေနအၿပီးထြက္ခ်င္ေနတဲ့ ေရာ္နယ္ဒိုနဲ႔ေအးဂ်င့္ေဂ်ာ့မန္ဒက္စ္တို႔ တစ္ျခားအသင္းေတြနဲ႔ေဆြးေႏြးမႈကိုေတာ့ အခက္ေတြ႕ေစႏိုင္သလို ေပၚတူဂီသားမရွိရင္ စပြန္ဆာစာခ်ဳပ္ေတြလည္း ထိခိုက္လာႏိုင္ပါတယ္။