အငြင်းပွားလို့မပြီးသေးတဲ့ နာကျင်အချိန်ပို ၅ မိနစ်သာပေးပေမယ့် ကာဗယ်လ်ဟိုရဲ့ ၉၇ မိနစ် သွင်းဂိုး

နယူးကာဆယ်ကို ၂-၁ ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ လီဗာပူးလ်ရဲ့ဒုတိယဂိုးအကြောင်း အငြင်းပွားမှုတွေက အဆုံးမသတ်နိုင်သေးပါဘူး။ အဲဒီပွဲမှာ အီဆက်ရဲ့ဂိုးနဲ့ ငှက်ကျားတွေဦးဆောင်နိုင်ခဲ့ပေမယ့် ဖာမီနိုက ချေပဂိုးသွင်းနိုင်ခဲ့သလို

ကာဗယ်လ်ဟိုရဲ့နောက်ကျဂိုးကြောင့် ကြိုးကြာနီတွေ နိုင်ပွဲရခဲ့တာပါ။ ကာဗယ်လ်ဟိုရဲ့နောက်ကျဂိုးကတော့ တော်တော်လေးနောက်ကျခဲ့ပါတယ်။ နာကျင်အချိန်ပို ၅ မိနစ်သာပေးထားပေမယ့် ၉၇ မိနစ်ကျော်မှ သွင်းသွားတာကြောင့်ပါ။

ကွင်းလယ်ဒိုင် မာရင်နာကလည်း ဒါကိုခွင့်ပြုပေးခဲ့ပါတယ်။ ဒါပေမဲ့ နယူးကာဆယ်အသင်းရဲ့မကျေနပ်မှုတွေဟာ ပွဲပြီးတဲ့နောက် ကွင်းထဲမှာတင် ပေါက်ကွဲထွက်လာခဲ့ပါတယ်။ နှစ်ဖက်အသင်းတာဝန်ရှိသူတွေ

ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြသလို ကစားသမားတွေလည်း ပါဝင်ပတ်သက်ခဲ့ကြတာပါ။ ရေသန့်ဘူးနဲ့ပစ်ပေါက်ခဲ့တဲ့ နယူးကာဆယ်အသင်း ကြံ့ခိုင်ရေးနည်းပြကွန်မေယာလည်း နောက်ဆက်တွဲအရေးယူမှုတွေ ခံရဖို့ရှိနေပါတယ်။

ဆိုရှယ်မီဒီယာပေါ်မှာလည်း လီဗာပူးလ်နဲ့နယူးကာဆယ်ပရိသတ်တွေ ဆက်လက်အငြင်းပွားနေကြပါတယ်။ ဂိုးသမားနစ်ပုပ်ကစပြီး ငှက်ကျားတွေ အချိန်ဆွဲတာ သိသာလွန်းတာကြောင့် နာကျင်အချိန်ပိုပြည့်ပေမယ့်

ဒိုင်လူကြီးက ဆက်ကစားစေခဲ့တာလို့ လီဗာပူးလ်ပရိသတ်တွေက အကြောင်းပြကြပါတယ်။ ဒါပေမဲ့ နယူးကာဆယ်ဂန္ထဝင်တိုက်စစ်မှူး အလန်ရှီးယားအပါအဝင် ငှက်ကျားပရိသတ်တွေကတော့ လက်မခံကြပါဘူး။

“ နာကျင်အချိန်ပိုပေးတာက ၅ မိနစ်၊ ဂိုးသွင်းသွားတာက ၉၈ မိနစ် ” လို့ ပါးစပ်ပိတ်ထားတဲ့အီမိုဂျီနဲ့ အလန်ရှီးယားက တွစ်တာမှာပို့စ်တင်သလို နယူးကာဆယ်ပရိသတ်တွေကလည်း အလိမ်ခံရတာလို့ ဝေဖန်နေကြတာပါ။

(zawgyi)

နယူးကာဆယ္ကို ၂-၁ ဂိုးနဲ႔အႏိုင္ရတဲ့ပြဲမွာ လီဗာပူးလ္ရဲ႕ဒုတိယဂိုးအေၾကာင္း အျငင္းပြားမႈေတြက အဆုံးမသတ္ႏိုင္ေသးပါဘူး။ အဲဒီပြဲမွာ အီဆက္ရဲ႕ဂိုးနဲ႔ ငွက္က်ားေတြဦးေဆာင္ႏိုင္ခဲ့ေပမယ့္ ဖာမီႏိုက ေခ်ပဂိုးသြင္းႏိုင္ခဲ့သလို

ကာဗယ္လ္ဟိုရဲ႕ေနာက္က်ဂိုးေၾကာင့္ ႀကိဳးၾကာနီေတြ ႏိုင္ပြဲရခဲ့တာပါ။ ကာဗယ္လ္ဟိုရဲ႕ေနာက္က်ဂိုးကေတာ့ ေတာ္ေတာ္ေလးေနာက္က်ခဲ့ပါတယ္။ နာက်င္အခ်ိန္ပို ၅ မိနစ္သာေပးထားေပမယ့္ ၉၇ မိနစ္ေက်ာ္မွ သြင္းသြားတာေၾကာင့္ပါ။

ကြင္းလယ္ဒိုင္ မာရင္နာကလည္း ဒါကိုခြင့္ျပဳေပးခဲ့ပါတယ္။ ဒါေပမဲ့ နယူးကာဆယ္အသင္းရဲ႕မေက်နပ္မႈေတြဟာ ပြဲၿပီးတဲ့ေနာက္ ကြင္းထဲမွာတင္ ေပါက္ကြဲထြက္လာခဲ့ပါတယ္။ ႏွစ္ဖက္အသင္းတာဝန္ရွိသူေတြ

႐ုန္းရင္းဆန္ခတ္ျဖစ္ခဲ့ၾကသလို ကစားသမားေတြလည္း ပါဝင္ပတ္သက္ခဲ့ၾကတာပါ။ ေရသန႔္ဘူးနဲ႔ပစ္ေပါက္ခဲ့တဲ့ နယူးကာဆယ္အသင္း ႀကံ့ခိုင္ေရးနည္းျပကြန္ေမယာလည္း ေနာက္ဆက္တြဲအေရးယူမႈေတြ ခံရဖို႔ရွိေနပါတယ္။

ဆိုရွယ္မီဒီယာေပၚမွာလည္း လီဗာပူးလ္နဲ႔နယူးကာဆယ္ပရိသတ္ေတြ ဆက္လက္အျငင္းပြားေနၾကပါတယ္။ ဂိုးသမားနစ္ပုပ္ကစၿပီး ငွက္က်ားေတြ အခ်ိန္ဆြဲတာ သိသာလြန္းတာေၾကာင့္ နာက်င္အခ်ိန္ပိုျပည့္ေပမယ့္

ဒိုင္လူႀကီးက ဆက္ကစားေစခဲ့တာလို႔ လီဗာပူးလ္ပရိသတ္ေတြက အေၾကာင္းျပၾကပါတယ္။ ဒါေပမဲ့ နယူးကာဆယ္ဂႏၴဝင္တိုက္စစ္မႉး အလန္ရွီးယားအပါအဝင္ ငွက္က်ားပရိသတ္ေတြကေတာ့ လက္မခံၾကပါဘူး။

“ နာက်င္အခ်ိန္ပိုေပးတာက ၅ မိနစ္၊ ဂိုးသြင္းသြားတာက ၉၈ မိနစ္ ” လို႔ ပါးစပ္ပိတ္ထားတဲ့အီမိုဂ်ီနဲ႔ အလန္ရွီးယားက တြစ္တာမွာပို႔စ္တင္သလို နယူးကာဆယ္ပရိသတ္ေတြကလည္း အလိမ္ခံရတာလို႔ ေဝဖန္ေနၾကတာပါ။