အင်္ဂလန်အသင်း နည်းပြအဖြစ် တာဝန်ယူဖို့ တူချယ်လ် ဆန္ဒရှိနေ

ချယ်လ်ဆီးနည်းပြဟောင်း တူချယ်လ်ဟာ အင်္ဂလန်နည်းပြရာထူးကနေ ဆောက်ဂိတ်

နုတ်ထွက်မယ်ဆိုရင် အင်္ဂလန်အသင်းကို,ကိုင်တွယ်ခွင့်ရဖို့ ဆန္ဒရှိနေပါတယ်။ ပြီးခဲ့တဲ့
စက်တင်ဘာလအတွင်း ချယ်လ်ဆီးနည်းပြရာထူးကနေ အထုတ်ခံခဲ့ရသူ တူချယ်လ်ဟာ
အခုလောလောဆယ် မွေးရပ်မြေ ဂျာမနီနိုင်ငံမှာ ပြန်လည်နေထိုင်နေတာဖြစ်ပါတယ်။

ဒါပေမဲ့လည်း တူချယ်လ်က အင်္ဂလန်ကို ပြန်လာပြီးတော့ လက်ရွေးစင်အသင်းနည်းပြအဖြစ်
တာဝန်ယူဆောင်ရွက်သွားဖို့ ဆန္ဒရှိနေပါတယ်။ ချယ်လ်ဆီးနည်းပြအဖြစ် တူချယ်လ်
ကိုင်တွယ်ခဲ့တဲ့ နှစ်တွေအတွင်း အင်္ဂလန်ကစားသမားတွေဖြစ်တဲ့ မေဆင်မောင့်၊ ရိစ်ဂျိမ်းစ်၊
ဂယ်လက်ဂါ၊ စတာလင်၊ ချီဝဲလ်တို့နဲ့ လက်တွဲခဲ့ဖူးတာကြောင့် အင်္ဂလန်ကစားသမားတွေရဲ့

အကြောင်းကို ကောင်းကောင်းနားလည်ထားသူဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်မှာ လက်ရှိချန်ပီယံပြင်သစ်ကို

ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲက ထွက်ခဲ့ရပြီး ဆောက်ဂိတ်ရဲ့ အနာဂတ်ကလည်း မသေမချာ
ဖြစ်နေပါတယ်။ ဆောက်ဂိတ်ရဲ့ လက်ရှိစာချုပ်က ၂၀၂၄ ခုနှစ်အထိ သက်တမ်းကျန်ရှိနေပြီး
သူ့ကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတွေသာမက လက်ရွေးစင်ကစားသမားတွေနဲ့
အင်္ဂလန်ပရိသတ်တွေအားလုံးက နည်းပြအဖြစ် ဆက်လက်တာဝန်ယူစေချင်နေကြပါတယ်။

ဒါပေမဲ့ ဆောက်ဂိတ်ကတော့ နည်းပြအဖြစ်ဆက်ရှိ၊ မရှိနဲ့ပတ်သက်ပြီး အတိအကျ
မဆုံးဖြတ်ရသေးဘဲ တကယ်လို့ အင်္ဂလန်အသင်းနဲ့လမ်းခွဲဖြစ်ရင် တူချယ်လ်က အစားဝင်ဖို့
ပစ်မှတ်ထားနေတာပါ။

တစ်ခုရှိတာက အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေဟာ ဆောက်ဂိတ်နဲ့ လမ်းခွဲဖြစ်မယ်
ဆိုရင်တောင် ပြည်ပလူမျိုးတစ်ဦးကို နည်းပြခန့်ဖို့ ဆန္ဒမရှိဘဲ အင်္ဂလိပ်လူမျိုးတွေဖြစ်တဲ့

ဂရေဟမ်ပေါ်တာ၊ ဘရန်ဒန်ရော်ဂျာ၊ အက်ဒီဟောင်းတို့ထဲက တစ်ဦးဦးကိုပဲ နည်းပြအဖြစ်
ခန့်အပ်သွားဖို့ရှိပါတယ်။

[Zawgyi]

ခ်ယ္လ္ဆီးနည္းျပေဟာင္း တူခ်ယ္လ္ဟာ အဂၤလန္နည္းျပရာထူးကေန ေဆာက္ဂိတ္
ႏုတ္ထြက္မယ္ဆိုရင္ အဂၤလန္အသင္းကို,ကိုင္တြယ္ခြင့္ရဖို႔ ဆႏၵရွိေနပါတယ္။ ၿပီးခဲ့တဲ့
စက္တင္ဘာလအတြင္း ခ်ယ္လ္ဆီးနည္းျပရာထူးကေန အထုတ္ခံခဲ့ရသူ တူခ်ယ္လ္ဟာ
အခုေလာေလာဆယ္ ေမြးရပ္ေျမ ဂ်ာမနီႏိုင္ငံမွာ ျပန္လည္ေနထိုင္ေနတာျဖစ္ပါတယ္။

ဒါေပမဲ့လည္း တူခ်ယ္လ္က အဂၤလန္ကို ျပန္လာၿပီးေတာ့ လက္ေ႐ြးစင္အသင္းနည္းျပအျဖစ္
တာဝန္ယူေဆာင္႐ြက္သြားဖို႔ ဆႏၵရွိေနပါတယ္။ ခ်ယ္လ္ဆီးနည္းျပအျဖစ္ တူခ်ယ္လ္
ကိုင္တြယ္ခဲ့တဲ့ ႏွစ္ေတြအတြင္း အဂၤလန္ကစားသမားေတြျဖစ္တဲ့ ေမဆင္ေမာင့္၊ ရိစ္ဂ်ိမ္းစ္၊

ဂယ္လက္ဂါ၊ စတာလင္၊ ခ်ီဝဲလ္တို႔နဲ႔ လက္တြဲခဲ့ဖူးတာေၾကာင့္ အဂၤလန္ကစားသမားေတြရဲ႕
အေၾကာင္းကို ေကာင္းေကာင္းနားလည္ထားသူျဖစ္ပါတယ္။

အဂၤလန္အသင္းဟာ ၂၀၂၂ ကမာၻ႔ဖလားကြာတားဖိုင္နယ္မွာ လက္ရွိခ်န္ပီယံျပင္သစ္ကို
ရႈံးနိမ့္ခဲ့တာေၾကာင့္ ၿပိဳင္ပြဲက ထြက္ခဲ့ရၿပီး ေဆာက္ဂိတ္ရဲ႕ အနာဂတ္ကလည္း မေသမခ်ာ
ျဖစ္ေနပါတယ္။ ေဆာက္ဂိတ္ရဲ႕ လက္ရွိစာခ်ဳပ္က ၂၀၂၄ ခုႏွစ္အထိ သက္တမ္းက်န္ရွိေနၿပီး
သူ႔ကို အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္တာဝန္ရွိသူေတြသာမက လက္ေ႐ြးစင္ကစားသမားေတြနဲ႔
အဂၤလန္ပရိသတ္ေတြအားလုံးက နည္းျပအျဖစ္ ဆက္လက္တာဝန္ယူေစခ်င္ေနၾကပါတယ္။

ဒါေပမဲ့ ေဆာက္ဂိတ္ကေတာ့ နည္းျပအျဖစ္ဆက္ရွိ၊ မရွိနဲ႔ပတ္သက္ၿပီး အတိအက်
မဆုံးျဖတ္ရေသးဘဲ တကယ္လို႔ အဂၤလန္အသင္းနဲ႔လမ္းခြဲျဖစ္ရင္ တူခ်ယ္လ္က အစားဝင္ဖို႔

ပစ္မွတ္ထားေနတာပါ။

တစ္ခုရွိတာက အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ တာဝန္ရွိသူေတြဟာ ေဆာက္ဂိတ္နဲ႔ လမ္းခြဲျဖစ္မယ္

ဆိုရင္ေတာင္ ျပည္ပလူမ်ိဳးတစ္ဦးကို နည္းျပခန႔္ဖို႔ ဆႏၵမရွိဘဲ အဂၤလိပ္လူမ်ိဳးေတြျဖစ္တဲ့
ဂေရဟမ္ေပၚတာ၊ ဘရန္ဒန္ေရာ္ဂ်ာ၊ အက္ဒီေဟာင္းတို႔ထဲက တစ္ဦးဦးကိုပဲ နည္းျပအျဖစ္
ခန႔္အပ္သြားဖို႔ရွိပါတယ္။