အင်္ဂလန်အသင်းဖော်ဟောင်း လမ်းပတ်ကို အမှတ်လက်မဲ့ဖိအားတွေတင်ပေးလိုက်တဲ့ ဂျရတ်

စတီဗင်ဂျရတ်နဲ့ ဖရန့်လမ်းပတ်ဆိုတဲ့ အင်္ဂလန်ဂန္ထဝင်ကစားသမားနှစ်ယောက် ပထမဆုံးအကြိမ် ထိပ်တိုက်ဆုံတွေ့မှုမှာ ဂျရတ်က တစ်ပွဲအသာရသွားပါတယ်။ ဒီနှစ်ယောက်ဟာ ကစားသမားဘဝတုန်းကလည်း

ကွင်းထဲမှာ အကြိမ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ကြဖူးပါတယ်။ ဒီပွဲမှာတော့ ဗီလာနည်းပြဂျရတ်က အဲဗာတန်ကို ၂-၁ ဂိုးနဲ့အနိုင်ယူပြီး လမ်းပတ်အပေါ် အမှတ်ဗလာဆိုတဲ့ဖိအားတွေ ပုံပေးနိုင်ခဲ့ပါတယ်။

လီဗာပူးလ်တိုက်စစ်မှူးဟောင်း ဒန်နီအင့်စ်က ၃၁ မိနစ်မှာ ဗီလာအတွက် ဦးဆောင်ဂိုးသွင်းပေးခဲ့တယ်။ လူကွယ်ပြီး အပြင်းကန်သွားတဲ့ သူ့ရဲ့ကန်ချက်ကို ပစ်ဖို့ဒ် ဘယ်လိုမှ မတားဆီးနိုင်ခဲ့ပါဘူး။

ပွဲပြီးကာနီး ၅ မိနစ်မှာ ဘန်းဒီယာက လူမရှိတဲ့ဂိုးပေါက်ထဲ ကန်သွင်းလိုက်နိုင်ချိန်မှာတော့ ၃ မှတ်ဟာ ဗီလာလက်ထဲကို ခုန်ပေါက်ဆင်းလာခဲ့ပါတော့တယ်။ ဂိုးရှေ့မှာ အိုနာနာကိုလိုက်ထိန်းရင်း

လူးကပ်စ်ဒစ်ဂ် နီ ဘောလုံးကိုနောက်ခြေထောက်နဲ့ချိတ်မိလို့ ဂိုးထဲဝင်သွားတဲ့ OG တစ်ဂိုးကလွဲလို့ တော်ဖီတွေ ပြန်မလာနိုင်ခဲ့တော့ပါဘူး။ ဂျရတ်ဟာ နာကျင်အချိန်ပိုမှာ အက်ရှ်လေယန်း၊

ကွန်ဆာနဲ့ ချမ်ဘာတို့ကိုထည့်ပြီး အနိုင်ရလဒ်ကို ထိန်းသွားခဲ့ပါတယ်။ လမ်းပတ်အတွက် ကံဆိုးတာကတော့ ဒယ်လ်လီအလီ၊ အိုနာနာနဲ့ ဂေါ်ဒွန်တို့ရဲ့ချေပဂိုးရခွင့်တွေကို ဗီလာဂိုးသမားမာတီနက်ဇ်နဲ့ နောက်ခံလူချမ်ဘာတို့

ကာကွယ်ဖျက်ထုတ်သွားနိုင်ခဲ့တာပါ။ ဒါကြောင့် အဖွင့်ပွဲစဉ်မှာ ဘုန်းမောက်ကိုရှုံးနိမ့်ထားတဲ့ ဗီလာဟာ ရာသီသစ်ပထမဆုံးနိုင်ပွဲရခဲ့တာဖြစ်ပြီး ချဲလ်ဆီးကိုရှုံးထားတဲ့ လမ်းပတ်ရဲ့အဲဗာတန်ကတော့ အမှတ်လက်မဲ့ဖြစ်နေဆဲပါပဲ။

(zawgyi)

စတီဗင္ဂ်ရတ္နဲ႔ ဖရန႔္လမ္းပတ္ဆိုတဲ့ အဂၤလန္ဂႏၴဝင္ကစားသမားႏွစ္ေယာက္ ပထမဆုံးအႀကိမ္ ထိပ္တိုက္ဆုံေတြ႕မႈမွာ ဂ်ရတ္က တစ္ပြဲအသာရသြားပါတယ္။ ဒီႏွစ္ေယာက္ဟာ ကစားသမားဘဝတုန္းကလည္း

ကြင္းထဲမွာ အႀကိမ္ေပါင္းမ်ားစြာ ရင္ဆိုင္ခဲ့ၾကဖူးပါတယ္။ ဒီပြဲမွာေတာ့ ဗီလာနည္းျပဂ်ရတ္က အဲဗာတန္ကို ၂-၁ ဂိုးနဲ႔အႏိုင္ယူၿပီး လမ္းပတ္အေပၚ အမွတ္ဗလာဆိုတဲ့ဖိအားေတြ ပုံေပးႏိုင္ခဲ့ပါတယ္။

လီဗာပူးလ္တိုက္စစ္မႉးေဟာင္း ဒန္နီအင့္စ္က ၃၁ မိနစ္မွာ ဗီလာအတြက္ ဦးေဆာင္ဂိုးသြင္းေပးခဲ့တယ္။ လူကြယ္ၿပီး အျပင္းကန္သြားတဲ့ သူ႔ရဲ႕ကန္ခ်က္ကို ပစ္ဖို႔ဒ္ ဘယ္လိုမွ မတားဆီးႏိုင္ခဲ့ပါဘူး။

ပြဲၿပီးကာနီး ၅ မိနစ္မွာ ဘန္းဒီယာက လူမရွိတဲ့ဂိုးေပါက္ထဲကန္သြင္းလိုက္ႏိုင္ခ်ိန္မွာေတာ့ ၃ မွတ္ဟာ ဗီလာလက္ထဲကို ခုန္ေပါက္ဆင္းလာခဲ့ပါေတာ့တယ္။ ဂိုးေရွ႕မွာ အိုနာနာကိုလိုက္ထိန္းရင္း လူးကပ္စ္ဒစ္ဂ္ နီ

ေဘာလုံးကိုေနာက္ေျခေထာက္နဲ႔ခ်ိတ္မိလို႔ ဂိုးထဲဝင္သြားတဲ့ OG တစ္ဂိုးကလြဲလို႔ ေတာ္ဖီေတြ ျပန္မလာႏိုင္ခဲ့ေတာ့ပါဘူး။ ဂ်ရတ္ဟာ နာက်င္အခ်ိန္ပိုမွာ အက္ရွ္ေလယန္း၊ ကြန္ဆာနဲ႔ ခ်မ္ဘာတို႔ကိုထည့္ၿပီး

အႏိုင္ရလဒ္ကို ထိန္းသြားခဲ့ပါတယ္။ လမ္းပတ္အတြက္ ကံဆိုးတာကေတာ့ ဒယ္လ္လီအလီ၊ အိုနာနာနဲ႔ ေဂၚဒြန္တို႔ရဲ႕ေခ်ပဂိုးရခြင့္ေတြကို ဗီလာဂိုးသမားမာတီနက္ဇ္နဲ႔ ေနာက္ခံလူခ်မ္ဘာတို႔ ကာကြယ္ဖ်က္ထုတ္သြားႏိုင္ခဲ့တာပါ။

ဒါေၾကာင့္ အဖြင့္ပြဲစဥ္မွာ ဘုန္းေမာက္ကိုရႈံးနိမ့္ထားတဲ့ ဗီလာဟာ ရာသီသစ္ပထမဆုံးႏိုင္ပြဲရခဲ့တာျဖစ္ၿပီး ခ်ဲလ္ဆီးကိုရႈံးထားတဲ့ လမ္းပတ္ရဲ႕အဲဗာတန္ကေတာ့ အမွတ္လက္မဲ့ျဖစ္ေနဆဲပါပဲ။