အင်္ဂလန်လူစာရင်းကနေ ဘန်ဝှိုက် နုတ်ထွက်ရတဲ့အကြောင်းရင်း အမှန်

အာဆင်နယ်အသင်းရဲ့ အင်္ဂလန်လက်ရွေးစင်နောက်ခံလူ ဘန်ဝှိုက်ဟာ ကမ္ဘာ့ဖလား

ပြိုင်ပွဲကာလအတွင်း လက်ရွေးစင်အသင်းလူစာရင်းကနေ ရုတ်တရက်နုတ်ထွက်ခဲ့ရတဲ့
အကြောင်းရင်းမှန် ထွက်ပေါ်လာပြီဖြစ်ပါတယ်။

အသက်(၂၅)နှစ်အရွယ်ရှိပြီဖြစ်သူ ဘန်ဝှိုက်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ(၃၀)ရက်က
ကိုယ်ရေးကိုယ်တာကိစ္စအကြောင်းပြချက်နဲ့ အင်္ဂလန်အသင်းလူစာရင်းကနေ
နုတ်ထွက်ခဲ့ပြီး အသင်းရဲ့ အုပ်စုပွဲစဉ်(၃)ပွဲစလုံးကို လွဲချော်ခဲ့တယ်လို့ အင်္ဂလန်
ဘောလုံးအဖွဲ့ချုပ်(FA)က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အခု ဗြိတိန်နာမည်ကျော်သတင်းစာ Daily Star က အင်္ဂလန်လူစာရင်းကနေ
ဘန်ဝှိုက် နုတ်ထွက်ရတာဟာ FA က ထုတ်ပြန်သလို ကိုယ်ရေးကိုယ်တာကိစ္စနဲ့
မဆိုင်ဘဲ ဆောက်ဂိတ်ရဲ့ လက်ထောက်နည်းပြဖြစ်သူ စတိဗ်ဟော်လန်းနဲ့

ရန်ဖြစ်ခဲ့တာကြောင့်ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဘန်ဝှိုက်ဟာ စတိဗ်ဟော်လန်းနဲ့ ရန်ဖြစ်ခဲ့သလို ကျန်တဲ့အသင်းဖော်တွေနဲ့လည်း

ဆက်ဆံရေး အဆင်မပြေဘူးလို့ Daily Star သတင်းစာက ဆိုပါတယ်။ အမေရိကန်နဲ့
အုပ်စုပွဲမတိုင်ခင် အင်္ဂလန်အသင်းအစည်းအဝေးမှာ ဘန်ဝှိုက်က သူ့ရဲ့ တစ်ဦးချင်း
စွမ်းဆောင်ရည်အပေါ် နည်းပြအဖွဲ့ဝင်တွေ အလေးမထားတဲ့အပေါ် မကျေမနပ်ဖြစ်ခဲ့သလို

စတိဗ်ဟော်လန်းကလည်း ကိုယ့်ပြိုင်ဘက် အမေရိကန်အသင်းရဲ့ အနေအထားကို
ဘန်ဝှိုက်က သေချာမသိတာကြောင့် အားမလိုအားမရဖြစ်ပြီး နှစ်ယောက် အပြန်အလှန်
စကားများခဲ့တာဖြစ်ပါတယ်။ အဲဒီအတွက် ဆောက်ဂိတ်ဟာ ဘန်ဝှိုက်နဲ့ နှစ်ဦးသဘော
တူညီချက်အရ သူ့ကို အိမ်ပြန်ပို့ဖို့ ဆုံးဖြတ်ခဲ့တာပါ။

[Zawgyi]

အာဆင္နယ္အသင္းရဲ႕ အဂၤလန္လက္ေ႐ြးစင္ေနာက္ခံလူ ဘန္ဝႈိက္ဟာ ကမာၻ႔ဖလား
ၿပိဳင္ပြဲကာလအတြင္း လက္ေ႐ြးစင္အသင္းလူစာရင္းကေန ႐ုတ္တရက္ႏုတ္ထြက္ခဲ့ရတဲ့

အေၾကာင္းရင္းမွန္ ထြက္ေပၚလာၿပီျဖစ္ပါတယ္။

အသက္(၂၅)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဘန္ဝႈိက္ဟာ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ(၃၀)ရက္က

ကိုယ္ေရးကိုယ္တာကိစၥအေၾကာင္းျပခ်က္နဲ႔ အဂၤလန္အသင္းလူစာရင္းကေန
ႏုတ္ထြက္ခဲ့ၿပီး အသင္းရဲ႕ အုပ္စုပြဲစဥ္(၃)ပြဲစလုံးကို လြဲေခ်ာ္ခဲ့တယ္လို႔ အဂၤလန္
ေဘာလုံးအဖြဲ႕ခ်ဳပ္(FA)က ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

အခု ၿဗိတိန္နာမည္ေက်ာ္သတင္းစာ Daily Star က အဂၤလန္လူစာရင္းကေန
ဘန္ဝႈိက္ ႏုတ္ထြက္ရတာဟာ FA က ထုတ္ျပန္သလို ကိုယ္ေရးကိုယ္တာကိစၥနဲ႔
မဆိုင္ဘဲ ေဆာက္ဂိတ္ရဲ႕ လက္ေထာက္နည္းျပျဖစ္သူ စတိဗ္ေဟာ္လန္းနဲ႔
ရန္ျဖစ္ခဲ့တာေၾကာင့္ျဖစ္တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

ဘန္ဝႈိက္ဟာ စတိဗ္ေဟာ္လန္းနဲ႔ ရန္ျဖစ္ခဲ့သလို က်န္တဲ့အသင္းေဖာ္ေတြနဲ႔လည္း
ဆက္ဆံေရး အဆင္မေျပဘူးလို႔ Daily Star သတင္းစာက ဆိုပါတယ္။ အေမရိကန္နဲ႔

အုပ္စုပြဲမတိုင္ခင္ အဂၤလန္အသင္းအစည္းအေဝးမွာ ဘန္ဝႈိက္က သူ႔ရဲ႕ တစ္ဦးခ်င္း
စြမ္းေဆာင္ရည္အေပၚ နည္းျပအဖြဲ႕ဝင္ေတြ အေလးမထားတဲ့အေပၚ မေက်မနပ္ျဖစ္ခဲ့သလို

စတိဗ္ေဟာ္လန္းကလည္း ကိုယ့္ၿပိဳင္ဘက္ အေမရိကန္အသင္းရဲ႕ အေနအထားကို
ဘန္ဝႈိက္က ေသခ်ာမသိတာေၾကာင့္ အားမလိုအားမရျဖစ္ၿပီး ႏွစ္ေယာက္ အျပန္အလွန္
စကားမ်ားခဲ့တာျဖစ္ပါတယ္။ အဲဒီအတြက္ ေဆာက္ဂိတ္ဟာ ဘန္ဝႈိက္နဲ႔ ႏွစ္ဦးသေဘာ
တူညီခ်က္အရ သူ႔ကို အိမ္ျပန္ပို႔ဖို႔ ဆုံးျဖတ္ခဲ့တာပါ။