
အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်ဟာ မန်ချက်စတာယူနိုက်တက်
တောင်ပံတိုက်စစ်ကစားသမား ဂရင်းဝုဒ်ကို လက်ရွေးစင်အသင်းမှာ
ဘယ်တော့မှ ရွေးချယ်မှာမဟုတ်ဘူးလို့ ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့
ကြပါတယ်။
အသက်(၂၁)နှစ်သာရှိသေးတဲ့ ဂရင်းဝုဒ်ဟာ ချစ်သူကောင်မလေးကို
ကိုယ်ထိလက်ရောက်စော်ကားမှု၊ အဓမ္မပြုကျင့်ဖို့ ကြိုးစားမှုတွေကြောင့်
ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာလတုန်းက ဖမ်းဆီးခံခဲ့ရပြီး အခုနှစ်၊
ဖေဖော်ဝါရီလအစောပိုင်းကမှ တရားရုံးက ဂရင်းဝုဒ်ကို တရားသေ
လွှတ်ပေးခဲ့ပါတယ်။
စွဲချက်တွေကနေ ဂရင်းဝုဒ် လွတ်မြောက်လာပေမယ့် ယူနိုက်တက်
အသင်းကတော့ ဂရင်းဝုဒ်အပေါ် ချမှတ်ထားတဲ့ ပွဲပယ်ပြစ်ဒဏ်ကို
မပယ်ဖျက်သေးဘဲ သူတို့ကိုယ်တိုင် စုံစမ်းစစ်ဆေမှုတွေ ဆက်လုပ်သွားဦးမှာ
ဖြစ်ပါတယ်။
ဒါ့အပြင် ဆောက်ဂိတ်ကလည်း အင်္ဂလန်အသင်းနည်းပြအဖြစ်
ဆောင်ရွက်နေချိန်ကာလအတွင်း ဂရင်းဝုဒ်ကို လက်ရွေးစင်အသင်းအတွက်
ရွေးချယ်မှာ မဟုတ်ဘူးလို့ ဗြိတိန်နာမည်ကျော်သတင်းစာ The Sun က
ဖော်ပြခဲ့ပါတယ်။
ဂရင်းဝုဒ်ဟာ ၂၀၂၀ ခုနှစ်အတွင်း အိုက်စလန်နဲ့ကစားခဲ့တဲ့ UEFA Nations
League ပွဲမှာ အင်္ဂလန်စီနီယာအသင်းအတွက် ပွဲဦးထွက်ကစားခွင့်ရခဲ့ပြီး
အဲဒီနောက်ပိုင်းကတည်းက လက်ရွေးစင်အသင်းမှာ အရွေးမခံရတော့ပါဘူး။
[Zawgyi]
အဂၤလန္အသင္းနည္းျပေဆာက္ဂိတ္ဟာ မန္ခ်က္စတာယူႏိုက္တက္
ေတာင္ပံတိုက္စစ္ကစားသမား ဂရင္းဝုဒ္ကို လက္ေ႐ြးစင္အသင္းမွာ
ဘယ္ေတာ့မွ ေ႐ြးခ်ယ္မွာမဟုတ္ဘူးလို႔ ၿဗိတိန္မီဒီယာေတြက ေဖာ္ျပခဲ့
ၾကပါတယ္။
အသက္(၂၁)ႏွစ္သာရွိေသးတဲ့ ဂရင္းဝုဒ္ဟာ ခ်စ္သူေကာင္မေလးကို
ကိုယ္ထိလက္ေရာက္ေစာ္ကားမႈ၊ အဓမၼျပဳက်င့္ဖို႔ ႀကိဳးစားမႈေတြေၾကာင့္
ၿပီးခဲ့တဲ့ႏွစ္၊ ေအာက္တိုဘာလတုန္းက ဖမ္းဆီးခံခဲ့ရၿပီး အခုႏွစ္၊
ေဖေဖာ္ဝါရီလအေစာပိုင္းကမွ တရား႐ုံးက ဂရင္းဝုဒ္ကို တရားေသ
လႊတ္ေပးခဲ့ပါတယ္။
စြဲခ်က္ေတြကေန ဂရင္းဝုဒ္ လြတ္ေျမာက္လာေပမယ့္ ယူႏိုက္တက္
အသင္းကေတာ့ ဂရင္းဝုဒ္အေပၚ ခ်မွတ္ထားတဲ့ ပြဲပယ္ျပစ္ဒဏ္ကို
မပယ္ဖ်က္ေသးဘဲ သူတို႔ကိုယ္တိုင္ စုံစမ္းစစ္ေဆမႈေတြ ဆက္လုပ္သြားဦးမွာ
ျဖစ္ပါတယ္။
ဒါ့အျပင္ ေဆာက္ဂိတ္ကလည္း အဂၤလန္အသင္းနည္းျပအျဖစ္
ေဆာင္႐ြက္ေနခ်ိန္ကာလအတြင္း ဂရင္းဝုဒ္ကို လက္ေ႐ြးစင္အသင္းအတြက္
ေ႐ြးခ်ယ္မွာ မဟုတ္ဘူးလို႔ ၿဗိတိန္နာမည္ေက်ာ္သတင္းစာ The Sun က
ေဖာ္ျပခဲ့ပါတယ္။
ဂရင္းဝုဒ္ဟာ ၂၀၂၀ ခုႏွစ္အတြင္း အိုက္စလန္နဲ႔ကစားခဲ့တဲ့ UEFA Nations
League ပြဲမွာ အဂၤလန္စီနီယာအသင္းအတြက္ ပြဲဦးထြက္ကစားခြင့္ရခဲ့ၿပီး
အဲဒီေနာက္ပိုင္းကတည္းက လက္ေ႐ြးစင္အသင္းမွာ အေ႐ြးမခံရေတာ့ပါဘူး။