အင်္ဂလန်ပွဲငတ်နေသူတွေအတွက် ပရီးမီးယားလိဂ်ပွဲစဉ်တွေ ပြန်လာတော့မယ်

အခုပြောမယ့် အကြောင်းအရာဟာ ဘောလုံးပွဲဆာလောင်တဲ့ ပရိသတ်တွေ အတွက် တကယ့်ကို သတင်းကောင်းပဲလို့ ဆိုပါရစေ။ ဗြိတိန်ဘုရင်မကြီး နတ်ရွာစံ ကံတော်ကုန်တဲ့အတွက်ကြောင့် ပရီးမီးယားလိဂ်ဘောလုံးပွဲစဉ်တွေကို ပြီးခဲ့တဲ့ သီတင်းပတ်မှာ ရပ်ဆိုင်းခဲ့ပေမယ့် လာမယ့်တစ်ပတ်မှာတော့

ပြန်လည်ကျင်းပဖို့ ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။ အင်ပါယာအရှင်သခင်မကြီးရဲ့ နောက်ဆုံးနေ့ရက်တွေကို အလေးအမြတ်ထားတဲ့အနေနဲ့ ဘောလုံးပွဲစဉ် တွေအပါအဝင် အားကစားပြိုင်ပွဲ အားလုံးနီးပါးကို ရွှေ့ဆိုင်းပစ်ခဲ့ပေမယ့် ဒီ ကိစ္စနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေ ရှိခဲ့တာကြောင့်

ပရီးမီးယားလိဂ် ပွဲစဉ်တွေဟာ အခုလာမယ့်သီတင်းပတ်မှာ ပြန်လည်ကျင်းပဖို့ ရှိနေပြီဖြစ် တယ်လို့ The Mirror သတင်းစာက ရေးသားဖော်ပြပါတယ်။ ဒါပေမဲ့လည်း လာမယ့် တနင်္လာနေ့မှာ ကျင်းပမယ့် နိုင်ငံတော် ဈာပန အခမ်းအနားကြီး အတွက် လန်ဒန်မြို့တော်တစ်ဝန်းလုံးမှာ

ရဲတပ်ဖွဲ့လုံခြုံရေးအင်အားကို ပုံအောသုံးစွဲမှာဖြစ်တာကြောင့် ဘောလုံးကွင်းတွေနဲ့ပတ်သက်ပြီး လုံခြုံရေး အင်အားနည်းပါးမှု ပြဿနာကိုလည်း ကြုံရနိုင်ခြေရှိပါတယ်။ ဒါကြောင့် လန်ဒန်မြို့ခံအသင်းတွေဖြစ်ကြတဲ့ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ရဲ့ ပွဲစဉ်တွေကို တော့ ပွဲချိန်ရွှေ့ပစ်ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

အခုသီတင်းပတ်မှာ ချဲလ်ဆီးက လီဗာပူးကို စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဧည့်ခံရမှာဖြစ်ပြီး အာဆင်နယ်ကလည်း ဘရန်ဖို့ဒ်ကို အိမ်ကွင်းမှာ ဧည့်ခံရမှာ ဖြစ်ပါတယ်။ အလားတူပါပဲ စပါးဟာလည်း လက်စတာကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်အပါအဝင်

အားကစားပြိုင်ပွဲ အတော်များများကို ရွှေ့ဆိုင်းပစ် ခဲ့ပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲတွေကတော့ ပုံမှန်ပွဲချိန်အတိုင်း ဆက်ကစား သွားမှာပါ။ ဒါကြောင့် အင်္ဂါညမှာ ကစားမယ့် လီဗာပူး-အေဂျက်ဇ်ပွဲစဉ်ကို ပုံမှန် အတိုင်း ကစားမှာဖြစ်ပါတယ်။ စကော့တလန်ကလပ် ရိန်းဂျားနဲ့ ကစားမယ့်

ချန်ပီယံလိဂ်ပွဲစဉ်ကိုတော့ ဧည့်သည်အသင်း နာပိုလီရဲ့ ပရိသတ်တွေ လာရောက်ကြည့်ရှုခွင့် ရမှာမဟုတ်ပါဘူး။ ရဲတပ်ဖွဲ့လုံခြုံရေး အားနည်းချက်ရှိနေ တာကြောင့် အာဆင်နယ်နဲ့ ပီအက်စ်ဗွီတို့ ယှဉ်ပြိုင်ကစားမယ့် ပွဲစဉ်အတွက် ဘယ်လိုဆုံးဖြတ်မယ်ဆိုတာကိုလည်း ယူအီးအက်ဖ်အေက အတိအကျ သတင်းထုတ်ပြန်တာမျိုး

မရှိသေးပါဘူး။ အခုလာမယ့် ကလပ်အသင်းပွဲစဉ် တွေပြီးသွားရင်တော့ နိုင်ငံတကာသီတင်းပတ်ကို ရောက်သွားတော့မှာဖြစ်ပြီး အင်္ဂလန်က အီတလီ၊ ဂျာမနီတို့နဲ့ နေးရှင်းလိဂ်ပွဲစဉ်တွေ ကစားရတော့မှာ ဖြစ်ပါတယ်။ ဗြိတိန်ဘုရင်မကြီးရဲ့ နိုင်ငံတော်ဈာပနအခမ်းအနားကို စက်တင် ဘာ ၁၉ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

(zawgyi)

အခုေျပာမယ့္ အေၾကာင္းအရာဟာ ေဘာလုံးပြဲဆာေလာင္တဲ့ ပရိသတ္ေတြ အတြက္ တကယ့္ကို သတင္းေကာင္းပဲလို႔ ဆိုပါရေစ။ ၿဗိတိန္ဘုရင္မႀကီး နတ္႐ြာစံ ကံေတာ္ကုန္တဲ့အတြက္ေၾကာင့္ ပရီးမီးယားလိဂ္ေဘာလုံးပြဲစဥ္ေတြကို ၿပီးခဲ့တဲ့ သီတင္းပတ္မွာ ရပ္ဆိုင္းခဲ့ေပမယ့္ လာမယ့္တစ္ပတ္မွာေတာ့

ျပန္လည္က်င္းပဖို႔ ရွိေနၿပီျဖစ္တယ္လို႔ သိရပါတယ္။ အင္ပါယာအရွင္သခင္မႀကီးရဲ႕ ေနာက္ဆုံးေန႔ရက္ေတြကို အေလးအျမတ္ထားတဲ့အေနနဲ႔ ေဘာလုံးပြဲစဥ္ ေတြအပါအဝင္ အားကစားၿပိဳင္ပြဲ အားလုံးနီးပါးကို ေ႐ႊ႕ဆိုင္းပစ္ခဲ့ေပမယ့္ ဒီ ကိစၥနဲ႔ပတ္သက္ၿပီး သေဘာထားကြဲလြဲမႈေတြ ရွိခဲ့တာေၾကာင့္

ပရီးမီးယားလိဂ္ ပြဲစဥ္ေတြဟာ အခုလာမယ့္သီတင္းပတ္မွာ ျပန္လည္က်င္းပဖို႔ ရွိေနၿပီျဖစ္ တယ္လို႔ The Mirror သတင္းစာက ေရးသားေဖာ္ျပပါတယ္။ ဒါေပမဲ့လည္း လာမယ့္ တနလၤာေန႔မွာ က်င္းပမယ့္ ႏိုင္ငံေတာ္ ဈာပန အခမ္းအနားႀကီး အတြက္ လန္ဒန္ၿမိဳ႕ေတာ္တစ္ဝန္းလုံးမွာ

ရဲတပ္ဖြဲ႕လုံၿခဳံေရးအင္အားကို ပုံေအာသုံးစြဲမွာျဖစ္တာေၾကာင့္ ေဘာလုံးကြင္းေတြနဲ႔ပတ္သက္ၿပီး လုံၿခဳံေရး အင္အားနည္းပါးမႈ ျပႆနာကိုလည္း ႀကဳံရႏိုင္ေျခရွိပါတယ္။ ဒါေၾကာင့္ လန္ဒန္ၿမိဳ႕ခံအသင္းေတြျဖစ္ၾကတဲ့ ခ်ဲလ္ဆီးနဲ႔ အာဆင္နယ္တို႔ရဲ႕ ပြဲစဥ္ေတြကို ေတာ့

ပြဲခ်ိန္ေ႐ႊ႕ပစ္ဖို႔ စဥ္းစားေနတယ္လို႔ သိရပါတယ္။ အခုသီတင္းပတ္မွာ ခ်ဲလ္ဆီးက လီဗာပူးကို စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ဧည့္ခံရမွာျဖစ္ၿပီး အာဆင္နယ္ကလည္း ဘရန္ဖို႔ဒ္ကို အိမ္ကြင္းမွာ ဧည့္ခံရမွာ ျဖစ္ပါတယ္။ အလားတူပါပဲ စပါးဟာလည္း လက္စတာကို အိမ္ကြင္းမွာ ဧည့္ခံကစားရမွာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္အပါအဝင္ အားကစားၿပိဳင္ပြဲ အေတာ္မ်ားမ်ားကို ေ႐ႊ႕ဆိုင္းပစ္ ခဲ့ေပမယ့္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲေတြကေတာ့ ပုံမွန္ပြဲခ်ိန္အတိုင္း ဆက္ကစား သြားမွာပါ။ ဒါေၾကာင့္ အဂၤါညမွာ ကစားမယ့္ လီဗာပူး-ေအဂ်က္ဇ္ပြဲစဥ္ကို ပုံမွန္ အတိုင္း ကစားမွာျဖစ္ပါတယ္။ စေကာ့တလန္ကလပ္

ရိန္းဂ်ားနဲ႔ ကစားမယ့္ ခ်န္ပီယံလိဂ္ပြဲစဥ္ကိုေတာ့ ဧည့္သည္အသင္း နာပိုလီရဲ႕ ပရိသတ္ေတြ လာေရာက္ၾကည့္ရႈခြင့္ ရမွာမဟုတ္ပါဘူး။ ရဲတပ္ဖြဲ႕လုံၿခဳံေရး အားနည္းခ်က္ရွိေန တာေၾကာင့္ အာဆင္နယ္နဲ႔ ပီအက္စ္ဗြီတို႔ ယွဥ္ၿပိဳင္ကစားမယ့္ ပြဲစဥ္အတြက္ ဘယ္လိုဆုံးျဖတ္မယ္ဆိုတာကိုလည္း ယူအီးအက္ဖ္ေအက အတိအက်

သတင္းထုတ္ျပန္တာမ်ိဳး မရွိေသးပါဘူး။ အခုလာမယ့္ ကလပ္အသင္းပြဲစဥ္ ေတြၿပီးသြားရင္ေတာ့ ႏိုင္ငံတကာသီတင္းပတ္ကို ေရာက္သြားေတာ့မွာျဖစ္ၿပီး အဂၤလန္က အီတလီ၊ ဂ်ာမနီတို႔နဲ႔ ေနးရွင္းလိဂ္ပြဲစဥ္ေတြ ကစားရေတာ့မွာ ျဖစ္ပါတယ္။ ၿဗိတိန္ဘုရင္မႀကီးရဲ႕ ႏိုင္ငံေတာ္ဈာပနအခမ္းအနားကို စက္တင္ ဘာ ၁၉ ရက္ေန႔မွာ က်င္းပမွာ ျဖစ္ပါတယ္။