အင်္ဂလန်ချန်ပီယံဖြစ်ရင် အစိုးရဘဏ်အားလပ်ရက်ကို ထပ်မံခွင့်ပြုပေးဖို့ တောင်းဆိုသူတွေထဲမှာ လေဘာပါတီခေါင်းဆောင် ပါဝင်လာ

အင်္ဂလန်မှာတော့ အမျိုးသမီးဘောလုံးအသင်း ယူရိုဗိုလ်လုပွဲတက်နိုင်တဲ့သတင်းက တစ်နိုင်ငံလုံးကို လွှမ်းခြုံထားပါတယ်။ အထူးသဖြင့် ” It’s coming home! ” ဆိုတဲ့ အသံတွေပါပဲ။

ဘောလုံးဘိုးအေလို့ တင်စားရလောက်အောင် ခေတ်သစ်ဘောလုံးကစားနည်းကို အစပြုခဲ့ရာအင်္ဂလန်ကို ဘောလုံးပြန်လာပြီ၊ အိမ်ပြန်လာပြီလို့ ကြွေးကြော်နေကြတာပါ။

ဒါဟာ အစိုးရပိုင်းအထိ ပေါက်နေပါတယ်။ တကယ်လို့သာ ဂျာမနီနဲ့ဗိုလ်လုပွဲမှာ အနိုင်ရပြီး အင်္ဂလန်ချန်ပီယံဖြစ်ရင်ပေါ့။ အစိုးရဘဏ်အားလပ်ရက်ကို ထပ်မံခွင့်ပြုပေးဖို့ တောင်းဆိုနေကြတာပါ။

ဒီအထဲမှာ လေဘာပါတီခေါင်းဆောင် ကီရာစတားမာလည်း ပါဝင်လာပါတယ်။ ပြည်သူတွေကို အားလပ်ရက်ပိုပေးဖို့ ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်ကို တောင်းဆိုလိုက်တာဖြစ်ပါတယ်။

စတားမာဟာ ဆွီဒင်ကို ၄ ဂိုးပြတ်အနိုင်ရတဲ့ ဆီမီးပွဲကိုလည်း ဇနီးသည်ဗစ်တိုးရီးယားနဲ့အတူ လာရောက်အားပေးခဲ့သူပါ။ “ တနင်္ဂနွေနေ့ဗိုလ်လုပွဲမှာ ခြင်္သေ့မလေးတွေ

ဟိန်းဟောက်သံကို တစ်နိုင်ငံလုံးကြားရပါလိမ့်မယ်။ သူတို့က ကျွန်တော်တို့ကို ဂုဏ်ယူနိုင်အောင် လုပ်ဆောင်ပေးပြီးသားပါ။ ဒါပေမဲ့ သူတို့အနိုင်ရရင်တော့ သမိုင်းဝင်အောင်မြင်မှု ဖြစ်လာပါလိမ့်မယ်။

ဒါကြောင့် အထိမ်းအမှတ်နေ့ လုပ်ပေးသင့်ပါတယ် ” လို့ စတားမာက Mirror သတင်းစာကို ပြောသွားခဲ့တာပါ။ အားကစားဝန်ကြီးဟောင်း ထရေစီခရော့ချ်ကလည်း အင်္ဂလန်အမျိုးသမီးတွေ နောက်တစ်လှမ်းတိုးနိုင်ရင်

ဘဏ်အားလပ်ရက်အပိုပေးဖို့တောင်းဆိုထားပါတယ်။ ပြီးခဲ့တဲ့ ယူရို ၂၀၂၀ ဗိုလ်လုပွဲမှာတော့ အင်္ဂလန်အမျိုးသားအသင်းဟာ အီတလီကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။

(zawgyi)

အဂၤလန္မွာေတာ့ အမ်ိဳးသမီးေဘာလုံးအသင္း ယူ႐ိုဗိုလ္လုပြဲတက္ႏိုင္တဲ့သတင္းက တစ္ႏိုင္ငံလုံးကို လႊမ္းၿခဳံထားပါတယ္။ အထူးသျဖင့္ ” It’s coming home! ” ဆိုတဲ့ အသံေတြပါပဲ။

ေဘာလုံးဘိုးေအလို႔ တင္စားရေလာက္ေအာင္ ေခတ္သစ္ေဘာလုံးကစားနည္းကို အစျပဳခဲ့ရာအဂၤလန္ကို ေဘာလုံးျပန္လာၿပီ၊ အိမ္ျပန္လာၿပီလို႔ ေႂကြးေၾကာ္ေနၾကတာပါ။ ဒါဟာ အစိုးရပိုင္းအထိ ေပါက္ေနပါတယ္။

တကယ္လို႔သာ ဂ်ာမနီနဲ႔ဗိုလ္လုပြဲမွာ အႏိုင္ရၿပီး အဂၤလန္ခ်န္ပီယံျဖစ္ရင္ေပါ့။ အစိုးရဘဏ္အားလပ္ရက္ကို ထပ္မံခြင့္ျပဳေပးဖို႔ ေတာင္းဆိုေနၾကတာပါ။ ဒီအထဲမွာ ေလဘာပါတီေခါင္းေဆာင္

ကီရာစတားမာလည္း ပါဝင္လာပါတယ္။ ျပည္သူေတြကို အားလပ္ရက္ပိုေပးဖို႔ ဝန္ႀကီးခ်ဳပ္ေဘာရစ္ဂြၽန္ဆင္ကို ေတာင္းဆိုလိုက္တာျဖစ္ပါတယ္။ စတားမာဟာ ဆြီဒင္ကို ၄ ဂိုးျပတ္အႏိုင္ရတဲ့ ဆီမီးပြဲကိုလည္း

ဇနီးသည္ဗစ္တိုးရီးယားနဲ႔အတူ လာေရာက္အားေပးခဲ့သူပါ။ “ တနဂၤေႏြေန႔ဗိုလ္လုပြဲမွာ ျခေသၤ့မေလးေတြ ဟိန္းေဟာက္သံကို တစ္ႏိုင္ငံလုံးၾကားရပါလိမ့္မယ္။

သူတို႔က ကြၽန္ေတာ္တို႔ကို ဂုဏ္ယူႏိုင္ေအာင္ လုပ္ေဆာင္ေပးၿပီးသားပါ။ ဒါေပမဲ့ သူတို႔အႏိုင္ရရင္ေတာ့ သမိုင္းဝင္ေအာင္ျမင္မႈ ျဖစ္လာပါလိမ့္မယ္။ ဒါေၾကာင့္ အထိမ္းအမွတ္ေန႔ လုပ္ေပးသင့္ပါတယ္ ” လို႔

စတားမာက Mirror သတင္းစာကို ေျပာသြားခဲ့တာပါ။ အားကစားဝန္ႀကီးေဟာင္း ထေရစီခေရာ့ခ်္ကလည္း အဂၤလန္အမ်ိဳးသမီးေတြ ေနာက္တစ္လွမ္းတိုးႏိုင္ရင္

ဘဏ္အားလပ္ရက္အပိုေပးဖို႔ေတာင္းဆိုထားပါတယ္။ ၿပီးခဲ့တဲ့ ယူ႐ို ၂၀၂၀ ဗိုလ္လုပြဲမွာေတာ့ အဂၤလန္အမ်ိဳးသားအသင္းဟာ အီတလီကို ပင္နယ္တီအဆုံးအျဖတ္နဲ႔ ရႈံးနိမ့္ခဲ့ရပါတယ္။