အင်ပါယာအရှင်သခင်ရှေ့တည့်တည့်ရောက်မှ အသင်းဖော်နာမည်မေ့နေလို့ ကြောက်ဒူးတုန်ခဲ့ရတဲ့ ဟင်နရီ

လောကသုံးပါးမှာ တန်ခိုးအထွန်းလင်းဆုံးဟာ အနန္တအစွမ်းနဲ့ လူသားလို့ ဆိုပေမယ့် သိမ်ငယ်စိတ် ဝင်ပြန်ပြီဆိုရင်လည်း လူတွေဟာ တုန်လှုပ်ခြောက် ခြားမှုအရှိဆုံး သတ္တဝါ ဖြစ်မယ်ဆိုရင် မှားမယ်မထင်ပါဘူး။ ကိုယ်ကျင်လည်တဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ ဘယ်လောက်ပဲ သြဇာအရှိန်အဝါ ကြီးမားပါစေ

ကိုယ့်ထက် ဂုဏ်သိမ်ဒြပ်ကြီးမားလွန်းတဲ့ ပုဂ္ဂိုလ်မျိုးနဲ့ ဆုံရတဲ့အခါ ထိတ်လန့် တုန်လှုပ်မိတာကတော့ လူတွေရဲ့ ဖြစ်တတ်တဲ့ သဘာဝပါ။ ဒီအချက်ကို လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားအောင် ပြလိုက်သူကတော့ အာဆင်နယ် တိုက်စစ်မှူးဟောင်း သီယာရီ ဟင်နရီပဲ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့ တဲ့ ၂၀၀၇ ခုနှစ်မှာ

ဘက်ကင်ဟမ်နန်းတော်ကို ညနေခင်းလက်ဖက်ရည်ဝိုင်း သုံးဆောင်ဖို့အတွက် ဖိတ်ကြားခံရတဲ့ တစ်ခုတည်းသော ပရီးမီးယားလိဂ် ကလပ်အသင်းပါ။ နန်းတော်ကိုရောက်တော့ လက်ဖက်ရည်သုံးဆောင်ရင်းနဲ့ ဗြိတိန်ဘုရင်မကြီး ကြွချီလာချိန်မှာတော့ အဲဒီအချိန်က အာဆင်နယ်အသင်းခေါင်း ဆောင်ဖြစ်ခဲ့တဲ့ ဟင်နရီက

သူ့ရဲ့ အသင်းသားတွေကို ဘုရင်မကြီးနဲ့ တစ်ယောက်ချင်းစီ လိုက်လံ မိတ်ဆက်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဘရာဇီး လက်ရွေးစင် ကစားသမားတစ်ယောက်ရဲ့ ရှေ့ကို ရောက်တဲ့အချိန်မှာတော့ အဲဒီကစားသမားရဲ့ နာမည်အရင်းကို မေ့နေတဲ့အတွက် ကြောက်ဒူးတွေ တုန်ခဲ့ရတယ်လို့ ဟင်နရီက ဖွင့်ဟခဲ့ပါတယ်။

‘’ဘုရင်မကြီးနဲ့ တွေ့ဆုံဖို့ ကျွန်တော် တို့အခွင့်အရေး ရခဲ့ပါတယ်။ ကျွန်တော် တော်တော်ကို ထိတ်လန့် တုန်လှုပ်ခဲ့ရတာပါ။ ငရဲရောက်နေသလိုမျိုး ထိတ်လန့် တုန်လှုပ်တာပါ။ ဘက်ကင်ဟမ် နန်းတော်ကိုရောက်ပြီး ဘုရင်မကြီးနဲ့ ဆုံတော့ ဘက်တစ္စတာကို ကျွန်တော် ကြည့်လိုက်တယ်။ ပြီးတော့ သူ့နာမည် မေ့နေပါလေရော။

ဒါ ဘယ်သူပါလိမ့်ပေါ့’’ ဆိုပြီး ဟင်နရီက ဘုရင်မကြီးနဲ့ ပတ်သက်တဲ့ အတွေ့အကြုံကို CBS Sport သတင်းဌာနဆီ ပြောဆိုသွားခဲ့ပါတယ်။ နောက်ပြီး ဘက်ကင်ဟမ် နန်း တော်ဆီကို ရောက်တဲ့အခါမှာ ပေါက်ကရတွေ လျှောက်မလုပ်ကြဖို့လည်း အသင်းခေါင်းဆောင်ဖြစ်တဲ့ သီယာရီဟင်နရီက သတိပေးခဲ့တာမျိုးရှိတယ်လို့

အာဆယ်နယ် ညာနောင်ခံလူဟောင်း အီဘိုယေးက ဖွင့်ဟပြောဆိုခဲ့တာ ရှိပါ တယ်။ ‘’ကျွန်တော်တို့ အဲဒီကို သွားခဲ့ကြတယ်။ သီယာရီက ကျွန်တော့်ကို ပြောခဲ့ပါတယ်။ အီဘိုယေး၊ ဟေ့ကောင်။ ဒါက ဘက်ကင်ဟမ် နန်းတော်ကြီးနော်။ ဘုရင်မကြီး စံနန်းဆောင်၊ ဘာမှ လျှောက်မလုပ်တဲ့နဲ့တဲ့။

ကျွန်တော်က ပြန်ပြောခဲ့တယ်။ ရပါတယ်။ မစိုးရိမ်ပါနဲ့။ အဲဒီနောက် ဘုရင်မကြီးကြွလာပြီး ကစားသမားတစ်ယောက်ချင်းစီတိုင်းကို လက်ဆွဲ နှုတ်ဆက်ခဲ့ပါတယ်’’ လို့ အီဘိုယေးက ၂၀၁၆ ခုနှစ်မှာ ပြောဆိုထားခဲ့တာလည်း ရှိပါတယ်။

(zawgyi)

ေလာကသုံးပါးမွာ တန္ခိုးအထြန္းလင္းဆုံးဟာ အနႏၲအစြမ္းနဲ႔ လူသားလို႔ ဆိုေပမယ့္ သိမ္ငယ္စိတ္ ဝင္ျပန္ၿပီဆိုရင္လည္း လူေတြဟာ တုန္လႈပ္ေျခာက္ ျခားမႈအရွိဆုံး သတၱဝါ ျဖစ္မယ္ဆိုရင္ မွားမယ္မထင္ပါဘူး။ ကိုယ္က်င္လည္တဲ့ ကိုယ့္ပတ္ဝန္းက်င္မွာ ဘယ္ေလာက္ပဲ ၾသဇာအရွိန္အဝါ ႀကီးမားပါေစ

ကိုယ့္ထက္ ဂုဏ္သိမ္ျဒပ္ႀကီးမားလြန္းတဲ့ ပုဂၢိဳလ္မ်ိဳးနဲ႔ ဆုံရတဲ့အခါ ထိတ္လန႔္ တုန္လႈပ္မိတာကေတာ့ လူေတြရဲ႕ ျဖစ္တတ္တဲ့ သဘာဝပါ။ ဒီအခ်က္ကို လယ္ျပင္မွာ ဆင္သြားသလို ထင္ရွားေအာင္ ျပလိုက္သူကေတာ့ အာဆင္နယ္ တိုက္စစ္မႉးေဟာင္း သီယာရီ ဟင္နရီပဲ ျဖစ္ပါတယ္။ အာဆင္နယ္ဟာ ၿပီးခဲ့ တဲ့ ၂၀၀၇ ခုႏွစ္မွာ

ဘက္ကင္ဟမ္နန္းေတာ္ကို ညေနခင္းလက္ဖက္ရည္ဝိုင္း သုံးေဆာင္ဖို႔အတြက္ ဖိတ္ၾကားခံရတဲ့ တစ္ခုတည္းေသာ ပရီးမီးယားလိဂ္ ကလပ္အသင္းပါ။ နန္းေတာ္ကိုေရာက္ေတာ့ လက္ဖက္ရည္သုံးေဆာင္ရင္းနဲ႔ ၿဗိတိန္ဘုရင္မႀကီး ႂကြခ်ီလာခ်ိန္မွာေတာ့ အဲဒီအခ်ိန္က အာဆင္နယ္အသင္းေခါင္း ေဆာင္ျဖစ္ခဲ့တဲ့

ဟင္နရီက သူ႔ရဲ႕ အသင္းသားေတြကို ဘုရင္မႀကီးနဲ႔ တစ္ေယာက္ခ်င္းစီ လိုက္လံ မိတ္ဆက္ေပးခဲ့ပါတယ္။ ဒါေပမဲ့ ဘရာဇီး လက္ေ႐ြးစင္ ကစားသမားတစ္ေယာက္ရဲ႕ ေရွ႕ကို ေရာက္တဲ့အခ်ိန္မွာေတာ့ အဲဒီကစားသမားရဲ႕ နာမည္အရင္းကို ေမ့ေနတဲ့အတြက္ ေၾကာက္ဒူးေတြ တုန္ခဲ့ရတယ္လို႔

ဟင္နရီက ဖြင့္ဟခဲ့ပါတယ္။ ‘’ဘုရင္မႀကီးနဲ႔ ေတြ႕ဆုံဖို႔ ကြၽန္ေတာ္ တို႔အခြင့္အေရး ရခဲ့ပါတယ္။ ကြၽန္ေတာ္ ေတာ္ေတာ္ကို ထိတ္လန႔္ တုန္လႈပ္ခဲ့ရတာပါ။ ငရဲေရာက္ေနသလိုမ်ိဳး ထိတ္လန႔္ တုန္လႈပ္တာပါ။ ဘက္ကင္ဟမ္ နန္းေတာ္ကိုေရာက္ၿပီး ဘုရင္မႀကီးနဲ႔ ဆုံေတာ့ ဘက္တစၥတာကို ကြၽန္ေတာ္

ၾကည့္လိုက္တယ္။ ၿပီးေတာ့ သူ႔နာမည္ ေမ့ေနပါေလေရာ။ ဒါ ဘယ္သူပါလိမ့္ေပါ့’’ ဆိုၿပီး ဟင္နရီက ဘုရင္မႀကီးနဲ႔ ပတ္သက္တဲ့ အေတြ႕အႀကဳံကို CBS Sport သတင္းဌာနဆီ ေျပာဆိုသြားခဲ့ပါတယ္။ ေနာက္ၿပီး ဘက္ကင္ဟမ္ နန္း ေတာ္ဆီကို ေရာက္တဲ့အခါမွာ ေပါက္ကရေတြ ေလွ်ာက္မလုပ္ၾကဖို႔လည္း

အသင္းေခါင္းေဆာင္ျဖစ္တဲ့ သီယာရီဟင္နရီက သတိေပးခဲ့တာမ်ိဳးရွိတယ္လို႔ အာဆယ္နယ္ ညာေနာင္ခံလူေဟာင္း အီဘိုေယးက ဖြင့္ဟေျပာဆိုခဲ့တာ ရွိပါ တယ္။ ‘’ကြၽန္ေတာ္တို႔ အဲဒီကို သြားခဲ့ၾကတယ္။ သီယာရီက ကြၽန္ေတာ့္ကို ေျပာခဲ့ပါတယ္။ အီဘိုေယး၊ ေဟ့ေကာင္။

ဒါက ဘက္ကင္ဟမ္ နန္းေတာ္ႀကီးေနာ္။ ဘုရင္မႀကီး စံနန္းေဆာင္၊ ဘာမွ ေလွ်ာက္မလုပ္တဲ့နဲ႔တဲ့။ ကြၽန္ေတာ္က ျပန္ေျပာခဲ့တယ္။ ရပါတယ္။ မစိုးရိမ္ပါနဲ႔။ အဲဒီေနာက္ ဘုရင္မႀကီးႂကြလာၿပီး ကစားသမားတစ္ေယာက္ခ်င္းစီတိုင္းကို လက္ဆြဲ ႏႈတ္ဆက္ခဲ့ပါတယ္’’ လို႔ အီဘိုေယးက ၂၀၁၆ ခုႏွစ္မွာ ေျပာဆိုထားခဲ့တာလည္း ရွိပါတယ္။