အင်တာကို ပြောင်းရ ပြီးရော ဆိုပြီး ပိုက်ဆံ လျှော့ယူဖို့ လုပ်နေတဲ့ လူကာကူ

ချဲလ်ဆီး တိုက်စစ်မှူး လူကာကူဟာ အင်တာမီလန်ကို ပြန်လည်

ပြောင်းရွှေ့ခွင့်ရမယ်ဆိုရင် လစာအမြောက်အမြား လျှော့ယူသွားဖို့

ပြင်ဆင်ထားတယ်လို့ သိရှိရပါတယ်။ ဒီကစားသမားဟာ ပြီးခဲ့တဲ့နွေရာသီကမှ

အင်တာမီလန်ကနေ ချဲလ်ဆီးကို ရောက်ရှိလာတာပါ။

လူကာကူအတွက် ချဲလ်ဆီးက ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး

ပေါင် (၉၇.၅) သန်း အသုံးပြုခဲ့ရပါတယ်။ ဒါ့အပြင် လူကာကူဟာ ချဲလ်ဆီးမှာ

တစ်နှစ်လုပ်ခ ပေါင် (၆.၄) သန်းနဲ့အတူ အခွန်ဆောင်ပြီး

ပေါင် (၃) သန်း အနည်းဆုံးရရှိနေတယ်လို့ သိရပါတယ်။

တမြန်နေ့က ထွက်ပေါ်လာတဲ့ သတင်းတွေ အရ လူကာကူ ဟာ

ရာသီဝက်ကျော်ကြာ အဆင်မပြေဖြစ်ထားတဲ့ ချဲလ်ဆီး အသင်းနဲ့

လမ်းခွဲဖို့ ပစ်မှတ်ထားနေတာကြောင့် ၊ အသင်းဟောင်း အင်တာမီလန်ဆီ

ပြန်ပြောင်းနိုင်ရေး အတွက်ပင် ရှေ့နေ ငှားထားပြီး ၊ အင်တာမီလန်ဖက်က

အခြေအနေတွေကို စောင့်ကြည့်ခိုင်းထားတယ်လို့ သိရပါတယ် ။

အသက် ၂၈နှစ် အရွယ်ရှိ ဘယ်လ်ဂျီယမ်လက်ရွေးစင် ဟာ

မီလန်သို့ ပြန်ချင်တာကြောင့် ၊ နဂို ရရှိနေတဲ့ လစာ ပမာဏ

ပေါင် ၃၂၅၀၀၀ ထက် လျှော့ယူဖို့ စိတ်ပိုင်းဖြတ်ထားပုံ ပေါ်နေပါတယ်။

သတင်းတွေရဲ့ ဖော်ပြချက် အရ လူကာကူ ဟာ တပတ်လုပ်ခ

ပေါင် ၁၂၅၀၀၀ အထိ လစာ လျှော့ယူကာ ၊ အင်တာကို ပြောင်းဖို့

ပြင်ဆင်နေကြောင်း သိရပါတယ်။

zawgyi

အင္တာကို ေျပာင္းရ ၿပီးေရာ ဆိုၿပီး ပိုက္ဆံ ေလွ်ာ့ယူဖို႔ လုပ္ေနတဲ့ လူကာကူ

ခ်ဲလ္ဆီး တိုက္စစ္မႉး လူကာကူဟာ အင္တာမီလန္ကို ျပန္လည္

ေျပာင္းေ႐ႊ႕ခြင့္ရမယ္ဆိုရင္ လစာအေျမာက္အျမား ေလွ်ာ့ယူသြားဖို႔

ျပင္ဆင္ထားတယ္လို႔ သိရွိရပါတယ္။ ဒီကစားသမားဟာ ၿပီးခဲ့တဲ့ေႏြရာသီကမွ

အင္တာမီလန္ကေန ခ်ဲလ္ဆီးကို ေရာက္ရွိလာတာပါ။

လူကာကူအတြက္ ခ်ဲလ္ဆီးက ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး

ေပါင္ (၉၇.၅) သန္း အသုံးျပဳခဲ့ရပါတယ္။ ဒါ့အျပင္ လူကာကူဟာ ခ်ဲလ္ဆီးမွာ

တစ္ႏွစ္လုပ္ခ ေပါင္ (၆.၄) သန္းနဲ႔အတူ အခြန္ေဆာင္ၿပီး

ေပါင္ (၃) သန္း အနည္းဆုံးရရွိေနတယ္လို႔ သိရပါတယ္။

တျမန္ေန႔က ထြက္ေပၚလာတဲ့ သတင္းေတြ အရ လူကာကူ ဟာ

ရာသီဝက္ေက်ာ္ၾကာ အဆင္မေျပျဖစ္ထားတဲ့ ခ်ဲလ္ဆီး အသင္းနဲ႔

လမ္းခြဲဖို႔ ပစ္မွတ္ထားေနတာေၾကာင့္ ၊ အသင္းေဟာင္း အင္တာမီလန္ဆီ

ျပန္ေျပာင္းႏိုင္ေရး အတြက္ပင္ ေရွ႕ေန ငွားထားၿပီး ၊ အင္တာမီလန္ဖက္က

အေျခအေနေတြကို ေစာင့္ၾကည့္ခိုင္းထားတယ္လို႔ သိရပါတယ္ ။

အသက္ ၂၈ႏွစ္ အ႐ြယ္ရွိ ဘယ္လ္ဂ်ီယမ္လက္ေ႐ြးစင္ ဟာ

မီလန္သို႔ ျပန္ခ်င္တာေၾကာင့္ ၊ နဂို ရရွိေနတဲ့ လစာ ပမာဏ

ေပါင္ ၃၂၅၀၀၀ ထက္ ေလွ်ာ့ယူဖို႔ စိတ္ပိုင္းျဖတ္ထားပုံ ေပၚေနပါတယ္။

သတင္းေတြရဲ႕ ေဖာ္ျပခ်က္ အရ လူကာကူ ဟာ တပတ္လုပ္ခ

ေပါင္ ၁၂၅၀၀၀ အထိ လစာ ေလွ်ာ့ယူကာ ၊ အင္တာကို ေျပာင္းဖို႔

ျပင္ဆင္ေနေၾကာင္း သိရပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*