အင်စတာဂရမ်မှာ မက်ဆီကိုယ်တိုင်ရေးလိုက်တဲ့ ပါရီဒက်စ်နဲ့ဟာရဲယားအတွက် နှုတ်ဆက်စာ

ပီအက်စ်ဂျီတိုက်စစ်မှူးမက်ဆီဟာ အသင်းကနေထွက်ခွာသွားကြတဲ့ ကွင်းလယ်ကစားသမားနှစ်ယောက်အတွက် အင်စတာဂရမ်မှာ နှုတ်ဆက်ဆုတောင်းစာ ရေးသားလာခဲ့ပါတယ်။ ပါရီဒက်စ်နဲ့ ဟာရဲယားတို့ဟာ အငှားစာချုပ်ကိုယ်စီနဲ့

ပါရီကနေထွက်ခွာသွားခဲ့ကြတာပါ။ အာဂျင်တီးနားကွင်းလယ်လူ ရောက်ရှိလာကြောင်း ဂျူဗင်တပ်အသင်းက တရားဝင်ကြေညာခဲ့သလို ဟာရဲယားကလည်း ၃ ရာသီကြာကစားခဲ့ဖူးတဲ့ ဘီလ်ဘာအိုကို ရောက်ရှိသွားခဲ့ပါတယ်။

အငှားနဲ့ထွက်ခွာကြတာဖြစ်ပေမယ့် အသင်းဖော်တွေကို ဂရုစိုက်တတ်တဲ့မက်ဆီက အသင်းသစ်တွေမှာ အဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်တာပါ။ “ စင်မြင့်သစ်မှာ အောင်မြင်မှုတွေ အများကြီးရပါစေ ပါရီဒက်စ်ရေ။

ပါရီမှာ အံ့အားသင့်စရာတွေအများကြီး ဝေမျှနိုင်ခဲ့တဲ့အတွက် ကျေးဇူးပါ။ အတူရှိနေစဉ်တုန်းက ပျော်စရာအချိန်တွေကို ငါအမြဲသိမ်းထားမှာပါ ” လို့ ပါရီဒက်စ်အတွက် အမှတ်တရနှုတ်ဆက်စာ ရေးခဲ့ပါတယ်။

ဟာရဲယားအတွက်လည်း “ မင်းလည်း ကံကောင်းပါစေ ဟာရဲယားရေ။ မင်းနဲ့တွေ့ရတာ ချစ်ဖို့ကောင်းပါတယ်။ ဒီကိုရောက်တဲ့ ပထမနေ့တုန်းက မင်းရဲ့ကြိုဆိုမှုတွေကို ကျေးဇူးတင်မိသလို မင်းရဲ့လာလီဂါအပြန်ခရီး

အကောင်းဆုံးဖြစ်ပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ် ” လို့ ရေးသားထားပါတယ်။ ဟာရဲယားဟာ ဂယ်လ်တီယာရဲ့အသင်းအတွက် တစ်ပွဲမှကစားခွင့်မရခဲ့သလို ပါရီဒက်စ်ကလည်း ၄ ပွဲမှာ ၆၁ မိနစ်သာ ကစားခွင့်ရခဲ့တာပါ။

ဒါပေမဲ့ နှစ်ယောက်လုံးဟာ ပီအက်စ်ဂျီမှာအရေးပါခဲ့ဖူးတဲ့သူတွေဖြစ်ပြီး ပါရီဒက်စ်က ၁၁၇ ပွဲကစား ၃ ဂိုးသွင်း ၁၀ ဂိုးဖန်တီးပေးခဲ့သလို ဟာရဲယားကလည်း ၉၅ ပွဲမှာ ၆ ဂိုးသွင်း ၆ ဂိုး ဖန်တီးပေးခဲ့ပါတယ်။

(zawgyi)

ပီအက္စ္ဂ်ီတိုက္စစ္မႉးမက္ဆီဟာ အသင္းကေနထြက္ခြာသြားၾကတဲ့ ကြင္းလယ္ကစားသမားႏွစ္ေယာက္အတြက္ အင္စတာဂရမ္မွာ ႏႈတ္ဆက္ဆုေတာင္းစာ ေရးသားလာခဲ့ပါတယ္။ ပါရီဒက္စ္နဲ႔ ဟာရဲယားတို႔ဟာ အငွားစာခ်ဳပ္ကိုယ္စီနဲ႔

ပါရီကေနထြက္ခြာသြားခဲ့ၾကတာပါ။ အာဂ်င္တီးနားကြင္းလယ္လူ ေရာက္ရွိလာေၾကာင္း ဂ်ဴဗင္တပ္အသင္းက တရားဝင္ေၾကညာခဲ့သလို ဟာရဲယားကလည္း ၃ ရာသီၾကာကစားခဲ့ဖူးတဲ့ ဘီလ္ဘာအိုကို ေရာက္ရွိသြားခဲ့ပါတယ္။

အငွားနဲ႔ထြက္ခြာၾကတာျဖစ္ေပမယ့္ အသင္းေဖာ္ေတြကို ဂ႐ုစိုက္တတ္တဲ့မက္ဆီက အသင္းသစ္ေတြမွာ အဆင္ေျပပါေစလို႔ ဆုေတာင္းေပးလိုက္တာပါ။ “ စင္ျမင့္သစ္မွာ ေအာင္ျမင္မႈေတြ အမ်ားႀကီးရပါေစ ပါရီဒက္စ္ေရ။

ပါရီမွာ အံ့အားသင့္စရာေတြအမ်ားႀကီး ေဝမွ်ႏိုင္ခဲ့တဲ့အတြက္ ေက်းဇူးပါ။ အတူရွိေနစဥ္တုန္းက ေပ်ာ္စရာအခ်ိန္ေတြကို ငါအၿမဲသိမ္းထားမွာပါ ” လို႔ ပါရီဒက္စ္အတြက္ အမွတ္တရႏႈတ္ဆက္စာ ေရးခဲ့ပါတယ္။

ဟာရဲယားအတြက္လည္း “ မင္းလည္း ကံေကာင္းပါေစ ဟာရဲယားေရ။ မင္းနဲ႔ေတြ႕ရတာ ခ်စ္ဖို႔ေကာင္းပါတယ္။ ဒီကိုေရာက္တဲ့ ပထမေန႔တုန္းက မင္းရဲ႕ႀကိဳဆိုမႈေတြကို ေက်းဇူးတင္မိသလို မင္းရဲ႕လာလီဂါအျပန္ခရီး

အေကာင္းဆုံးျဖစ္ပါေစလို႔လည္း ဆုေတာင္းေပးလိုက္ပါတယ္ ” လို႔ ေရးသားထားပါတယ္။ ဟာရဲယားဟာ ဂယ္လ္တီယာရဲ႕အသင္းအတြက္ တစ္ပြဲမွကစားခြင့္မရခဲ့သလို ပါရီဒက္စ္ကလည္း ၄ ပြဲမွာ ၆၁ မိနစ္သာ ကစားခြင့္ရခဲ့တာပါ။

ဒါေပမဲ့ ႏွစ္ေယာက္လုံးဟာ ပီအက္စ္ဂ်ီမွာအေရးပါခဲ့ဖူးတဲ့သူေတြျဖစ္ၿပီး ပါရီဒက္စ္က ၁၁၇ ပြဲကစား ၃ ဂိုးသြင္း ၁၀ ဂိုးဖန္တီးေပးခဲ့သလို ဟာရဲယားကလည္း ၉၅ ပြဲမွာ ၆ ဂိုးသြင္း ၆ ဂိုး ဖန္တီးေပးခဲ့ပါတယ္။