အင်စတာဂရမ်မှာ ပုံလေးတစ်ပုံတင်မိတာကြောင့် အပြောခံနေရပြန်တဲ့ ခရစ္စတီယာနို

နည်းပညာပေါက်ကွဲမှုပြင်းထန်နေတဲ့ အိုင်တီခေတ်ကြီးမှာ မန်ယူတိုက်စစ်မှူးရော်နယ်ဒိုလည်း အင်စတာဂရမ်ကနေ အတွင်းစိတ်သဘောတွေ လှစ်ဟပြတတ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ပုံတစ်ပုံကြောင့် ပေါ်တူဂီသား အပြောခံနေရပါပြီ။

ကမ္ဘာ့အကောင်းဆုံး စိတ်ပညာရှင်တစ်ဦးလို့ဆိုကြတဲ့ ကနေဒါသား ဒေါက်တာဂျော်ဒန်ပီတာဆန်နဲ့ တွဲရိုက်ထားတဲ့ပုံတင်ပြီး “ တွေ့ရတာဝမ်းသာတယ် သူငယ်ချင်း ” လို့ ရော်နယ်ဒိုက ရေးသားထားပါတယ်။

ဒါဟာ မန်ယူမှာ အခက်ခဲဆုံးကာလနဲ့ရင်ဆိုင်နေရတာ၊ မွေးကင်းစရင်သွေးလေး ဆုံးပါးသွားခဲ့ရတဲ့ မိသားစုသောက စတဲ့ စိတ်ဓာတ်ကျစရာဖြစ်ရပ်တွေအတွက် ဂျော်ဒန်နဲ့ဆုံဖြစ်ခဲ့တာလို့ အများစုကယူဆခဲ့ကြပါတယ်။

ခက်တာက ဂျော်ဒန်ဆိုတဲ့ပုဂ္ဂိုလ်ရဲ့ ခံယူချက်နဲ့လုပ်ရပ်တွေပါပဲ။ ရှေးရိုးစွဲတစ်ယောက်လို့ ဝေဖန်ခံခဲ့ရဖူးတဲ့ ကနေဒါသားဟာ လက်ယာဝါဒီတစ်ဦးဖြစ်ပြီး အငြင်းပွားစရာတွေလုပ်ခဲ့ဖူးပါတယ်။

အထူးသဖြင့် သရုပ်ဆောင်အီလီယော့ပေ့ကို လိင်ပိုင်းဆိုင်ရာခွဲခြားတဲ့ အသုံးအနှုန်းတွေရေးခဲ့တာကြောင့် ၂၀၁၇ မှာ တွစ်တာကနေ ဖယ်ရှားခံခဲ့ရဖူူးပါတယ်။ ပြီးတော့ ကိုဗစ်ဆေးကို သူသေမှထိုးလို့ရမယ်ဆိုတာကြောင့်

ဝေဖန်မှုတွေလည်း ခံခဲ့ရဖူးပါတယ်။ ဒါကြောင့် ပရိသတ်တစ်ချို့က ကိုယ့်သိက္ခာကိုယ်ပြန်ချနေတာလား၊ ဒီလိုလူကို အပေါင်းအသင်းမလုပ်ပါနဲ့ စတဲ့မှတ်ချက်တွေပေးနေကြတာပါ။

(zawgyi)

နည္းပညာေပါက္ကြဲမႈျပင္းထန္ေနတဲ့ အိုင္တီေခတ္ႀကီးမွာ မန္ယူတိုက္စစ္မႉးေရာ္နယ္ဒိုလည္း အင္စတာဂရမ္ကေန အတြင္းစိတ္သေဘာေတြ လွစ္ဟျပတတ္ပါတယ္။ ဒီတစ္ပတ္မွာေတာ့ ပုံတစ္ပုံေၾကာင့္ ေပၚတူဂီသား အေျပာခံေနရပါၿပီ။

ကမာၻ႔အေကာင္းဆုံး စိတ္ပညာရွင္တစ္ဦးလို႔ဆိုၾကတဲ့ ကေနဒါသား ေဒါက္တာေဂ်ာ္ဒန္ပီတာဆန္နဲ႔ တြဲ႐ိုက္ထားတဲ့ပုံတင္ၿပီး “ ေတြ႕ရတာဝမ္းသာတယ္ သူငယ္ခ်င္း ” လို႔ ေရာ္နယ္ဒိုက ေရးသားထားပါတယ္။

ဒါဟာ မန္ယူမွာ အခက္ခဲဆုံးကာလနဲ႔ရင္ဆိုင္ေနရတာ၊ ေမြးကင္းစရင္ေသြးေလး ဆုံးပါးသြားခဲ့ရတဲ့ မိသားစုေသာက စတဲ့ စိတ္ဓာတ္က်စရာျဖစ္ရပ္ေတြအတြက္ ေဂ်ာ္ဒန္နဲ႔ဆုံျဖစ္ခဲ့တာလို႔ အမ်ားစုကယူဆခဲ့ၾကပါတယ္။

ခက္တာက ေဂ်ာ္ဒန္ဆိုတဲ့ပုဂၢိဳလ္ရဲ႕ ခံယူခ်က္နဲ႔လုပ္ရပ္ေတြပါပဲ။ ေရွး႐ိုးစြဲတစ္ေယာက္လို႔ ေဝဖန္ခံခဲ့ရဖူးတဲ့ ကေနဒါသားဟာ လက္ယာဝါဒီတစ္ဦးျဖစ္ၿပီး အျငင္းပြားစရာေတြလုပ္ခဲ့ဖူးပါတယ္။

အထူးသျဖင့္ သ႐ုပ္ေဆာင္အီလီေယာ့ေပ့ကို လိင္ပိုင္းဆိုင္ရာခြဲျခားတဲ့ အသုံးအႏႈန္းေတြေရးခဲ့တာေၾကာင့္ ၂၀၁၇ မွာ တြစ္တာကေန ဖယ္ရွားခံခဲ့ရဖူူးပါတယ္။ ၿပီးေတာ့ ကိုဗစ္ေဆးကို သူေသမွထိုးလို႔ရမယ္ဆိုတာေၾကာင့္

ေဝဖန္မႈေတြလည္း ခံခဲ့ရဖူးပါတယ္။ ဒါေၾကာင့္ ပရိသတ္တစ္ခ်ိဳ႕က ကိုယ့္သိကၡာကိုယ္ျပန္ခ်ေနတာလား၊ ဒီလိုလူကို အေပါင္းအသင္းမလုပ္ပါနဲ႔ စတဲ့မွတ္ခ်က္ေတြေပးေနၾကတာပါ။