
စပါးအသင်းတိုက်စစ်မှူး ဟယ်ရီကိန်းဟာ မတ်လအတွက်ပရီးမီယားလိဂ်
တစ်လတာအကောင်းဆုံး ဆုကိုရရှိသွားပြီးနောက် ဒီဆုကို ၇ ကြိမ်နဲ့
စံချိန်တင်ရယူထားတဲ့ မန်စီးတီးတိုက်စစ်မှူးဟောင်း အဂူရိုရဲ့စံချိန်ကို
လိုက်မီသွားခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့လမှာ ကိန်း ဟာစပါးအတွက်
ခြေစွမ်းပြနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ၄ ပွဲကစားခဲ့ရာမှာ ၄ ဂိုးသွင်းပြီး
၂ ဂိုးဖန်တီးပေးနိုင်ခဲ့သူပါ။ ဒီ ၄ ပွဲမှာစပါးဟာ ၃ ပွဲအထိအနိုင်ရရှိခဲ့လို့
သူတို့ရဲ့အဆင့် ၄ နေရာရရှိရေးမျှော်လင့်ချက်ကိုလည်း အသက်ဆက်နိုင်ခဲ့ပါတယ်။
ဒီလိုဆုရခဲ့တဲ့အတွက် တစ်လတာအကောင်းဆုံးဆုကို ၇ ကြိမ်ရရှိပြီး
စံချိန်တင်ထားတဲ့ အဂူရိုရဲ့မှတ်တမ်းကိုလည်းလိုက်မီခဲ့လို့ ဟယ်ရီကိန်း ဟာ
စံချိန်သစ်တင်ဖို့လည်းနီးစပ်နေပြီဖြစ်ပါတယ်။ စပါးဟာမတ်လအတွင်းမှာ
အဲဗာတန်ကို ၅-၀ နဲ့နိုင်ပြီး မန်ယူကိုအဝေးကွင်းမှာ ၃-၂ နဲ့ရှုံးခဲ့ပါတယ်။
နောက်ထပ် ၄ ရက်အကြာမှာတော့ ဘရိုက်တန်ကို ၂-၀ နဲ့နိုင်ခဲ့သလို
နောက်တစ်ပွဲဖြစ်တဲ့ ဝက်စ်ဟမ်းနဲ့ ပွဲမှာလည်း ၃-၁ နဲ့ထပ်နိုင်ခဲ့ပါတယ်။
ကိန်းဟာ အဲဗာတန်နဲ့ပွဲမှာ ၂ ဂိုး၊ မန်ယူနဲ့ပွဲမှာ ၁ ဂိုး၊ ဘရိုက်တန်နဲ့ပွဲမှာ ၁ ဂိုးသွင်းယူခဲ့တာပါ။
သူ့ရဲ့ဖန်တီးမှု ၂ ကြိမ်ကိုတော့ ဝက်စ်ဟမ်းနဲ့ပွဲမှာပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒီလိုမျိုး ကိန်းရဲ့ခြေစွမ်းပြမှုနဲ့အတူ မြောက်လန်ဒန်အသင်းဖြစ်တဲ့ စပါးဟာ
ဒေသခံပြိုင်ဘက်အာဆင်နယ်နဲ့ ၃ မှတ်သာကွာဟပါတော့တယ်။
အာဆင်နယ်ကတော့အဆင့် ၄ နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။
အခုရရှိခဲ့တဲ့တစ်လတာအကောင်းဆုံးဆုဟာ ကိန်းအတွက် ၂၀၁၇ ဒီဇင်ဘာ
နောက်ပိုင်းမှာ ပထမဆုံးအကြိမ်ပြန်လည်ရရှိခဲ့ခြင်းလည်းဖြစ်ခဲ့ပါတယ်။
သူဟာဒီဆုကို ၂၀၁၅ တုန်းက ၂ လဆက်တိုက်ရရှိခဲ့ဘူးပါတယ်။
ကိန်းဟာ ဒီဆုကို ၂၀၁၅ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ၊ ၂၀၁၆ မတ်၊ ၂၀၁၇ ဖေဖော်ဝါရီ၊
၂၀၁၇ စက်တင်ဘာ၊ ၂၀၁၇ ဒီဇင်ဘာတို့မှာလည်းရရှိခဲ့သေးတာပါ။
စပါးဟာလာမယ့် တနင်္ဂနွေနေ့ကျရင် နယူးကာဆယ်အသင်းနဲ့
ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲမှာလည်း ခြေစွမ်းပြနိုင်ဖို့ ကိန်းကမျှော်လင့်နေပါတယ်။
zawgyi
အဂူ႐ို တစ္လတာအေကာင္းဆုံးဆုစံခ်ိန္ကို လိုက္မီသြားတဲ့ ဟယ္ရီကိန္း
စပါးအသင္းတိုက္စစ္မႉး ဟယ္ရီကိန္းဟာ မတ္လအတြက္ပရီးမီယားလိဂ္
တစ္လတာအေကာင္းဆုံး ဆုကိုရရွိသြားၿပီးေနာက္ ဒီဆုကို ၇ ႀကိမ္နဲ႔
စံခ်ိန္တင္ရယူထားတဲ့ မန္စီးတီးတိုက္စစ္မႉးေဟာင္း အဂူ႐ိုရဲ႕စံခ်ိန္ကို
လိုက္မီသြားခဲ့တယ္လို႔ သိရပါတယ္။ ၿပီးခဲ့တဲ့လမွာ ကိန္း ဟာစပါးအတြက္
ေျခစြမ္းျပႏိုင္ခဲ့ၿပီး ပရီးမီးယားလိဂ္ ၄ ပြဲကစားခဲ့ရာမွာ ၄ ဂိုးသြင္းၿပီး
၂ ဂိုးဖန္တီးေပးႏိုင္ခဲ့သူပါ။ ဒီ ၄ ပြဲမွာစပါးဟာ ၃ ပြဲအထိအႏိုင္ရရွိခဲ့လို႔
သူတို႔ရဲ႕အဆင့္ ၄ ေနရာရရွိေရးေမွ်ာ္လင့္ခ်က္ကိုလည္း အသက္ဆက္ႏိုင္ခဲ့ပါတယ္။
ဒီလိုဆုရခဲ့တဲ့အတြက္ တစ္လတာအေကာင္းဆုံးဆုကို ၇ ႀကိမ္ရရွိၿပီး
စံခ်ိန္တင္ထားတဲ့ အဂူ႐ိုရဲ႕မွတ္တမ္းကိုလည္းလိုက္မီခဲ့လို႔ ဟယ္ရီကိန္း ဟာ
စံခ်ိန္သစ္တင္ဖို႔လည္းနီးစပ္ေနၿပီျဖစ္ပါတယ္။ စပါးဟာမတ္လအတြင္းမွာ
အဲဗာတန္ကို ၅-၀ နဲ႔ႏိုင္ၿပီး မန္ယူကိုအေဝးကြင္းမွာ ၃-၂ နဲ႔ရႈံးခဲ့ပါတယ္။
ေနာက္ထပ္ ၄ ရက္အၾကာမွာေတာ့ ဘ႐ိုက္တန္ကို ၂-၀ နဲ႔ႏိုင္ခဲ့သလို
ေနာက္တစ္ပြဲျဖစ္တဲ့ ဝက္စ္ဟမ္းနဲ႔ ပြဲမွာလည္း ၃-၁ နဲ႔ထပ္ႏိုင္ခဲ့ပါတယ္။
ကိန္းဟာ အဲဗာတန္နဲ႔ပြဲမွာ ၂ ဂိုး၊ မန္ယူနဲ႔ပြဲမွာ ၁ ဂိုး၊ ဘ႐ိုက္တန္နဲ႔ပြဲမွာ ၁ ဂိုးသြင္းယူခဲ့တာပါ။
သူ႔ရဲ႕ဖန္တီးမႈ ၂ ႀကိမ္ကိုေတာ့ ဝက္စ္ဟမ္းနဲ႔ပြဲမွာျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။
ဒီလိုမ်ိဳး ကိန္းရဲ႕ေျခစြမ္းျပမႈနဲ႔အတူ ေျမာက္လန္ဒန္အသင္းျဖစ္တဲ့ စပါးဟာ
ေဒသခံၿပိဳင္ဘက္အာဆင္နယ္နဲ႔ ၃ မွတ္သာကြာဟပါေတာ့တယ္။
အာဆင္နယ္ကေတာ့အဆင့္ ၄ ေနရာမွာရပ္တည္ေနတာျဖစ္ပါတယ္။
အခုရရွိခဲ့တဲ့တစ္လတာအေကာင္းဆုံးဆုဟာ ကိန္းအတြက္ ၂၀၁၇ ဒီဇင္ဘာ
ေနာက္ပိုင္းမွာ ပထမဆုံးအႀကိမ္ျပန္လည္ရရွိခဲ့ျခင္းလည္းျဖစ္ခဲ့ပါတယ္။
သူဟာဒီဆုကို ၂၀၁၅ တုန္းက ၂ လဆက္တိုက္ရရွိခဲ့ဘူးပါတယ္။
ကိန္းဟာ ဒီဆုကို ၂၀၁၅ ဇန္နဝါရီနဲ႔ ေဖေဖာ္ဝါရီ၊ ၂၀၁၆ မတ္၊ ၂၀၁၇ ေဖေဖာ္ဝါရီ၊
၂၀၁၇ စက္တင္ဘာ၊ ၂၀၁၇ ဒီဇင္ဘာတို႔မွာလည္းရရွိခဲ့ေသးတာပါ။
စပါးဟာလာမယ့္ တနဂၤေႏြေန႔က်ရင္ နယူးကာဆယ္အသင္းနဲ႔
ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး ဒီပြဲမွာလည္း ေျခစြမ္းျပႏိုင္ဖို႔ ကိန္းကေမွ်ာ္လင့္ေနပါတယ္။
Leave a Reply