အဂူရိုချန်ထားရစ်တဲ့အမွေအနှစ် ၁၀ နှစ်ပြည့်အတွက် ပုံစံတုရုပ်တုနဲ့ဂုဏ်ပြုမယ့် မန်စီးတီး

မန်စီးတီးအသင်းဟာ ကျူပီအာဘက်ကိုအဂူရိုသွင်းခဲ့တဲ့ နောက်ဆုံးမိနစ်

အနိုင်ဂိုးအတွက် ကစားသမားကိုဂုဏ်ပြုပြီး သူ့ရဲ့ပုံစံတူရုပ်တုကိုထားရှိကာ

ဂုဏ်ပြုသွားမယ်လို့ အတည်ပြုလိုက်ပါတယ်။ အာဂျင်တီးနားသားဖြစ်တဲ့

အဂူရို ဟာမန်စီးတီးရဲ့စံချိန်တင်သွင်းဂိုးရှင်လည်းဖြစ်ပြီး

၂၀၁၁-၁၂ ဘောလုံးရာသီနောက်ဆုံးပွဲမှာ ကျူပီအာဘက်ကိုနာကျင်အချိန်ပို

၄ မိနစ်မှာအနိုင်ဂိုးသွင်းယူခဲ့သူပါ။ သူ့ဂိုးကြောင့်မန်စီးတီးဟာ မန်ယူရဲ့

လက်ထဲကပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကိုရရှိခဲ့ပြီး လက်ရှိပိုင်ရှင်တွေ

လက်ထက်မှာ ပထမဆုံးရယူနိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ဖလားလည်းဖြစ်ခဲ့ပါတယ်။

ဒီပွဲမှာကျူပီအာဟာ မန်စီးတီးကို ၂-၀ နဲ့နိုင်ပြီးမှ ၃-၂ နဲ့ရှုံးခဲ့ရတာဖြစ်ပြီး

အဂူရိုရဲ့ဂိုးဟာမြို့ခံပြိုင်ဘက်မန်ယူကို အရှိုက်ထိုးလိုက်တဲ့ဂိုးလည်းဖြစ်ခဲ့ပါတယ်။

ဒီပွဲကိုကျင်းပခဲ့တာ မေ ၁၃ မှာဖြစ်လို့လာမယ့်မေ ၁၃ ဆိုရင်

၁၀ နှစ်တင်းတင်းပြည့်မှာဖြစ်ပါတယ်။ ဒါကြောင့်လည်းလာမယ့်မေ ၁၃ မှာ

အီတီဟတ်ကွင်းရှေ့မှာ အဂူရိုရဲ့ရုပ်တုကိုထားရှိကာဂုဏ်ပြုပေးသွားမှာဖြစ်လို့

ဒီအာဂျင်တီးနားသားဟာ ကွန်ပနီ၊ ဒေးဗစ်ဆေးလ်ဗား တို့နဲ့အတူ

ကွင်းရှေ့မှာရုပ်တုထားရှိခံရတော့မှာဖြစ်ပါတယ်။ ဒီဂုဏ်ပြုပွဲကို ပရိသတ်

၂၀၀၀ အပြင်အဲဒီတုန်းကချန်ပီယံဖြစ်ခဲ့တဲ့ အသင်းသားအချို့ကိုပါ

ဖိတ်ကြားသွားမှာဖြစ်ပါတယ်။ ပရိသတ်တွေထဲကနေ မဲနှိုက်ကာမဲပေါက်တဲ့သူက

စင်မြင့်ပေါ်မှာ အဂူရိုကို အင်တာဗျူးလုပ်ခွင့်ရမယ်လို့လည်း သိရပါတယ်။

မန်စီးတီးအသင်းကကြေညာချက်ထုတ်ပြန်ရာမှာ”ကျူပီအာနဲ့

သမိုင်းဝင်ပွဲမှာ ၉၃း၂၀ မိနစ်မှာ ရခဲ့တဲ့အနိုင်ဂိုးက ၁၀ နှစ်ပြည့်ပါပြီ။

ဒီပွဲမှာမန်စီးတီးဟာ နာကျင်အချိန်ပိုရောက်မှ ၂ ဂိုးသွင်းခဲ့လို့

အားကစားသမိုင်းရဲ့အကြီးကျယ်ဆုံးသောပြန်လာနိုင်မှုတွေထဲမှာလည်းပါဝင်ခဲ့ပါတယ်။

ဒီဂိုးကြောင့် မန်စီးတီးဟာ ၄၄ နှစ်အတွင်းမှာ ပထမဆုံးအမှတ်ပေး

ချန်ပီယံလည်းဖြစ်ခဲ့တာပါ။ ဒီဂိုးဟာ အဂူရိုချန်ထားရစ်တဲ့အမွေအနှစ်ပါ။

ဒီအတွက်သူ့ကိုဂုဏ်ပြုမှာဖြစ်ပြီး အခမ်းအနားအချို့ကိုလည်းပြုလုပ်ပေး

သွားမယ်လို့ ဝမ်းမြောက်စွာကြေညာပါတယ်” လို့ဖော်ပြသွားပါတယ်။

အဂူရိုဟာမန်စီးတီးအတွက် ၂၆၀ ဂိုးသွင်းကာဂိုးသွင်းအများဆုံးသူအဖြစ်

စံချိန်တင်ခဲ့သူဖြစ်ပါတယ်။ မန်စီးတီးမှာ ၁၀ နှစ်ကြာကစားခဲ့ပြီး

ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ ၅ ကြိမ်ဆွတ်ခူးခဲ့တဲ့ အဂူရိုဟာ

ပြီးခဲ့တဲ့နွေရာသီက ဘာစီလိုနာကိုပြောင်းသွားပေမယ့် နှလုံးရောဂါကြောင့်

ဘောလုံးကစားခြင်းကနေအနားယူလိုက်ရသူဖြစ်ပါတယ်။

သူ့ရဲ့ပုံစံတူရုပ်တုကို နာမည်ကျော်ပန်းပုပညာရှင်ဖြစ်တဲ့ အန်ဒီစကော့တ်ထံမှာ

အပ်ထားပြီးပြီလို့လည်းသိရပါတယ်။

zawgyi

အဂူ႐ိုခ်န္ထားရစ္တဲ့အေမြအႏွစ္ ၁၀ ႏွစ္ျပည့္အတြက္ ပုံစံတု႐ုပ္တုနဲ႔ဂုဏ္ျပဳမယ့္ မန္စီးတီး

မန္စီးတီးအသင္းဟာ က်ဴပီအာဘက္ကိုအဂူ႐ိုသြင္းခဲ့တဲ့ ေနာက္ဆုံးမိနစ္

အႏိုင္ဂိုးအတြက္ ကစားသမားကိုဂုဏ္ျပဳၿပီး သူ႔ရဲ႕ပုံစံတူ႐ုပ္တုကိုထားရွိကာ

ဂုဏ္ျပဳသြားမယ္လို႔ အတည္ျပဳလိုက္ပါတယ္။ အာဂ်င္တီးနားသားျဖစ္တဲ့

အဂူ႐ို ဟာမန္စီးတီးရဲ႕စံခ်ိန္တင္သြင္းဂိုးရွင္လည္းျဖစ္ၿပီး

၂၀၁၁-၁၂ ေဘာလုံးရာသီေနာက္ဆုံးပြဲမွာ က်ဴပီအာဘက္ကိုနာက်င္အခ်ိန္ပို

၄ မိနစ္မွာအႏိုင္ဂိုးသြင္းယူခဲ့သူပါ။ သူ႔ဂိုးေၾကာင့္မန္စီးတီးဟာ မန္ယူရဲ႕

လက္ထဲကပရီးမီးယားလိဂ္ခ်န္ပီယံဘြဲ႕ကိုရရွိခဲ့ၿပီး လက္ရွိပိုင္ရွင္ေတြ

လက္ထက္မွာ ပထမဆုံးရယူႏိုင္ခဲ့တဲ့ ပရီးမီးယားလိဂ္ဖလားလည္းျဖစ္ခဲ့ပါတယ္။

ဒီပြဲမွာက်ဴပီအာဟာ မန္စီးတီးကို ၂-၀ နဲ႔ႏိုင္ၿပီးမွ ၃-၂ နဲ႔ရႈံးခဲ့ရတာျဖစ္ၿပီး

အဂူ႐ိုရဲ႕ဂိုးဟာၿမိဳ႕ခံၿပိဳင္ဘက္မန္ယူကို အရႈိက္ထိုးလိုက္တဲ့ဂိုးလည္းျဖစ္ခဲ့ပါတယ္။

ဒီပြဲကိုက်င္းပခဲ့တာ ေမ ၁၃ မွာျဖစ္လို႔လာမယ့္ေမ ၁၃ ဆိုရင္

၁၀ ႏွစ္တင္းတင္းျပည့္မွာျဖစ္ပါတယ္။ ဒါေၾကာင့္လည္းလာမယ့္ေမ ၁၃ မွာ

အီတီဟတ္ကြင္းေရွ႕မွာ အဂူ႐ိုရဲ႕႐ုပ္တုကိုထားရွိကာဂုဏ္ျပဳေပးသြားမွာျဖစ္လို႔

ဒီအာဂ်င္တီးနားသားဟာ ကြန္ပနီ၊ ေဒးဗစ္ေဆးလ္ဗား တို႔နဲ႔အတူ

ကြင္းေရွ႕မွာ႐ုပ္တုထားရွိခံရေတာ့မွာျဖစ္ပါတယ္။ ဒီဂုဏ္ျပဳပြဲကို ပရိသတ္

၂၀၀၀ အျပင္အဲဒီတုန္းကခ်န္ပီယံျဖစ္ခဲ့တဲ့ အသင္းသားအခ်ိဳ႕ကိုပါ

ဖိတ္ၾကားသြားမွာျဖစ္ပါတယ္။ ပရိသတ္ေတြထဲကေန မဲႏႈိက္ကာမဲေပါက္တဲ့သူက

စင္ျမင့္ေပၚမွာ အဂူ႐ိုကို အင္တာဗ်ဴးလုပ္ခြင့္ရမယ္လို႔လည္း သိရပါတယ္။

မန္စီးတီးအသင္းကေၾကညာခ်က္ထုတ္ျပန္ရာမွာ”က်ဴပီအာနဲ႔

သမိုင္းဝင္ပြဲမွာ ၉၃း၂၀ မိနစ္မွာ ရခဲ့တဲ့အႏိုင္ဂိုးက ၁၀ ႏွစ္ျပည့္ပါၿပီ။

ဒီပြဲမွာမန္စီးတီးဟာ နာက်င္အခ်ိန္ပိုေရာက္မွ ၂ ဂိုးသြင္းခဲ့လို႔

အားကစားသမိုင္းရဲ႕အႀကီးက်ယ္ဆုံးေသာျပန္လာႏိုင္မႈေတြထဲမွာလည္းပါဝင္ခဲ့ပါတယ္။

ဒီဂိုးေၾကာင့္ မန္စီးတီးဟာ ၄၄ ႏွစ္အတြင္းမွာ ပထမဆုံးအမွတ္ေပး

ခ်န္ပီယံလည္းျဖစ္ခဲ့တာပါ။ ဒီဂိုးဟာ အဂူ႐ိုခ်န္ထားရစ္တဲ့အေမြအႏွစ္ပါ။

ဒီအတြက္သူ႔ကိုဂုဏ္ျပဳမွာျဖစ္ၿပီး အခမ္းအနားအခ်ိဳ႕ကိုလည္းျပဳလုပ္ေပး

သြားမယ္လို႔ ဝမ္းေျမာက္စြာေၾကညာပါတယ္” လို႔ေဖာ္ျပသြားပါတယ္။

အဂူ႐ိုဟာမန္စီးတီးအတြက္ ၂၆၀ ဂိုးသြင္းကာဂိုးသြင္းအမ်ားဆုံးသူအျဖစ္

စံခ်ိန္တင္ခဲ့သူျဖစ္ပါတယ္။ မန္စီးတီးမွာ ၁၀ ႏွစ္ၾကာကစားခဲ့ၿပီး

ပရီးမီးယားလိဂ္ခ်န္ပီယံဘြဲ႕ ၅ ႀကိမ္ဆြတ္ခူးခဲ့တဲ့ အဂူ႐ိုဟာ

ၿပီးခဲ့တဲ့ေႏြရာသီက ဘာစီလိုနာကိုေျပာင္းသြားေပမယ့္ ႏွလုံးေရာဂါေၾကာင့္

ေဘာလုံးကစားျခင္းကေနအနားယူလိုက္ရသူျဖစ္ပါတယ္။

သူ႔ရဲ႕ပုံစံတူ႐ုပ္တုကို နာမည္ေက်ာ္ပန္းပုပညာရွင္ျဖစ္တဲ့ အန္ဒီစေကာ့တ္ထံမွာ

အပ္ထားၿပီးၿပီလို႔လည္းသိရပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*