အခြေအနေဆိုးနေတဲ့ မန်ယူကို ပြန်လည်ကိုင်တွယ်ပေးဖို့ ဖာဂူဆန်ကို ပရိသတ်တစ်ဦးတောင်းဆို

ယူနိုက်တက်ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ကို သရဲနီပရိသတ်တစ်ယောက် အော်ဟစ်တောင်းဆိုခဲ့တဲ့ ဗွီဒီယိုကလစ်တစ်ခု TikTok မှာ လူကြိုက်များနေပါတယ်။ ဖာဂူဆန်ဟာ ၂၀၂၂-၂၃ ရာသီအတွက်

အတိုင်ပင်ခံဆိုတဲ့ ရာထူးသစ်နဲ့ မန်ယူကိုပြန်ရောက်နေပါတယ်။ အသင်းအမှုဆောင်ချုပ် ရစ်ချတ်အာနိုးလ်က စကော့တလန်သားကြီးကို ဒီရာထူးပေးအပ်ပြီး အကူအညီတောင်းထားတာပါ။

အသက် ၈၀ အရွယ် ဂန္ထဝင်နည်းပြကြီးဟာ လာမယ့်လတွေမှာ ရစ်ချတ်အာနိုးလ်၊ ဒေးဗစ်ဂီးလ်၊ ဘရိုင်ယန်ရော့ဘ်ဆန်နဲ့ ဂျွန်မာသော့ချ်တို့ပါဝင်တဲ့ ကလပ်ရဲ့အကြံပေးဘုတ်အဖွဲ့နဲ့အတူ

အလုပ်တွဲလုပ်ရတော့မှာဖြစ်ပါတယ်။ မန်ယူအတွက် ၂၆ နှစ်ကြာ ဆုဖလားတွေရယူပေးပြီးတဲ့နောက် ၂၀၁၃ မှာ အနားယူသွားပေမယ့် ဖာဂူဆန်ဟာ သရဲနီတွေရဲ့အိမ်ကွင်းပွဲစဉ်တွေကိုတော့ ပုံမှန်လာရောက်အားပေးလေ့ရှိပါတယ်။

မကြာခင်ကတော့ အိုးလ်ထရက်ဖို့ဒ်ကွင်းကနေပြန်ထွက်လာပြီး ကားပေါ်တက်တော့မယ့် ဖာဂူဆန်ကို ပရိသတ်တစ်ယောက်က တောင်းဆိုခဲ့တာပါ။ “ အို .. ဘုရားရေ။ သူ ဒီကို ရောက်နေပါလား။

ဖာဂီ .. ဖာဂီ ..။ ပြန်လာပြီး ကျွန်တော်တို့ကို စီမံခန့်ခွဲပါ။ ကျွန်တော်တို့ ခင်ဗျားကို လိုအပ်လို့ပါ ” လို့ ပရိသတ်တစ်ယောက်က အော်ဟစ်တောင်းဆိုခဲ့တာဖြစ်ပါတယ်။ လူအုပ်ထဲက ရယ်သံသဲ့သဲ့ထွက်လာပြီး ဖာဂူဆန်လည်း ပြုံးနေပါတယ်။

ဒါပေမဲ့ ဘာမှမတုံ့ပြန်ဘဲ သူ့ရဲ့ BMW ကားပေါ်တက်သွားခဲ့တာပါ။ မန်ယူအသင်းရဲ့ခေါင်းကိုင်ဖခင်ကြီးဟာ သရဲနီတွေကို ကမ္ဘာ့အကောင်းဆုံးအသင်းတစ်သင်းအဖြစ် ပုံသွင်းပေးခဲ့သလို ဆုဖလားပေါင်း ၃၈ လုံး ဆွတ်ခူးပေးသွားခဲ့တာပါ။

(zawgyi)

ယူႏိုက္တက္ဂႏၴဝင္နည္းျပႀကီး ဆာအဲလက္စ္ဖာဂူဆန္ကို သရဲနီပရိသတ္တစ္ေယာက္ ေအာ္ဟစ္ေတာင္းဆိုခဲ့တဲ့ ဗြီဒီယိုကလစ္တစ္ခု TikTok မွာ လူႀကိဳက္မ်ားေနပါတယ္။ ဖာဂူဆန္ဟာ ၂၀၂၂-၂၃ ရာသီအတြက္

အတိုင္ပင္ခံဆိုတဲ့ ရာထူးသစ္နဲ႔ မန္ယူကိုျပန္ေရာက္ေနပါတယ္။ အသင္းအမႈေဆာင္ခ်ဳပ္ ရစ္ခ်တ္အာႏိုးလ္က စေကာ့တလန္သားႀကီးကို ဒီရာထူးေပးအပ္ၿပီး အကူအညီေတာင္းထားတာပါ။

အသက္ ၈၀ အ႐ြယ္ ဂႏၴဝင္နည္းျပႀကီးဟာ လာမယ့္လေတြမွာ ရစ္ခ်တ္အာႏိုးလ္၊ ေဒးဗစ္ဂီးလ္၊ ဘ႐ိုင္ယန္ေရာ့ဘ္ဆန္နဲ႔ ဂြၽန္မာေသာ့ခ်္တို႔ပါဝင္တဲ့ ကလပ္ရဲ႕အႀကံေပးဘုတ္အဖြဲ႕နဲ႔အတူ အလုပ္တြဲလုပ္ရေတာ့မွာျဖစ္ပါတယ္။

မန္ယူအတြက္ ၂၆ ႏွစ္ၾကာ ဆုဖလားေတြရယူေပးၿပီးတဲ့ေနာက္ ၂၀၁၃ မွာ အနားယူသြားေပမယ့္ ဖာဂူဆန္ဟာ သရဲနီေတြရဲ႕အိမ္ကြင္းပြဲစဥ္ေတြကိုေတာ့ ပုံမွန္လာေရာက္အားေပးေလ့ရွိပါတယ္။

မၾကာခင္ကေတာ့ အိုးလ္ထရက္ဖို႔ဒ္ကြင္းကေနျပန္ထြက္လာၿပီး ကားေပၚတက္ေတာ့မယ့္ ဖာဂူဆန္ကို ပရိသတ္တစ္ေယာက္က ေတာင္းဆိုခဲ့တာပါ။ “ အို .. ဘုရားေရ။ သူ ဒီကို ေရာက္ေနပါလား။

ဖာဂီ .. ဖာဂီ ..။ ျပန္လာၿပီး ကြၽန္ေတာ္တို႔ကို စီမံခန႔္ခြဲပါ။ ကြၽန္ေတာ္တို႔ ခင္ဗ်ားကို လိုအပ္လို႔ပါ ” လို႔ ပရိသတ္တစ္ေယာက္က ေအာ္ဟစ္ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။ လူအုပ္ထဲက ရယ္သံသဲ့သဲ့ထြက္လာၿပီး ဖာဂူဆန္လည္း ၿပဳံးေနပါတယ္။

ဒါေပမဲ့ ဘာမွမတုံ႔ျပန္ဘဲ သူ႔ရဲ႕ BMW ကားေပၚတက္သြားခဲ့တာပါ။ မန္ယူအသင္းရဲ႕ေခါင္းကိုင္ဖခင္ႀကီးဟာ သရဲနီေတြကို ကမာၻ႔အေကာင္းဆုံးအသင္းတစ္သင္းအျဖစ္ ပုံသြင္းေပးခဲ့သလို ဆုဖလားေပါင္း ၃၈ လုံး ဆြတ္ခူးေပးသြားခဲ့တာပါ။