အချိန်ယူရမယ့် ဟာလန်း၊ စတာလင်းကို ဘာကြောင့်ရောင်းတာလဲအပါအဝင် အဂွဲရိုးခန့်မှန်းလိုက်တဲ့ မန်စီးတီးအနာဂတ်

ဒီအချိန်မှာ မန်စီးတီးအကြောင်းကို မိုးပြာရောင်တိုက်စစ်မှူးဟောင်း အဂွဲရိုးသုံးသပ်တာက သဘာဝအကျဆုံး ဖြစ်ပါလိမ့်မယ်။ ကွန်မြူနတီဒိုင်းပွဲမှာ လီဗာပူးလ်ကို ၃-၁ ဂိုးနဲ့ရှုံးထားတဲ့

ဂယက်ကလည်း ရှိနေတယ်လေ။ မန်စီးတီးအတွက် ၃၈၈ ပွဲမှာ ၂၅၉ ဂိုးသွင်းပေးခဲ့တဲ့ ဂန္ထဝင်တိုက်စစ်မှူး မီးမောင်းထိုးပြသွားတဲ့ အဓိကအချက်နှစ်ချက်ရှိပါတယ်။

ပထမအချက်က ပရီးမီးယားလိဂ်မှာအသားကျဖို့ ဟာလန်း အချိန်ယူရမယ်ဆိုတာပါ။ ပေါင် ၆၅.၅ သန်းနဲ့ ဒေါ့တ်မန်ကရောက်လာတဲ့ နော်ဝေတိုက်စစ်မှူးကို

မန်စီးတီးမျှော်လင့်ထားသလို ကာယကံရှင်ကိုယ်တိုင်လည်း ရည်မှန်းချက်တွေရှိနေမှာပါပဲ။ ဒါပေမဲ့ အဂွဲရိုးက လီဗာပူးလ်နဲ့ပွဲမှာ ဗန်ဒိုက်ကို မကျော်နိုင်ခဲ့တဲ့အဖြစ်ကို ထောက်ပြသွားခဲ့ပါတယ်။

“ သူက ဂျာမနီမှာ အသားကျလွန်းခဲ့ပါတယ်။ တစ်ယောက်တည်းလို့ သူထင်နေချိန်မှာ ဗန်ဒိုက်ရောက်လာပြီး ပရီးမီးယားလိဂ်မှကြိုဆိုပါတယ်လို့ လုပ်သွားပါလေရော ” လို့

သူ့ရဲ့ Twich ချန်နယ်ကနေ အဂွဲရိုးကပြောသွားခဲ့တာပါ။ ဒါ့အပြင် “ စတာလင်းကို ဘာလို့ရောင်းတာလဲဆိုတာ ကျွန်တော်နားမလည်ဘူး။ မန်စီးတီးဟာ အဲဒီလို ထူးထူးဆန်းဆန်းတွေ

အများကြီးလုပ်တတ်တယ် ” လို့လည်း သုံးသပ်သွားခဲ့ပါတယ်။ အာဂျင်တီးနားတိုက်စစ်မှူးဟာ မန်စီးတီးမှာ စတာလင်းနဲ့ ၆ ရာသီ အတူကစားခဲ့ဖူးပြီး ချဲလ်ဆီးရောက်သွားတဲ့အင်္ဂလန်သားက ၁၉ ဂိုး ဖန်တီးပေးခဲ့ပါတယ်။

(zawgyi)

ဒီအခ်ိန္မွာ မန္စီးတီးအေၾကာင္းကို မိုးျပာေရာင္တိုက္စစ္မႉးေဟာင္း အဂြဲ႐ိုးသုံးသပ္တာက သဘာဝအက်ဆုံး ျဖစ္ပါလိမ့္မယ္။ ကြန္ျမဴနတီဒိုင္းပြဲမွာ လီဗာပူးလ္ကို ၃-၁ ဂိုးနဲ႔ရႈံးထားတဲ့

ဂယက္ကလည္း ရွိေနတယ္ေလ။ မန္စီးတီးအတြက္ ၃၈၈ ပြဲမွာ ၂၅၉ ဂိုးသြင္းေပးခဲ့တဲ့ ဂႏၴဝင္တိုက္စစ္မႉး မီးေမာင္းထိုးျပသြားတဲ့ အဓိကအခ်က္ႏွစ္ခ်က္ရွိပါတယ္။ ပထမအခ်က္က

ပရီးမီးယားလိဂ္မွာအသားက်ဖို႔ ဟာလန္း အခ်ိန္ယူရမယ္ဆိုတာပါ။ ေပါင္ ၆၅.၅ သန္းနဲ႔ ေဒါ့တ္မန္ကေရာက္လာတဲ့ ေနာ္ေဝတိုက္စစ္မႉးကို မန္စီးတီးေမွ်ာ္လင့္ထားသလို

ကာယကံရွင္ကိုယ္တိုင္လည္း ရည္မွန္းခ်က္ေတြရွိေနမွာပါပဲ။ ဒါေပမဲ့ အဂြဲ႐ိုးက လီဗာပူးလ္နဲ႔ပြဲမွာ ဗန္ဒိုက္ကို မေက်ာ္ႏိုင္ခဲ့တဲ့အျဖစ္ကို ေထာက္ျပသြားခဲ့ပါတယ္။

“ သူက ဂ်ာမနီမွာ အသားက်လြန္းခဲ့ပါတယ္။ တစ္ေယာက္တည္းလို႔ သူထင္ေနခ်ိန္မွာ ဗန္ဒိုက္ေရာက္လာၿပီး ပရီးမီးယားလိဂ္မွႀကိဳဆိုပါတယ္လို႔ လုပ္သြားပါေလေရာ ” လို႔

သူ႔ရဲ႕ Twich ခ်န္နယ္ကေန အဂြဲ႐ိုးကေျပာသြားခဲ့တာပါ။ ဒါ့အျပင္ “ စတာလင္းကို ဘာလို႔ေရာင္းတာလဲဆိုတာ ကြၽန္ေတာ္နားမလည္ဘူး။ မန္စီးတီးဟာ အဲဒီလို ထူးထူးဆန္းဆန္းေတြ

အမ်ားႀကီးလုပ္တတ္တယ္ ” လို႔လည္း သုံးသပ္သြားခဲ့ပါတယ္။ အာဂ်င္တီးနားတိုက္စစ္မႉးဟာ မန္စီးတီးမွာ စတာလင္းနဲ႔ ၆ ရာသီ အတူကစားခဲ့ဖူးၿပီး ခ်ဲလ္ဆီးေရာက္သြားတဲ့အဂၤလန္သားက ၁၉ ဂိုး ဖန္တီးေပးခဲ့ပါတယ္။