အချက်အလက်တွေကပြောတဲ့ ချန်ပီယံလိဂ်ဟောကိန်းမှာ ဘာဘေးရီးယန်းတွေ အတာစားနေတယ်

၂၀၂၂-၂၃ ဘောလုံးရာသီ ချန်ပီယံလိဂ်အုပ်စု ပွဲစဉ်တွေကို အခုကြားရက်မှာ စတင်ယှဉ်ပြိုင်ကစားပြီဖြစ်ပါတယ်။ သန်းခေါင်ယံ ကြယ်လေးတွေ အိပ်တန်းတက်ဖို့ ကြိုးစားနေတဲ့အချိန်မှာ ကမ္ဘာအိုဟာ တိတ်ဆိတ်ငြိမ်သက်နေပေမယ့် ချန်ပီယံလိဂ်တေးသွားတွေ သီကျူးပြီဆိုရင် ကျွန်တော်တို့ဘောလုံးပရိသတ်တွေ

ရင်ခုန်သံမြန်တာချင်း ထပ်တူကျနေမယ်လို့ ယူဆမိပါတယ်။ အဲဒီလို ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ ညချမ်းတွေကို ယူလာပေးတဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲတွေ ပြန်လည်စတင်မှုနဲ့အတူ ရာသီအဆုံးမှာ ချန်ပီယံသရဖူကို ဘယ်အသင်းက ကိုင်မြှောက်နိုင်မှာလဲဆိုတဲ့ မေးခွန်းကလည်း စတင်ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

ဒါပေမဲ့ ဒီမေးခွန်းကို အခုအချိန်အကတည်းက အဖြေထုတ် ပေးထားတာမျိုးတော့ ရှိပါတယ်။ ရာသီအကုန်မှာ ဘယ်အသင်းက ဥရောပ ရဲ့ အခမ်းနားဆုံး ချန်ပီယံဆုကို ဆွတ်ခူးရယူသွားမလဲဆိုတာ ကိန်းဂဏန်းသုတေသီတွေက အဖြေထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ ဒီလိုမျိုး တွက်ချက်အဖြေ ထုတ်ပေးတဲ့နေရာမှာ

အသင်းတစ်သင်းရဲ့ ခံစစ်နဲ့ တိုက်စစ် စွမ်းဆောင်ရည်၊ အုပ်စုတွင်းကနေ ရုန်းထွက်နိုင်မယ့် အနေအထား စတဲ့အချက်အလက်တွေ ကို အခြေခံတွက်ချက်ပြီး အဖြေထုတ်ခဲ့တာပဲ ဖြစ်ပါတယ်။ နာမည်ကျော် ဘွတ်ကီဒိုင်အများစုကတော့ နည်းပြဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းပဲ ဖြစ် လိမ့်မယ်လို့ ညွှန်းဆိုနေကြပြီး

ပြိုင်ပွဲသမိုင်းတစ်လျှောက် နာကျင်ခဲ့ရတဲ့ သူတို့ ရဲ့ ချန်ပီယံလိဂ် အိပ်မက်ဆိုးကို အဆုံးသတ်နိုင်လိမ့်မယ်လို့ ခန့်မှန်းပါတယ်။ ဒါပေမဲ့ SPI လို့ခေါ်တဲ့ ဘောလုံးအင်အား အညွှန်းကိန်းအရဆိုရင်တော့ ဘိုင်ယန်မြူးနစ်ဟာ ဒီရာသီချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်မယ့် အသင်းလို့ ဆိုထားပါတယ်။ SPI ဆိုတာက

သက်ဆိုင်ရာ ပြည်တွင်းအမှတ်ပေးပြိုင်ပွဲအလိုက် ကလပ်အသင်းတွေရဲ့ ရဂိုး/ပေးဂိုး၊ ဂိုးရနိုင်တဲ့ ကန်သွင်းချက်မျိုး၊ ဂိုးမရနိုင်တဲ့ ကန်သွင်းချက်မျိုး စတဲ့ အချက်အလက်တွေအပေါ်မှာ အခြေ ခံတွက်ချက်ပြီး ရရှိလာတဲ့ အညွှန်းကိန်းကို တိုင်းတာတဲ့ စနစ်ဖြစ်ပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ရဲ့ သမားရိုးကျ နည်းလမ်းအတိုင်းမဟုတ်ဘဲ ကြိုတင်ခန့်မှန်းထားတဲ့ စွမ်းဆောင်ရည်အပေါ် အခြေခံထားပြီး ရပ်တည်မှုကို တွက်ချက်တဲ့ SPI ရဲ့ ဖော်ပြချက်အရ ဘိုင်ယန်ဟာ အဆင့်သတ်မှတ်ချက် ၉၃ ဒသမ ၃ ရှိနေပြီး

မန်စီးတီးကတော့ အဆင့်သတ်မှတ်ချက် ၉၂ ဒသမ ၃ ပဲ ရှိခဲ့တာကို တွေ့ရပါတယ်။ ဒါကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲမစခင်မှာပဲ ကိန်းဂဏန်းတွေအဖြေထုတ်ပေးလိုက်တာကတော့ ဘိုင်ယန်မြူးနစ်ဟာ ဥရောပ ချန်ပီယံပါတဲ့။

(zawgyi)

၂၀၂၂-၂၃ ေဘာလုံးရာသီ ခ်န္ပီယံလိဂ္အုပ္စု ပြဲစဥ္ေတြကို အခုၾကားရက္မွာ စတင္ယွဥ္ၿပိဳင္ကစားၿပီျဖစ္ပါတယ္။ သန္းေခါင္ယံ ၾကယ္ေလးေတြ အိပ္တန္းတက္ဖို႔ ႀကိဳးစားေနတဲ့အခ်ိန္မွာ ကမာၻအိုဟာ တိတ္ဆိတ္ၿငိမ္သက္ေနေပမယ့္ ခ်န္ပီယံလိဂ္ေတးသြားေတြ သီက်ဴးၿပီဆိုရင္ ကြၽန္ေတာ္တို႔ေဘာလုံးပရိသတ္ေတြ

ရင္ခုန္သံျမန္တာခ်င္း ထပ္တူက်ေနမယ္လို႔ ယူဆမိပါတယ္။ အဲဒီလို ရင္ခုန္စိတ္လႈပ္ရွားစရာေကာင္းတဲ့ ညခ်မ္းေတြကို ယူလာေပးတဲ့ ခ်န္ပီယံလိဂ္ ၿပိဳင္ပြဲေတြ ျပန္လည္စတင္မႈနဲ႔အတူ ရာသီအဆုံးမွာ ခ်န္ပီယံသရဖူကို ဘယ္အသင္းက ကိုင္ေျမႇာက္ႏိုင္မွာလဲဆိုတဲ့ ေမးခြန္းကလည္း စတင္ထြက္ေပၚလာခဲ့ၿပီျဖစ္ပါတယ္။

ဒါေပမဲ့ ဒီေမးခြန္းကို အခုအခ်ိန္အကတည္းက အေျဖထုတ္ ေပးထားတာမ်ိဳးေတာ့ ရွိပါတယ္။ ရာသီအကုန္မွာ ဘယ္အသင္းက ဥေရာပ ရဲ႕ အခမ္းနားဆုံး ခ်န္ပီယံဆုကို ဆြတ္ခူးရယူသြားမလဲဆိုတာ ကိန္းဂဏန္းသုေတသီေတြက အေျဖထုတ္ေပးလိုက္ၿပီျဖစ္ပါတယ္။ ဒီလိုမ်ိဳး တြက္ခ်က္အေျဖ ထုတ္ေပးတဲ့ေနရာမွာ

အသင္းတစ္သင္းရဲ႕ ခံစစ္နဲ႔ တိုက္စစ္ စြမ္းေဆာင္ရည္၊ အုပ္စုတြင္းကေန ႐ုန္းထြက္ႏိုင္မယ့္ အေနအထား စတဲ့အခ်က္အလက္ေတြ ကို အေျခခံတြက္ခ်က္ၿပီး အေျဖထုတ္ခဲ့တာပဲ ျဖစ္ပါတယ္။ နာမည္ေက်ာ္ ဘြတ္ကီဒိုင္အမ်ားစုကေတာ့ နည္းျပဂြါဒီယိုလာရဲ႕

မန္စီးတီးအသင္းပဲ ျဖစ္ လိမ့္မယ္လို႔ ၫႊန္းဆိုေနၾကၿပီး ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ နာက်င္ခဲ့ရတဲ့ သူတို႔ ရဲ႕ ခ်န္ပီယံလိဂ္ အိပ္မက္ဆိုးကို အဆုံးသတ္ႏိုင္လိမ့္မယ္လို႔ ခန႔္မွန္းပါတယ္။ ဒါေပမဲ့ SPI လို႔ေခၚတဲ့ ေဘာလုံးအင္အား အၫႊန္းကိန္းအရဆိုရင္ေတာ့ ဘိုင္ယန္ျမဴးနစ္ဟာ

ဒီရာသီခ်န္ပီယံလိဂ္ဖလားကို ကိုင္ေျမႇာက္ႏိုင္မယ့္ အသင္းလို႔ ဆိုထားပါတယ္။ SPI ဆိုတာက သက္ဆိုင္ရာ ျပည္တြင္းအမွတ္ေပးၿပိဳင္ပြဲအလိုက္ ကလပ္အသင္းေတြရဲ႕ ရဂိုး/ေပးဂိုး၊ ဂိုးရႏိုင္တဲ့ ကန္သြင္းခ်က္မ်ိဳး၊ ဂိုးမရႏိုင္တဲ့ ကန္သြင္းခ်က္မ်ိဳး စတဲ့ အခ်က္အလက္ေတြအေပၚမွာ

အေျခ ခံတြက္ခ်က္ၿပီး ရရွိလာတဲ့ အၫႊန္းကိန္းကို တိုင္းတာတဲ့ စနစ္ျဖစ္ပါတယ္။ ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္(ဖီဖာ)ရဲ႕ သမား႐ိုးက် နည္းလမ္းအတိုင္းမဟုတ္ဘဲ ႀကိဳတင္ခန႔္မွန္းထားတဲ့ စြမ္းေဆာင္ရည္အေပၚ အေျခခံထားၿပီး ရပ္တည္မႈကို တြက္ခ်က္တဲ့ SPI ရဲ႕ ေဖာ္ျပခ်က္အရ

ဘိုင္ယန္ဟာ အဆင့္သတ္မွတ္ခ်က္ ၉၃ ဒသမ ၃ ရွိေနၿပီး မန္စီးတီးကေတာ့ အဆင့္သတ္မွတ္ခ်က္ ၉၂ ဒသမ ၃ ပဲ ရွိခဲ့တာကို ေတြ႕ရပါတယ္။ ဒါေၾကာင့္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမစခင္မွာပဲ ကိန္းဂဏန္းေတြအေျဖထုတ္ေပးလိုက္တာကေတာ့ ဘိုင္ယန္ျမဴးနစ္ဟာ ဥေရာပ ခ်န္ပီယံပါတဲ့။