အခု ဇန်နဝါရီအပြောင်းအရွှေ့အတွင်း အက်စတွန်ဗီလာကို မက်ဂွိုင်းယား ပြောင်းရွှေ့မှာ မဟုတ်

မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွိုင်းယားဟာ

အခု ဇန်နဝါရီအပြောင်းအရွှေ့အတွင်း အက်စတွန်ဗီလာအသင်းကို
ပြောင်းရွှေ့မှာ မဟုတ်ပါဘူး။

မက်ဂွိုင်းယားဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အက်စတွန်ဗီလာအသင်းရဲ့
လေ့ကျင့်ရေးကွင်းနားက စားသောက်ဆိုင်တစ်ခုမှာ ညစာ,စားသောက်ခဲ့တဲ့
ဓာတ်ပုံတွေ ပေါ်ထွက်လာပြီးတဲ့နောက် ယူနိုက်တက်နဲ့လမ်းခွဲပြီး
အက်စတွန်ဗီလာကို ပြောင်းရွှေ့တော့မှာလားဆိုတဲ့ မေးခွန်းတွေ
ထွက်ပေါ်နေပါတယ်။

ဒီရာသီမှာ နည်းပြအဲရစ်တန်ဟက်က လီဆန်ဒရိုမာတီနက်ဇ်နဲ့ ဗာရန်းတို့ကို
အဓိကဦးစားပေးအသုံးပြုနေတဲ့အတွက် မက်ဂွိုင်းယားတစ်ယောက်

တတိယဦးစားပေးအဆင့်သာရှိနေသလို အခုနောက်ပိုင်းပွဲတွေမှာလည်း
ပွဲထွက်ကစားခွင့် ပျောက်ဆုံးခဲ့ပါတယ်။

အဲဒါကြောင့် မက်ဂွိုင်းယားရဲ့ ယူနိုက်တက်အသင်း အနာဂတ်က မသေချာတော့ဘဲ
အခုအပြောင်းအရွှေ့အတွင်း အသင်းကနေ ထွက်ဖို့ရှိတယ်လို့ သတင်းထွက်နေပါတယ်။
ဒါပေမဲ့လည်း ယူနိုက်တက်အသင်းဟာ သူတို့နောက်ခံလူကို အက်စတွန်ဗီလာ
အသင်းဆီ ရောင်းချသွားမှာ မဟုတ်ဘဲ အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းသွားမှာ
ဖြစ်တယ်လို့ ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့ပါတယ်။

[Zawgyi]




ထွက်ပေါ်နေပါတယ်။



