





စပါးအသင်းရဲ့အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟယ်ရီကိန်းဟာ
အခုနှစ်အတွင်း ကလပ်အသင်းအတွက် မယုံနိုင်လောက်အောင်စွမ်းဆောင်ရည်





ကောင်းတွေပြသနေတာကို The Sun သတင်းစာက အချက်အလက်တွေနဲ့အတူ
ဖော်ပြခဲ့ပါတယ်။ အသက်(၂၈)နှစ်အရွယ်ရှိပြီဖြစ်သူ ဟယ်ရီကိန်းဟာ
နယူးကာဆယ်အသင်းကို(၅-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့်





အကောင်းဆုံးကစားနိုင်ခဲ့ပြီး ဒိုဟာတီရဲ့ဒုတိယဂိုးက သူဖန်တီးပေးခဲ့တာဖြစ်သလို
ကွင်းလယ်အထိဆင်းပြီးတော့ ဆွန်ဟောင်မင်၊ ကူလူဆက်ဗ်စကီးတို့နဲ့





ချိတ်ဆက်ကစားခဲ့ပါတယ်။ ဒီရာသီအစပိုင်းက မန်စီးတီးအသင်းနဲ့အပြောင်းအရွှေ့
သတင်းတွေကြောင့် ခြေစွမ်းမတည်မငြိမ်ဖြစ်ပြီး ဂိုးသွင်းနိုင်ဖို့ရုန်းကန်ခဲ့ရတဲ့
ဟယ်ရီကိန်းဟာ ဒီနှစ်မှာတော့ ကလပ်အသင်းအတွက်သာမက





နိုင်ငံလက်ရွေးစင်အသင်းမှာပါ ပုံမှန်ခြေစွမ်းပြကစားနေပြီဖြစ်ပါတယ်။
၂၀၂၂ နှစ်စပိုင်းကနေ အခုအချိန်အထိ ပရီးမီးယားလိဂ်မှာ ဟယ်ရီကိန်းရဲ့





စွမ်းဆောင်ရည်မှတ်တမ်းကို The Sun သတင်းစာက ဖော်ပြခဲ့ပြီး
ကဏ္ဍအသီးသီးမှာ ဟယ်ရီကိန်းက ထိပ်ဆုံးဖြစ်ခဲ့ပါတယ်။
အခုနှစ်ထဲမှာ ဟယ်ရီကိန်းသွင်းယူခဲ့တဲ့ဂိုးအရေအတွက်က (၈)ဂိုးအထိရှိပြီး





ဒီကာလအတွင်းသွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နေသလို
ဂိုးဖန်တီးမှုအပိုင်းမှာလည်း (၅)ကြိမ်ပြုလုပ်ခဲ့တာကြောင့် အသင်းဖော်





ကူလူဆက်ဗ်စကီး၊ လီဗာပူးလ်နောက်ခံလူ ရော်ဘတ်ဆင်၊
ဘရန့်ဖို့ဒ်အသင်းက ဘူမိုတို့နဲ့အတူ အကြိမ်အများဆုံးဖြစ်နေပါတယ်။
ဂိုးပေါက်ကန်သွင်းမှုအပိုင်းမှာတော့ ဟယ်ရီကိန်းကို ဘယ်သူမှမမီဘဲ





(၅၅)ကြိမ်နဲ့အများဆုံးဖြစ်နေတဲ့အပြင် အဲဒီထဲက (၂၂)ကြိမ်က ဂိုးပေါက်
တည့်ခဲ့တဲ့အတွက် ဂိုးပေါက်တည့်မှုအများဆုံးအဖြစ် ရပ်တည်နေပါတယ်။





ဒါ့အပြင် အသင်းဖော်တွေကို ဘောလုံးလမ်းကြောင်းခင်းပေးနိုင်မှု
(through-balls)အကြိမ်မှာလည်း (၁၁)ကြိမ်နဲ့ တခြားကစားသမားတွေထက်
သာလွန်နေတာဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ဟယ်ရီကိန်းအနေနဲ့





အခုခြေစွမ်းကို လာမယ့်၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း
ဆက်လက်ပြသပြီး (၅၆)နှစ်ကြာဝေးကွာနေတဲ့ ချန်ပီယံဆုဖလားရယူပေးနိုင်ဖို့ မျှော်လင့်နေကြပါပြီ။





zawgyi
အခုႏွစ္အတြင္း မထင္မွတ္ေလာက္ေအာင္စြမ္းေဆာင္ရည္ေကာင္းေတြျပသေနတဲ့ ဟယ္ရီကိန္း
စပါးအသင္းရဲ႕အဂၤလန္လက္ေ႐ြးစင္တိုက္စစ္မႉးဟယ္ရီကိန္းဟာ





အခုႏွစ္အတြင္း ကလပ္အသင္းအတြက္ မယုံႏိုင္ေလာက္ေအာင္စြမ္းေဆာင္ရည္
ေကာင္းေတြျပသေနတာကို The Sun သတင္းစာက အခ်က္အလက္ေတြနဲ႔အတူ





ေဖာ္ျပခဲ့ပါတယ္။ အသက္(၂၈)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဟယ္ရီကိန္းဟာ
နယူးကာဆယ္အသင္းကို(၅-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ဂိုးမသြင္းႏိုင္ခဲ့ေပမယ့္
အေကာင္းဆုံးကစားႏိုင္ခဲ့ၿပီး ဒိုဟာတီရဲ႕ဒုတိယဂိုးက သူဖန္တီးေပးခဲ့တာျဖစ္သလို





ကြင္းလယ္အထိဆင္းၿပီးေတာ့ ဆြန္ေဟာင္မင္၊ ကူလူဆက္ဗ္စကီးတို႔နဲ႔
ခ်ိတ္ဆက္ကစားခဲ့ပါတယ္။ ဒီရာသီအစပိုင္းက မန္စီးတီးအသင္းနဲ႔အေျပာင္းအေ႐ႊ႕





သတင္းေတြေၾကာင့္ ေျခစြမ္းမတည္မၿငိမ္ျဖစ္ၿပီး ဂိုးသြင္းႏိုင္ဖို႔႐ုန္းကန္ခဲ့ရတဲ့
ဟယ္ရီကိန္းဟာ ဒီႏွစ္မွာေတာ့ ကလပ္အသင္းအတြက္သာမက
ႏိုင္ငံလက္ေ႐ြးစင္အသင္းမွာပါ ပုံမွန္ေျခစြမ္းျပကစားေနၿပီျဖစ္ပါတယ္။





၂၀၂၂ ႏွစ္စပိုင္းကေန အခုအခ်ိန္အထိ ပရီးမီးယားလိဂ္မွာ ဟယ္ရီကိန္းရဲ႕
စြမ္းေဆာင္ရည္မွတ္တမ္းကို The Sun သတင္းစာက ေဖာ္ျပခဲ့ၿပီး





က႑အသီးသီးမွာ ဟယ္ရီကိန္းက ထိပ္ဆုံးျဖစ္ခဲ့ပါတယ္။
အခုႏွစ္ထဲမွာ ဟယ္ရီကိန္းသြင္းယူခဲ့တဲ့ဂိုးအေရအတြက္က (၈)ဂိုးအထိရွိၿပီး
ဒီကာလအတြင္းသြင္းဂိုးအမ်ားဆုံးကစားသမားအျဖစ္ ရပ္တည္ေနသလို





ဂိုးဖန္တီးမႈအပိုင္းမွာလည္း (၅)ႀကိမ္ျပဳလုပ္ခဲ့တာေၾကာင့္ အသင္းေဖာ္
ကူလူဆက္ဗ္စကီး၊ လီဗာပူးလ္ေနာက္ခံလူ ေရာ္ဘတ္ဆင္၊





ဘရန႔္ဖို႔ဒ္အသင္းက ဘူမိုတို႔နဲ႔အတူ အႀကိမ္အမ်ားဆုံးျဖစ္ေနပါတယ္။
ဂိုးေပါက္ကန္သြင္းမႈအပိုင္းမွာေတာ့ ဟယ္ရီကိန္းကို ဘယ္သူမွမမီဘဲ
(၅၅)ႀကိမ္နဲ႔အမ်ားဆုံးျဖစ္ေနတဲ့အျပင္ အဲဒီထဲက (၂၂)ႀကိမ္က ဂိုးေပါက္





တည့္ခဲ့တဲ့အတြက္ ဂိုးေပါက္တည့္မႈအမ်ားဆုံးအျဖစ္ ရပ္တည္ေနပါတယ္။
ဒါ့အျပင္ အသင္းေဖာ္ေတြကို ေဘာလုံးလမ္းေၾကာင္းခင္းေပးႏိုင္မႈ





(through-balls)အႀကိမ္မွာလည္း (၁၁)ႀကိမ္နဲ႔ တျခားကစားသမားေတြထက္
သာလြန္ေနတာျဖစ္ပါတယ္။ ပရိသတ္ေတြကေတာ့ ဟယ္ရီကိန္းအေနနဲ႔
အခုေျခစြမ္းကို လာမယ့္၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာလည္း





ဆက္လက္ျပသၿပီး (၅၆)ႏွစ္ၾကာေဝးကြာေနတဲ့ ခ်န္ပီယံဆုဖလားရယူေပးႏိုင္ဖို႔ ေမွ်ာ္လင့္ေနၾကပါၿပီ။
Leave a Reply