
ရီးယဲလ်နောက်ခံလူ ဒေးဗစ်အလာဘာဟာ FIFA The Best ဆု
အတွက် အသင်းရဲ့ အခါးသီးဆုံးရန်ဘက်ဖြစ်သူ မက်ဆီကို မဲပေးခဲ့တဲ့
အတွက် အွန်လိုင်းပေါ်မှာ လူမျိုးရေးခွဲခြားမှုတွေနဲ့ ရင်ဆိုင်နေရပြီး
အလာဘာကတော့ မက်ဆီကို မဲပေးခဲ့တာက သူတစ်ယောက်တည်း
ဆုံးဖြတ်ချက်မဟုတ်ဘဲ သြစတြီးယားအသင်းရဲ့ ဆုံးဖြတ်ချက်သာ
ဖြစ်တယ်လို့ ဖြေရှင်းခဲ့ပါတယ်။
၂၀၂၂ FIFA The Best ဆုပေးပွဲအခမ်းအနားကို ပဲရစ်မြို့မှာ ကျင်းပခဲ့ပြီး
အာဂျင်တီးနား,နာမည်ကျော်ကစားသမား မက်ဆီဟာ ၂၀၁၉ နောက်ပိုင်း
ဒုတိယအကြိမ်မြောက်အဖြစ် အကောင်းဆုံးဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။
FIFA The Best ဆုကို လက်ရွေးစင်အသင်းနည်းပြတွေ၊ အသင်း
ခေါင်းဆောင်တွေနဲ့ ကမ္ဘာတစ်ဝန်းက ဂျာနယ်လစ်တွေ မဲပေးရွေးချယ်ခဲ့တာ
ဖြစ်ပြီး ဆုပေးပွဲအပြီးမှာ ဖီဖာက မဲစာရင်းအပြည့်အစုံကို တရားဝင်ထုတ်ပြန်
ကြေညာခဲ့ပါတယ်။
အဲဒီစာရင်းအရ သြစတြီးယားလက်ရွေးစင်အသင်းခေါင်းဆောင်
အလာဘာဟာ ကလပ်အသင်းဖော် ဘန်ဇီမာကို ပထမနေရာအတွက်
မဲမပေးဘဲ ဘာစီလိုနာကစားသမားဟောင်း မက်ဆီကို အံ့အားသင့်စရာ
မဲပေးခဲ့ပြီး အလာဘာဟာ ဘန်ဇီမာနဲ့ ဘာပေကို ဒုတိယနဲ့ တတိယနေရာ
အတွက်သာ မဲပေးခဲ့တာဖြစ်ပါတယ်။
မက်ဆီဟာ ရီးယဲလ်အသင်း အခါးသီးဆုံးပြိုင်ဘက် ဘာစီလိုနာအသင်းဂန္ထဝင်
အဖြစ် သတ်မှတ်ခံထားရတဲ့အတွက် အလာဘာရဲ့ မဲပေးမှုအပေါ် ရီးယဲလ်
ပရိသတ်တွေက ဒေါသပေါက်ကွဲနေကြပြီး Twitter မှာ ‘မျောက်’Emoji တွေ
Comment ရေးသားခဲ့သလို ‘ရီးယဲလ်ကနေ ထွက်သွားတော့’လို့ ဝေဖန်ခဲ့ပါတယ်။
[Zawgyi]
ရီးယဲလ္ေနာက္ခံလူ ေဒးဗစ္အလာဘာဟာ FIFA The Best ဆု
အတြက္ အသင္းရဲ႕ အခါးသီးဆုံးရန္ဘက္ျဖစ္သူ မက္ဆီကို မဲေပးခဲ့တဲ့
အတြက္ အြန္လိုင္းေပၚမွာ လူမ်ိဳးေရးခြဲျခားမႈေတြနဲ႔ ရင္ဆိုင္ေနရၿပီး
အလာဘာကေတာ့ မက္ဆီကို မဲေပးခဲ့တာက သူတစ္ေယာက္တည္း
ဆုံးျဖတ္ခ်က္မဟုတ္ဘဲ ၾသစႀတီးယားအသင္းရဲ႕ ဆုံးျဖတ္ခ်က္သာ
ျဖစ္တယ္လို႔ ေျဖရွင္းခဲ့ပါတယ္။
၂၀၂၂ FIFA The Best ဆုေပးပြဲအခမ္းအနားကို ပဲရစ္ၿမိဳ႕မွာ က်င္းပခဲ့ၿပီး
အာဂ်င္တီးနား,နာမည္ေက်ာ္ကစားသမား မက္ဆီဟာ ၂၀၁၉ ေနာက္ပိုင္း
ဒုတိယအႀကိမ္ေျမာက္အျဖစ္ အေကာင္းဆုံးဆု ဆြတ္ခူးႏိုင္ခဲ့ပါတယ္။
FIFA The Best ဆုကို လက္ေ႐ြးစင္အသင္းနည္းျပေတြ၊ အသင္း
ေခါင္းေဆာင္ေတြနဲ႔ ကမာၻတစ္ဝန္းက ဂ်ာနယ္လစ္ေတြ မဲေပးေ႐ြးခ်ယ္ခဲ့တာ
ျဖစ္ၿပီး ဆုေပးပြဲအၿပီးမွာ ဖီဖာက မဲစာရင္းအျပည့္အစုံကို တရားဝင္ထုတ္ျပန္
ေၾကညာခဲ့ပါတယ္။
အဲဒီစာရင္းအရ ၾသစႀတီးယားလက္ေ႐ြးစင္အသင္းေခါင္းေဆာင္
အလာဘာဟာ ကလပ္အသင္းေဖာ္ ဘန္ဇီမာကို ပထမေနရာအတြက္
မဲမေပးဘဲ ဘာစီလိုနာကစားသမားေဟာင္း မက္ဆီကို အံ့အားသင့္စရာ
မဲေပးခဲ့ၿပီး အလာဘာဟာ ဘန္ဇီမာနဲ႔ ဘာေပကို ဒုတိယနဲ႔ တတိယေနရာ
အတြက္သာ မဲေပးခဲ့တာျဖစ္ပါတယ္။
မက္ဆီဟာ ရီးယဲလ္အသင္း အခါးသီးဆုံးၿပိဳင္ဘက္ ဘာစီလိုနာအသင္းဂႏၴဝင္
အျဖစ္ သတ္မွတ္ခံထားရတဲ့အတြက္ အလာဘာရဲ႕ မဲေပးမႈအေပၚ ရီးယဲလ္
ပရိသတ္ေတြက ေဒါသေပါက္ကြဲေနၾကၿပီး Twitter မွာ ‘ေမ်ာက္’Emoji ေတြ
Comment ေရးသားခဲ့သလို ‘ရီးယဲလ္ကေန ထြက္သြားေတာ့’လို႔ ေဝဖန္ခဲ့ပါတယ္။