ဘောလုံးပရိသတ်တချို့ဟာ သူတို့အားပေးတဲ့ အသင်း အနိုင်ရဖို့ ညစ်နည်းလေးတွေ
သုံးတတ်ကြပါတယ်။ မရိုးနိုင်အောင် သုံးတဲ့နည်းကတော့ ပြိုင်ဘက်အသင်း
တည်းခိုတဲ့ ဟိုတယ်နားမှာ ဆူဆူညံညံဖြစ်အောင် ဖန်တီးကြတာပဲဖြစ်ပါတယ်။
ယူရိုပါလိဂ်ပွဲအဖြစ် ကစားခဲ့တဲ့ ကိုပင်ဟေဂင်နဲ့ PSV ပွဲတုန်းက
ကိုပင်ဟေဂင် ပရိသတ်တွေဟာ PSV ကစားသမားတွေ အနှောင့်အယှက်ဖြစ်ပြီး
အိပ်မရအောင် ဟိုတယ်ရှေ့သွားပြီး မီးရှူးမီးပန်းတွေ ပစ်ဖောက်ကာ
နှောင့်ယှက်ခဲ့ကြပါတယ်။ ဒါပေမယ့် အဆိုပါဟိုတယ်မှာ PSV အသင်းက တည်းခိုခြင်းမရှိခဲ့ပါဘူး။
အဲဒီ အကြောင်းကို PSV ကစားသမား ဂေ့ါဇီက “ကျွန်တော်တို့သိလို့
အဲဒီဟိုတယ်ရှေ့ကားရပ်ပြီး တည်းခိုတဲ့ပုံစံလုပ်တာပါ၊ အခြားဟိုတယ်တစ်ခုမှာ
ကျွန်တော်တို့သွားတည်းပြီး ကောင်းကောင်းအိပ်ပျော်ခဲ့ပါတယ်” လို့ ဆိုပါတယ်။
အဆိုပါပွဲမှာ PSV က ဝ-၄ နဲ့ အနိုင်ရခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၄-၈ နဲ့
နောက်တစ်ဆင့်ကို တက်သွားခဲ့ပါတယ်။
zawgyi
အကြံဆိုးရှိတဲ့ ပရိသတ်တွေထက် ခေါင်းတစ်လုံးသာခဲ့လို့ ကောင်းကောင်းအိပ်ခဲ့ရတဲ့ PSV အသင်းသားများ
အဲဒီ အကြောင်းကို PSV ကစားသမား ဂေါ့ဇီက “ကျွန်တော်တို့သိလို့
Leave a Reply