အကြံကြီးပေမယ့် အကြီးကြီးကျန်ခဲ့တဲ့ မန်ယူရဲ့နွေဈေးကွက်ဗျူဟာ

ပြီးခဲ့တဲ့ အပြောင်းအရွှေ့ဈေးကွက်မှာ မန်ယူအသင်း တစ်ပတ်အတွင်းခေါ်ယူဖို့ ရည်ရွယ်ခဲ့တဲ့ ကစားသမားဦးရေ ၁၅ ယောက်ရှိခဲ့ပြီး အဲဒီ ၁၅ ယောက်လုံးကို နောက်ဆုံးမှာတော့ သူတို့ကိုယ်တိုင်ပဲ ပြန်လည်ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ နွေရာသီဈေးကွက်ဟာ မန်ယူအတွက်

တစ်ထောင့်တစ်ညပုံပြင်တွေလို ရှည်လျားခဲ့ပြီး ဖရန်ကီဒီဂျောင်၊ ရာဘီယော့၊ အာနူတိုဗစ်၊ ဒီပေး အစရှိတဲ့ ကစားသမားတွေနဲ့ နားထောင်လို့တော့ ကောင်း ခဲ့တာအမှန်ပါ။ မန်ယူဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်ကနေပြီး ၂၁ ရက် အတွင်းမှာ ကစားသမား ၁၅ ယောက်အထိကို ကမ်းလှမ်းမှုပြုလုပ်ခဲ့တဲ့ အသင်းပါ။

ဒါက သူတို့အပိုင်းဖြစ်ပြီး တစ်ဖက်မှာတော့ အဲဒီကစားသမားတွေကို သက်ဆိုင်တဲ့အသင်းက ရောင်းမှာလား၊ မရောင်းဘူးလား။ ဒါမှမဟုတ် အေးဂျင့်ကပဲ အသိအမှတ် မပြုတာလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ အေဂျက်ဇ်တောင်ပံတိုက်စစ်မှူး အန်တိုနီကို အပြီးသတ်မခေါ်ယူနိုင်ခင် ယူနိုက်တက်တို့

အမဲလိုက်ထွက်ခဲ့တာကတော့ ဘာစီလိုနာတိုက်စစ်မှူး ဒီပေးပါ။ နောက်ပြီး ချဲလ်ဆီးရဲ တိုက်စစ်အားသန်ကွင်းလယ်လူ ပူလီဆစ်ကိုလည်း သရဲနီတို့ စိတ်ဝင်စားခဲ့ပါတယ်။ ဒါပေမဲ့ အငှားနဲ့သာ ခေါ်ယူလိုတာဖြစ်ပြီး ချဲလ်ဆီးက အပြီးရောင်းချင်တာကြောင့် အလုပ်မဖြစ်ခဲ့ဘူးလို့ အပြောင်းအရွှေ့စပါရှယ်လစ် သတင်းထောက်

ဖာဘရီဇီယိုရိုမာနိုရဲ့ ပြောဆိုချက်အရ သိရပါတယ်။ အက်သလက်တီကိုရဲ့ ကာရက်စ်ကို၊ နာပိုလီရဲ့ လိုဇာနိုတို့လည်း မန်ယူရဲ့ ပစ်မှတ်ထဲမှာ ပါခဲ့တာပါပဲ။ ဒါပေမဲ့ နံပါတ်တစ် ဦးစားပေးအဆင့်မျိုးတော့ မဟုတ်ခဲ့ဘူး။ မန်ယူဟာ ကက်စ်မီရိုကို မရခဲ့ဘူးဆိုရင်လည်း ပါရီဒက်စ်နဲ့ ဂျူဗင်တပ်ကွင်းလယ်လူ မက္ကန်နီတို့ကို

ခေါ်ဖို့ ကြံရွယ်ခဲ့ပါသေးတယ်။ နောက်ပြီး ညာနောက်ခံလူတစ်ဦးကိုလည်း ပစ်မှတ်ထားခဲ့ပြီး အဲဒီကစားသမားကတော့ ဘာစီလိုနာကနေ အေစီမီလန်မှာ အငှားနဲ့သွားကစားနေတဲ့ ဆာဂျီနိုဒက်စ်ပဲ ဖြစ်ပါတယ်။ အဲဒီလိုမျိုး အပြောင်းအရွှေ့ မူဝါဒ အမျိုးမျိုးနဲ့ ရှုပ်ထွေးမှုတွေရှိနေလို့

မန်ယူဘုတ်အဖွဲ့ဝင်တွေအပေါ် ဝေဖန်မှုတွေရှိခဲ့ပေမယ့် တကယ်တမ်းမှာတော့ အဲဒီကစားသမားအကုန်လုံးဟာ အိုးလ်ထရက်ဖို့ဒ်ကို ရောက်မလာခဲ့ကြပါဘူး။ တကယ်တော့ ပြီးခဲ့တဲ့ နွေရာသီဈေးကွက်မှာ ယူနိုက်တက်ဟာ အကြံကြီးခဲ့ပေမယ့် အကြီးကြီးကျန်ခဲ့တာပါ။

(zawgyi)

ၿပီးခဲ့တဲ့ အေျပာင္းအေ႐ႊ႕ေဈးကြက္မွာ မန္ယူအသင္း တစ္ပတ္အတြင္းေခၚယူဖို႔ ရည္႐ြယ္ခဲ့တဲ့ ကစားသမားဦးေရ ၁၅ ေယာက္ရွိခဲ့ၿပီး အဲဒီ ၁၅ ေယာက္လုံးကို ေနာက္ဆုံးမွာေတာ့ သူတို႔ကိုယ္တိုင္ပဲ ျပန္လည္ျငင္းဆန္ခဲ့တယ္လို႔ သိရပါတယ္။ ၿပီးခဲ့တဲ့ ေႏြရာသီေဈးကြက္ဟာ မန္ယူအတြက္

တစ္ေထာင့္တစ္ညပုံျပင္ေတြလို ရွည္လ်ားခဲ့ၿပီး ဖရန္ကီဒီေဂ်ာင္၊ ရာဘီေယာ့၊ အာႏူတိုဗစ္၊ ဒီေပး အစရွိတဲ့ ကစားသမားေတြနဲ႔ နားေထာင္လို႔ေတာ့ ေကာင္း ခဲ့တာအမွန္ပါ။ မန္ယူဟာ ၿပီးခဲ့တဲ့ ၾသဂုတ္လ ၁၅ ရက္ကေနၿပီး ၂၁ ရက္ အတြင္းမွာ ကစားသမား ၁၅ ေယာက္အထိကို ကမ္းလွမ္းမႈျပဳလုပ္ခဲ့တဲ့ အသင္းပါ။

ဒါက သူတို႔အပိုင္းျဖစ္ၿပီး တစ္ဖက္မွာေတာ့ အဲဒီကစားသမားေတြကို သက္ဆိုင္တဲ့အသင္းက ေရာင္းမွာလား၊ မေရာင္းဘူးလား။ ဒါမွမဟုတ္ ေအးဂ်င့္ကပဲ အသိအမွတ္ မျပဳတာလားဆိုတာေတာ့ ရွင္းရွင္းလင္းလင္း မသိရပါဘူး။ ေအဂ်က္ဇ္ေတာင္ပံတိုက္စစ္မႉး အန္တိုနီကို အၿပီးသတ္မေခၚယူႏိုင္ခင္ ယူႏိုက္တက္တို႔

အမဲလိုက္ထြက္ခဲ့တာကေတာ့ ဘာစီလိုနာတိုက္စစ္မႉး ဒီေပးပါ။ ေနာက္ၿပီး ခ်ဲလ္ဆီးရဲ တိုက္စစ္အားသန္ကြင္းလယ္လူ ပူလီဆစ္ကိုလည္း သရဲနီတို႔ စိတ္ဝင္စားခဲ့ပါတယ္။ ဒါေပမဲ့ အငွားနဲ႔သာ ေခၚယူလိုတာျဖစ္ၿပီး ခ်ဲလ္ဆီးက အၿပီးေရာင္းခ်င္တာေၾကာင့္ အလုပ္မျဖစ္ခဲ့ဘူးလို႔ အေျပာင္းအေ႐ႊ႕စပါရွယ္လစ္ သတင္းေထာက္

ဖာဘရီဇီယို႐ိုမာႏိုရဲ႕ ေျပာဆိုခ်က္အရ သိရပါတယ္။ အက္သလက္တီကိုရဲ႕ ကာရက္စ္ကို၊ နာပိုလီရဲ႕ လိုဇာႏိုတို႔လည္း မန္ယူရဲ႕ ပစ္မွတ္ထဲမွာ ပါခဲ့တာပါပဲ။ ဒါေပမဲ့ နံပါတ္တစ္ ဦးစားေပးအဆင့္မ်ိဳးေတာ့ မဟုတ္ခဲ့ဘူး။ မန္ယူဟာ ကက္စ္မီ႐ိုကို မရခဲ့ဘူးဆိုရင္လည္း ပါရီဒက္စ္နဲ႔ ဂ်ဴဗင္တပ္ကြင္းလယ္လူ မကၠန္နီတို႔ကို ေခၚဖို႔ ႀကံ႐ြယ္ခဲ့ပါေသးတယ္။

ေနာက္ၿပီး ညာေနာက္ခံလူတစ္ဦးကိုလည္း ပစ္မွတ္ထားခဲ့ၿပီး အဲဒီကစားသမားကေတာ့ ဘာစီလိုနာကေန ေအစီမီလန္မွာ အငွားနဲ႔သြားကစားေနတဲ့ ဆာဂ်ီႏိုဒက္စ္ပဲ ျဖစ္ပါတယ္။ အဲဒီလိုမ်ိဳး အေျပာင္းအေ႐ႊ႕ မူဝါဒ အမ်ိဳးမ်ိဳးနဲ႔ ရႈပ္ေထြးမႈေတြရွိေနလို႔

မန္ယူဘုတ္အဖြဲ႕ဝင္ေတြအေပၚ ေဝဖန္မႈေတြရွိခဲ့ေပမယ့္ တကယ္တမ္းမွာေတာ့ အဲဒီကစားသမားအကုန္လုံးဟာ အိုးလ္ထရက္ဖို႔ဒ္ကို ေရာက္မလာခဲ့ၾကပါဘူး။ တကယ္ေတာ့ ၿပီးခဲ့တဲ့ ေႏြရာသီေဈးကြက္မွာ ယူႏိုက္တက္ဟာ အႀကံႀကီးခဲ့ေပမယ့္ အႀကီးႀကီးက်န္ခဲ့တာပါ။