ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားပေါင်း ၄ ကြိမ်ကစားခဲ့ပြီးဖြစ်ကာ
အခုတစ်ခါလည်း မြောက်မက်ဆီဒိုးနီးယားတို့ကို မဖြစ်မနေအနိုင်ယူပြီး
ငါးကြိမ်မြောက်နဲ့ နောက်ဆုံးအကြိမ်ဖြစ်နိုင်တဲ့ကမ္ဘာ့ဖလားကို
ကစားခွင့်ရဖို့ ရည်ရွယ်ချက်ပြင်းပြနေပါတယ်။
ပေါ်တိုမှာ ကစားရမယ့် ဒီပွဲစဉ်မှာ အနိုင်ရတဲ့အသင်းက ကာတာကို
အရောက်သွားဖို့ လက်မှတ်ရရှိမှာဖြစ်ပါတယ်။
ကမ္ဘာ့ဖလားခြေစစ်ပွဲမတိုင်ခင် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့
စီရော်နယ်ဒိုက သူ့အနေနဲ့ အနားယူမယ့် ကိစ္စကို ခံစားချက်နဲ့
စဉ်းစားမှာ ဖြစ်ကြောင်း ပြောဆိုလာပါတယ်။ စီရော်နယ်ဒိုက ” ဘာကြောင့်
တူညီတဲ့မေးခွန်းတွေကိုပဲ မေးခံနေရတယ်ဆိုတာ မသိပါဘူး။
ကျွန်တော်ရဲ့အနာဂတ်ကို ဆုံးဖြတ်နိုင်တဲ့သူက ကျွန်တော်တစ်ယောက်တည်း ရှိပါတယ်။”
“အခြားဘယ်သူမှမဟုတ်ပါဘူး။ နောက်ထပ်ကစားချင်တဲ့စိတ်မျိုး
ကျွန်တော်ခံစားရတယ်ဆိုရင် ကျွန်တော်ကစားမယ်။
နောက်ထပ်ကစားချင်တဲ့စိတ်မျိုး ကျွန်တော်မခံစားရဘူးဆိုရင် မကစားဘူး။
ကျွန်တော်ကိုယ်တိုင်က ကြီးကြပ်သူပဲ။ ဒါပါပဲ” ဆိုပြီး ပြောပါတယ်။
လက်ရှိမှာ အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ စီရော်နယ်ဒိုအနေနဲ့ ၂၀၂၂ ခုနှစ်
ကမ္ဘာ့ဖလားပြိုင်ပွဲဟာ သူရဲ့နောက်ဆုံးပြိုင်ပွဲ ဖြစ်နိုင်ပါတယ်။
အသက် ၄၁ နှစ်အရွယ်မှာ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ကစားနိုင်ပါ့မလား?
zawgyi
အကြိမ်တိုင်း အနားယူမယ့်ကိစ္စပဲ အမေးခံနေရလို့ ဒေါသပေါက်ကွဲလာတဲ့ ရော်နယ်ဒို
Leave a Reply