အကျီချင်းလဲပြီးနောက် အကြီးကျယ်ဆုံးတွေထဲကတစ်ယောက်လို့ ဆွန်ကို နေမာချီးကျူး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကြာသပတေးနေ့က ဆိုးလ်မှာကစားခဲ့တဲ့ ခြေစမ်းပွဲမှာ တောင်ကိုးရီးယားတိုက်စစ်မှုး

ဆွန်ဟောင်မင်ဟာ သူ့ role model ကစားးသမားဖြစ်တဲ့ နေမာနဲ့ ဆုံတွေ့ခဲ့ရပါတယ်။

သက်ဆိုင်ရာနိုင်ငံအသင်းတွေရဲ့ကပ္ပတိန်တွေလည်း ဖြစ်ကြတဲ့ နှစ်ယောက်စလုံးဟာ

ပွဲအပြီးမှာ အဝတ်အစားလဲခန်းထဲမှာ အပြန်အလှန်အင်္ကျီလဲခဲ့ကြတာပါ။

အဲဒီလိုအင်္ကျီချင်းလဲခဲ့ကြပြီးနောက် နေမာဟာ ဆွန်ဟောင်မင်ကို

ဘောလုံးသမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးကစားမားတွေထဲက

တစ်ယောက်လို့ ချီးကျူးလိုက်ပါတယ်။ နေမာဟာ ဆွန်ဟောင်မင်နဲ့

အင်္ကျီချင်းလဲတဲ့ပုံကို သူ့ရဲ့ Instagram မှာ တင်ခဲ့တာပါ။

အဲဒီမှာ ”ဘောလုံးသမိုင်းရဲ့အကြီးကျယ်ဆုံး နှစ်ယောက်”လို့ caption ထိုးခဲ့ပါတယ်။

နေမာအနေနဲ့ တောင်ကိုရီးယားနဲ့ခြေစမ်းပွဲက သွင်းဂိုး ၂ ဂိုးကြောင့် ဘရာဇီး

သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသူဖြစ်တဲ့ ပီလီရဲ့စံချိန်ကို ကျော်ဖြတ်နိုင်ဖို့

နောက်ထပ် ၅ ဂိုးသာ လိုအပ်တော့တာပါ။ ဆွန်ဟောင်မင်ကတော့ နေမာလို

နိုင်ငံအသင်းအတွက် အဲဒီလိုစွမ်းဆောင်နိုင်ဖို့ဆို အများကြီးကြိုးစားရပါဦးမယ်။

ဘရာဇီးနဲ့ခြေစမ်းပွဲဟာ နိုင်ငံအသင်းအတွက် သူ့ရဲ့ ၉၉ ပွဲမြောက်ဖြစ်ပါတယ်။

အခုချိန်ထိတော့ သူဟာ တောင်ကိုရီးယားအတွက် ၃၁ ဂိုးသွင်းပေးထားပြီး

နိုင်ငံအသင်းသမိုင်းရဲ့ဂိုးအများဆုံးသွင်းသူစာရင်းမှာ အဆင့် ၆ နေရာရောက်နေတာပါ။

၁၉၇၂ ကနေ ၁၉၈၆ အတွင်း သွင်းယူခဲ့တဲ့ ချာဘွန်ကွန်းရဲ့စံချိန်ကို

ချိုးနိုင်ဖို့ဆို နောက်ထပ် ၂၈ ဂိုးတောင် လိုအပ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အက်ီခ်င္းလဲၿပီးေနာက္ အႀကီးက်ယ္ဆုံးေတြထဲကတစ္ေယာက္လို႔ ဆြန္ကို ေနမာခ်ီးက်ဴး

ၾကာသပေတးေန႔က ဆိုးလ္မွာကစားခဲ့တဲ့ ေျခစမ္းပြဲမွာ ေတာင္ကိုးရီးယားတိုက္စစ္မႈး

ဆြန္ေဟာင္မင္ဟာ သူ႔ role model ကစားးသမားျဖစ္တဲ့ ေနမာနဲ႔ ဆုံေတြ႕ခဲ့ရပါတယ္။

သက္ဆိုင္ရာႏိုင္ငံအသင္းေတြရဲ႕ကပၸတိန္ေတြလည္း ျဖစ္ၾကတဲ့ ႏွစ္ေယာက္စလုံးဟာ

ပြဲအၿပီးမွာ အဝတ္အစားလဲခန္းထဲမွာ အျပန္အလွန္အက်ႌလဲခဲ့ၾကတာပါ။

အဲဒီလိုအက်ႌခ်င္းလဲခဲ့ၾကၿပီးေနာက္ ေနမာဟာ ဆြန္ေဟာင္မင္ကို

ေဘာလုံးသမိုင္းတစ္ေလွ်ာက္ အႀကီးက်ယ္ဆုံးကစားမားေတြထဲက

တစ္ေယာက္လို႔ ခ်ီးက်ဴးလိုက္ပါတယ္။ ေနမာဟာ ဆြန္ေဟာင္မင္နဲ႔

အက်ႌခ်င္းလဲတဲ့ပုံကို သူ႔ရဲ႕ Instagram မွာ တင္ခဲ့တာပါ။

အဲဒီမွာ ”ေဘာလုံးသမိုင္းရဲ႕အႀကီးက်ယ္ဆုံး ႏွစ္ေယာက္”လို႔ caption ထိုးခဲ့ပါတယ္။

ေနမာအေနနဲ႔ ေတာင္ကိုရီးယားနဲ႔ေျခစမ္းပြဲက သြင္းဂိုး ၂ ဂိုးေၾကာင့္ ဘရာဇီး

သမိုင္းတစ္ေလွ်ာက္ ဂိုးအမ်ားဆုံးသြင္းသူျဖစ္တဲ့ ပီလီရဲ႕စံခ်ိန္ကို ေက်ာ္ျဖတ္ႏိုင္ဖို႔

ေနာက္ထပ္ ၅ ဂိုးသာ လိုအပ္ေတာ့တာပါ။ ဆြန္ေဟာင္မင္ကေတာ့ ေနမာလို

ႏိုင္ငံအသင္းအတြက္ အဲဒီလိုစြမ္းေဆာင္ႏိုင္ဖို႔ဆို အမ်ားႀကီးႀကိဳးစားရပါဦးမယ္။

ဘရာဇီးနဲ႔ေျခစမ္းပြဲဟာ ႏိုင္ငံအသင္းအတြက္ သူ႔ရဲ႕ ၉၉ ပြဲေျမာက္ျဖစ္ပါတယ္။

အခုခ်ိန္ထိေတာ့ သူဟာ ေတာင္ကိုရီးယားအတြက္ ၃၁ ဂိုးသြင္းေပးထားၿပီး

ႏိုင္ငံအသင္းသမိုင္းရဲ႕ဂိုးအမ်ားဆုံးသြင္းသူစာရင္းမွာ အဆင့္ ၆ ေနရာေရာက္ေနတာပါ။

၁၉၇၂ ကေန ၁၉၈၆ အတြင္း သြင္းယူခဲ့တဲ့ ခ်ာဘြန္ကြန္းရဲ႕စံခ်ိန္ကို

ခ်ိဳးႏိုင္ဖို႔ဆို ေနာက္ထပ္ ၂၈ ဂိုးေတာင္ လိုအပ္ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*