အက်သလက်တီကိုအသင်းရဲ့ ချန်ပီယံလိဂ်ကြမ္မာကောင်းတစ်ခုက မန်စီးတီးအတွက် စိုးရိမ်စရာဖြစ်လာနိုင်မလား?

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့အဖြစ် မန်စီးတီးနဲ့

အက်သလက်တီကိုတို့ကစားခဲ့တဲ့ပွဲမှာ အိမ်ရှင်အသင်းက ဒီဘရိုင်းနားရဲ့

တစ်လုံးတည်းသောဂိုးနဲ့အနိုင်ရခဲ့ပေမယ့် အက်သလက်တီကိုအသင်းရဲ့

ကြမ္မာကောင်းတစ်ခုကြောင့် နောက်တစ်ဆင့်တက်နိုင်ဖို့ စိုးရိမ်နေရဆဲပါပဲ။

အက်သလက်တီကိုအသင်းဟာ မန်စီးတီးနဲ့ပွဲမှာ ခံစစ်ကိုပဲ ဦးစားပေးကစားခဲ့ပြီး

နည်းပြဆီမြွန်နီရဲ့(၅-၅-ဝ)ကစားကွက်ကြောင့်ဝေဖန်မှုတွေထွက်ပေါ်နေပေမယ့်

သူတို့အသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲ ရှုံးထွက်အဆင့်ပထမအကျော့အဝေးကွင်းပွဲတွေမှာ

တစ်ဂိုးအကွာနဲ့ရှုံးနိမ့်တဲ့ပွဲတိုင်း အိမ်ကွင်းမှာရလဒ်ကောင်းပြန်ယူပြီးတော့

နောက်တစ်ဆင့်တက်နိုင်ခဲ့တဲ့ မှတ်တမ်းကောင်းပိုင်ဆိုင်ထားလို့ မန်စီးတီးကို

ကျော်ဖြတ်နိုင်ဖို့မျှော်လင့်ချက်ရှိနေပါတယ်။ ၂၀၁၄-၁၅ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ

ရှုံးထွက်(၁၆)သင်းအဆင့်မှာ အက်သလက်တီကိုနဲ့လေဗာကူဆင်တို့ဆုံတွေ့ခဲ့ပြီး

ပထမအကျော့မှာ လေဗာကူဆင်က(၁-ဝ)ဂိုးနဲ့အနိုင်ရခဲ့ပေမယ့် ဒုတိယအကျော့အိမ်ကွင်းပွဲမှာ

အက်သလက်တီကိုအသင်းဟာ(၁-ဝ)ဂိုးနဲ့အနိုင်ရခဲ့တာကြောင့် ပယ်နယ်တီ

အဆုံးအဖြတ်ခဲ့ရသလို အက်သလက်တီကိုအသင်းက (၃-၂)ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။

အဲဒီနောက် ၂၀၁၅-၁၆ ရာသီ ကွာတားဖိုင်နယ်ပွဲမှာ အက်သလက်တီကိုအသင်းဟာ

ဘာစီလိုနာနဲ့ဆုံတွေ့ခဲ့တော့ ဘာစီလိုနာအသင်းက နူးကမ့်မှာ ဆွာရက်ဇ်ရဲ့ဂိုးတွေနဲ့

(၂-ဝ)ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် ဆီမီးဖိုင်နယ်တက်ဖို့သေချာသွားပြီလို့

အားလုံးထင်ကြေးပေးခဲ့ကြပါတယ်။ ဒါပေမဲ့ ဒုတိယအကျော့မှာတော့

အက်သလက်တီကိုအသင်းက ဂရစ်ဇ်မန်းသွင်းယူခဲ့တဲ့ဂိုးတွေကြောင့်

ဘာစီလိုနာကို(၂-ဝ)ဂိုးနဲ့ပြန်လည်အနိုင်ယူပြီး ဆီမီးဖိုင်နယ်အဆင့်ကို

တက်ရောက်ခဲ့ပြန်ပါတယ်။ ဒီလိုမှတ်တမ်းကောင်းတွေပိုင်ဆိုင်ထားတဲ့အတွက်

ဂွါဒီယိုလာရဲ့မန်စီးတီးအသင်း အိမ်ကွင်းမှာအနိုင်ရခဲ့ပေမယ့် ဒုတိယအကျော့မှာ

အက်သလက်တီကိုအသင်းကို သတိထားရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။

zawgyi

အက္သလက္တီကိုအသင္းရဲ႕ ခ်န္ပီယံလိဂ္ၾကမၼာေကာင္းတစ္ခုက မန္စီးတီးအတြက္ စိုးရိမ္စရာျဖစ္လာႏိုင္မလား?

ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ပထမအေက်ာ့အျဖစ္ မန္စီးတီးနဲ႔

အက္သလက္တီကိုတို႔ကစားခဲ့တဲ့ပြဲမွာ အိမ္ရွင္အသင္းက ဒီဘ႐ိုင္းနားရဲ႕

တစ္လုံးတည္းေသာဂိုးနဲ႔အႏိုင္ရခဲ့ေပမယ့္ အက္သလက္တီကိုအသင္းရဲ႕

ၾကမၼာေကာင္းတစ္ခုေၾကာင့္ ေနာက္တစ္ဆင့္တက္ႏိုင္ဖို႔ စိုးရိမ္ေနရဆဲပါပဲ။

အက္သလက္တီကိုအသင္းဟာ မန္စီးတီးနဲ႔ပြဲမွာ ခံစစ္ကိုပဲ ဦးစားေပးကစားခဲ့ၿပီး

နည္းျပဆီႁမြန္နီရဲ႕(၅-၅-ဝ)ကစားကြက္ေၾကာင့္ေဝဖန္မႈေတြထြက္ေပၚေနေပမယ့္

သူတို႔အသင္းက ခ်န္ပီယံလိဂ္ၿပိဳင္ပြဲ ရႈံးထြက္အဆင့္ပထမအေက်ာ့အေဝးကြင္းပြဲေတြမွာ

တစ္ဂိုးအကြာနဲ႔ရႈံးနိမ့္တဲ့ပြဲတိုင္း အိမ္ကြင္းမွာရလဒ္ေကာင္းျပန္ယူၿပီးေတာ့

ေနာက္တစ္ဆင့္တက္ႏိုင္ခဲ့တဲ့ မွတ္တမ္းေကာင္းပိုင္ဆိုင္ထားလို႔ မန္စီးတီးကို

ေက်ာ္ျဖတ္ႏိုင္ဖို႔ေမွ်ာ္လင့္ခ်က္ရွိေနပါတယ္။ ၂၀၁၄-၁၅ ရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲ

ရႈံးထြက္(၁၆)သင္းအဆင့္မွာ အက္သလက္တီကိုနဲ႔ေလဗာကူဆင္တို႔ဆုံေတြ႕ခဲ့ၿပီး

ပထမအေက်ာ့မွာ ေလဗာကူဆင္က(၁-ဝ)ဂိုးနဲ႔အႏိုင္ရခဲ့ေပမယ့္ ဒုတိယအေက်ာ့အိမ္ကြင္းပြဲမွာ

အက္သလက္တီကိုအသင္းဟာ(၁-ဝ)ဂိုးနဲ႔အႏိုင္ရခဲ့တာေၾကာင့္ ပယ္နယ္တီ

အဆုံးအျဖတ္ခဲ့ရသလို အက္သလက္တီကိုအသင္းက (၃-၂)ဂိုးနဲ႔အႏိုင္ရခဲ့ပါတယ္။

အဲဒီေနာက္ ၂၀၁၅-၁၆ ရာသီ ကြာတားဖိုင္နယ္ပြဲမွာ အက္သလက္တီကိုအသင္းဟာ

ဘာစီလိုနာနဲ႔ဆုံေတြ႕ခဲ့ေတာ့ ဘာစီလိုနာအသင္းက ႏူးကမ့္မွာ ဆြာရက္ဇ္ရဲ႕ဂိုးေတြနဲ႔

(၂-ဝ)ဂိုးျပတ္အႏိုင္ရခဲ့တာေၾကာင့္ ဆီမီးဖိုင္နယ္တက္ဖို႔ေသခ်ာသြားၿပီလို႔

အားလုံးထင္ေၾကးေပးခဲ့ၾကပါတယ္။ ဒါေပမဲ့ ဒုတိယအေက်ာ့မွာေတာ့

အက္သလက္တီကိုအသင္းက ဂရစ္ဇ္မန္းသြင္းယူခဲ့တဲ့ဂိုးေတြေၾကာင့္

ဘာစီလိုနာကို(၂-ဝ)ဂိုးနဲ႔ျပန္လည္အႏိုင္ယူၿပီး ဆီမီးဖိုင္နယ္အဆင့္ကို

တက္ေရာက္ခဲ့ျပန္ပါတယ္။ ဒီလိုမွတ္တမ္းေကာင္းေတြပိုင္ဆိုင္ထားတဲ့အတြက္

ဂြါဒီယိုလာရဲ႕မန္စီးတီးအသင္း အိမ္ကြင္းမွာအႏိုင္ရခဲ့ေပမယ့္ ဒုတိယအေက်ာ့မွာ

အက္သလက္တီကိုအသင္းကို သတိထားရင္ဆိုင္ရမွာပဲျဖစ္ပါတယ္။