
အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲတွေအပြီးမှာ ဆီမီးဖိုင်နယ်အတွက်
ပွဲတွေထွက်ပေါ်လာတော့ အားလုံးရင်ခုန်စိတ်လှုပ်ရှားကြရမယ့်
ပွဲကြီးပွဲကောင်းတစ်ပွဲပါဝင်နေပါတယ်။ အဲဒါကတော့ လက်ရှိပရီးမီးယားလိဂ်
ထိပ်ဆုံးနှစ်သင်းဖြစ်တဲ့ မန်စီးတီးနဲ့လီဗာပူးတို့ ရင်ဆိုင်တွေ့နေကြတာဖြစ်ပြီး
တစ်ဖက်က ဆီမီးပွဲမှာတော့ လန်ဒန်နှစ်သင်းဖြစ်တဲ့ ချဲလ်ဆီးနဲ့ ပဲလေ့စ်တို့
တွေ့နေကြတာပါ။ မန်စီးတီးနဲ့ လီဗာပူးတို့နှစ်သင်းစလုံးက ဒီရာသီပရီးမီးယားလိဂ်မှာ
ဘယ်ပြိုင်ဘက်ထက်မဆို ပခုံးတစ်လုံးပိုမြင့်နေကြတာလည်း ဖြစ်ပါတယ်။
လက်ရှိပရီးမီးယားလိဂ်ပြေးလမ်းထဲမှာ ၁ မှတ်အကွာနဲ့ အကြိတ်အနယ်
ဖြစ်နေကြတဲ့နှစ်သင်းဟာ အက်ဖ်အေဖလားမှာလည်း ဗိုလ်လုပွဲမရောင်ခင်
ဆုံတွေ့နေကြတာပါ။ ဖြစ်ချင်တော့ နှစ်သင်းစလုံးက ဒီရာသီမှာ ဆုဖလားများစွာ
လမ်းကြောင်းပေါ် ရှိနေကြတာ ဖြစ်ပါတယ်။ ကာရာဘောင်းဖလားမှာ ဗိုလ်စွဲထားတဲ့
လီဗာပူးဟာ ပရီးမီယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားတို့မှာလည်း
ဗိုလ်စွဲနိုင်တာကြောင့် ဖလား ၄ လုံးအိပ်မက်မက်ခွင့်ရှိနေတာပါ။
မန်စီးတီးကလည်း ဖလား ၃ လုံးလမ်းကြောင်းပေါ်မှာ အခိုင်အမာ
ရပ်တည်ထားတဲ့အသင်းဖြစ်ပါတယ်။ အခုတော့ သူတို့နှစ်သင်းဟာ ပြိုင်ပွဲတစ်ခုမှာ
တည့်တည့်တိုးမိကြပြီး လာမယ့် ဧပြီ ၁၆ ရက်နေ့ ဝင်ဘလေကွင်းမှာ
ဘယ်သူက စိန်ခေါ်နိုင်သူအစစ်လည်းဆိုတာ သိကြရတော့မှာပါ။
ဒါ့အပြင် လီဗာပူးနဲ့မန်စီးတီးတို့ဟာ အဲဒီဆီမီးပွဲမတိုင်ခင် လာမယ့်
ဧပြီ ၁၀ ရက်နေ့ အီတီဟတ်ကွင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက်
အဆုံးအဖြတ်ပွဲကစားရပါဦးမယ်။ မန်စီးတီးနဲ့ရင်ဆိုင်ရမယ့် အက်ဖ်အေဆီမီးပွဲနဲ့
ပတ်သက်လို့ ကလော့ပ်က ”ပွဲမကန်ခင်ကတည်းက ဗိုလ်လုပွဲလမ်းကြောင်းမှာ
ကျွန်တော်တို့ဟာ မန်စီးတီးကိုရင်ဆိုင်ရမှာလို့ ကျွန်တော်တို့သိထားပြီးသားပါ။
ဒီအခြေအနေကို ကျွန်တော်တို့ရော စီးတီးပါ အရမ်းကြိုက်မှာ မဟုတ်ပါဘူး။
ဒါပေမဲ့ အဆုံးသတ်နားနီးလေ ကျွန်တော်တို့နှစ်သင်းတွေ့နိုင်ခြေက ပိုများလေပါပဲ။
သူတို့က အရမ်းကောင်းတဲ့အသင်းဆိုတော့ သူတို့နဲ့အပတ်တိုင်းတော့
ဘယ်ကစားချင်ပါ့မလဲ”လို့ ပြောကြားခဲ့ပါတယ်။
zawgyi
ဘယ္သူက ဖလား ၄ လုံး၊ ၃ လုံး အိပ္မက္ကုိ မက္ခြင့္ရသြားမလဲ?
အက္ဖ္ေအဖလားကြာတားဖိုင္နယ္ပြဲေတြအၿပီးမွာ ဆီမီးဖိုင္နယ္အတြက္
ပြဲေတြထြက္ေပၚလာေတာ့ အားလုံးရင္ခုန္စိတ္လႈပ္ရွားၾကရမယ့္
ပြဲႀကီးပြဲေကာင္းတစ္ပြဲပါဝင္ေနပါတယ္။ အဲဒါကေတာ့ လက္ရွိပရီးမီးယားလိဂ္
ထိပ္ဆုံးႏွစ္သင္းျဖစ္တဲ့ မန္စီးတီးနဲ႔လီဗာပူးတို႔ ရင္ဆိုင္ေတြ႕ေနၾကတာျဖစ္ၿပီး
တစ္ဖက္က ဆီမီးပြဲမွာေတာ့ လန္ဒန္ႏွစ္သင္းျဖစ္တဲ့ ခ်ဲလ္ဆီးနဲ႔ ပဲေလ့စ္တို႔
ေတြ႕ေနၾကတာပါ။ မန္စီးတီးနဲ႔ လီဗာပူးတို႔ႏွစ္သင္းစလုံးက ဒီရာသီပရီးမီးယားလိဂ္မွာ
ဘယ္ၿပိဳင္ဘက္ထက္မဆို ပခုံးတစ္လုံးပိုျမင့္ေနၾကတာလည္း ျဖစ္ပါတယ္။
လက္ရွိပရီးမီးယားလိဂ္ေျပးလမ္းထဲမွာ ၁ မွတ္အကြာနဲ႔ အႀကိတ္အနယ္
ျဖစ္ေနၾကတဲ့ႏွစ္သင္းဟာ အက္ဖ္ေအဖလားမွာလည္း ဗိုလ္လုပြဲမေရာင္ခင္
ဆုံေတြ႕ေနၾကတာပါ။ ျဖစ္ခ်င္ေတာ့ ႏွစ္သင္းစလုံးက ဒီရာသီမွာ ဆုဖလားမ်ားစြာ
လမ္းေၾကာင္းေပၚ ရွိေနၾကတာ ျဖစ္ပါတယ္။ ကာရာေဘာင္းဖလားမွာ ဗိုလ္စြဲထားတဲ့
လီဗာပူးဟာ ပရီးမီယားလိဂ္၊ ခ်န္ပီယံလိဂ္နဲ႔ အက္ဖ္ေအဖလားတို႔မွာလည္း
ဗိုလ္စြဲႏိုင္တာေၾကာင့္ ဖလား ၄ လုံးအိပ္မက္မက္ခြင့္ရွိေနတာပါ။
မန္စီးတီးကလည္း ဖလား ၃ လုံးလမ္းေၾကာင္းေပၚမွာ အခိုင္အမာ
ရပ္တည္ထားတဲ့အသင္းျဖစ္ပါတယ္။ အခုေတာ့ သူတို႔ႏွစ္သင္းဟာ ၿပိဳင္ပြဲတစ္ခုမွာ
တည့္တည့္တိုးမိၾကၿပီး လာမယ့္ ဧၿပီ ၁၆ ရက္ေန႔ ဝင္ဘေလကြင္းမွာ
ဘယ္သူက စိန္ေခၚႏိုင္သူအစစ္လည္းဆိုတာ သိၾကရေတာ့မွာပါ။
ဒါ့အျပင္ လီဗာပူးနဲ႔မန္စီးတီးတို႔ဟာ အဲဒီဆီမီးပြဲမတိုင္ခင္ လာမယ့္
ဧၿပီ ၁၀ ရက္ေန႔ အီတီဟတ္ကြင္းမွာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္
အဆုံးအျဖတ္ပြဲကစားရပါဦးမယ္။ မန္စီးတီးနဲ႔ရင္ဆိုင္ရမယ့္ အက္ဖ္ေအဆီမီးပြဲနဲ႔
ပတ္သက္လို႔ ကေလာ့ပ္က ”ပြဲမကန္ခင္ကတည္းက ဗိုလ္လုပြဲလမ္းေၾကာင္းမွာ
ကြၽန္ေတာ္တို႔ဟာ မန္စီးတီးကိုရင္ဆိုင္ရမွာလို႔ ကြၽန္ေတာ္တို႔သိထားၿပီးသားပါ။
ဒီအေျခအေနကို ကြၽန္ေတာ္တို႔ေရာ စီးတီးပါ အရမ္းႀကိဳက္မွာ မဟုတ္ပါဘူး။
ဒါေပမဲ့ အဆုံးသတ္နားနီးေလ ကြၽန္ေတာ္တို႔ႏွစ္သင္းေတြ႕ႏိုင္ေျခက ပိုမ်ားေလပါပဲ။
သူတို႔က အရမ္းေကာင္းတဲ့အသင္းဆိုေတာ့ သူတို႔နဲ႔အပတ္တိုင္းေတာ့
ဘယ္ကစားခ်င္ပါ့မလဲ”လို႔ ေျပာၾကားခဲ့ပါတယ္။
Leave a Reply