
အာဂျင်တီးနားအသင်းရဲ့ လူငယ်ကြယ်ပွင့်ကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ဟာ
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လူငယ်အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
အသက်(၂၁)နှစ်သာရှိသေးတဲ့ အန်ဇိုဖာနန်ဒက်ဇ်ဟာ ပြိုင်ပွဲတစ်လျှောက်မှာ
အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ပြီး မက္ကဆီကိုနဲ့ အုပ်စုတွင်းပွဲတုန်းက
ဂိုးသွင်းယူခဲ့တာကြောင့် မက်ဆီနောက်ပိုင်း ကမ္ဘာ့ဖလားပွဲစဉ်တစ်ပွဲမှာ အာဂျင်တီးနား
အတွက် ဂိုးသွင်းနိုင်တဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ပြင်သစ်နဲ့ကစားခဲ့တဲ့ ဗိုလ်လုပွဲမှာ အန်ဇိုဖာနန်ဒက်ဇ်ရဲ့ စွမ်းဆောင်ရည်မှတ်တမ်းကို
ကြည့်မယ်ဆိုရင် ဘောလုံးထိချက် (၁၁၈)ကြိမ်၊ အောင်မြင်တဲ့ ဘောလုံးပေးပို့မှု
(၇၇)ကြိမ်၊ ဘောလုံးဖျက်ထုတ်နိုင်မှု (၁၀)ကြိမ်ရှိခဲ့ပါတယ်။
၂၀၀၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲတုန်းက အီတလီဂန္ထဝင်ကွင်းလယ်လူ ဂတ်တူဆိုဟာ
ဘောလုံးဖျက်ထုတ်မှု (Tackles)အကြိမ်ပေါင်း (၁၅)ကြိမ်အထိပြုလုပ်ခဲ့ပြီး
အခု အန်ဇိုဖာနန်ဒက်ဇ်က ဂတ်တူဆိုနောက်ပိုင်း ကမ္ဘာ့ဖလားဗိုလ်လုပွဲတစ်ပွဲမှာ
ဘောလုံးဖျက်ထုတ်မှု အများဆုံးပြုလုပ်သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဒီလို ခြေစွမ်းကောင်းတွေပြသနိုင်တာကြောင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့
အကောင်းဆုံးလူငယ်ကစားသမားဆုကို အန်ဇိုဖာနန်ဒက်ဇ်က ဘယ်လင်ဂမ်၊
ဂွန်ကာလိုရာမို့စ်၊ ချူအာမီနီစတဲ့ နာမည်ကျော်တွေကို ကျော်ဖြတ်ပြီး
ဆွတ်ခူးနိုင်တာဖြစ်သလို တောင်အမေရိက,ကစားသမားတွေထဲမှာ
ကမ္ဘာ့ဖလားလူငယ်အကောင်းဆုံးဆု ရယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ်
စံချိန်တင်ခဲ့ပါတယ်။
အသက်အရွယ်နဲ့မလိုက်အောင် ကွင်းလယ်ဗိုလ်ချုပ်အဖြစ် ကစားနိုင်တဲ့
အန်ဇိုဖာနန်ဒက်ဇ်ကို ခေါ်ယူဖို့ ယူနိုက်တက်ပရိသတ်တွေက အသည်းအသန်
တောင်းဆိုနေကြပြီဖြစ်ပါတယ်။
[Zawgyi]
အာဂ်င္တီးနားအသင္းရဲ႕ လူငယ္ၾကယ္ပြင့္ကြင္းလယ္လူ အန္ဇိုဖာနန္ဒက္ဇ္ဟာ
၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ လူငယ္အေကာင္းဆုံးကစားသမားဆုကို ဆြတ္ခူးႏိုင္ခဲ့ပါတယ္။
အသက္(၂၁)ႏွစ္သာရွိေသးတဲ့ အန္ဇိုဖာနန္ဒက္ဇ္ဟာ ၿပိဳင္ပြဲတစ္ေလွ်ာက္မွာ
အေကာင္းဆုံးေျခစြမ္းျပကစားႏိုင္ခဲ့ၿပီး မကၠဆီကိုနဲ႔ အုပ္စုတြင္းပြဲတုန္းက
ဂိုးသြင္းယူခဲ့တာေၾကာင့္ မက္ဆီေနာက္ပိုင္း ကမာၻ႔ဖလားပြဲစဥ္တစ္ပြဲမွာ အာဂ်င္တီးနား
အတြက္ ဂိုးသြင္းႏိုင္တဲ့ အသက္အငယ္ဆုံးကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။
ျပင္သစ္နဲ႔ကစားခဲ့တဲ့ ဗိုလ္လုပြဲမွာ အန္ဇိုဖာနန္ဒက္ဇ္ရဲ႕ စြမ္းေဆာင္ရည္မွတ္တမ္းကို
ၾကည့္မယ္ဆိုရင္ ေဘာလုံးထိခ်က္ (၁၁၈)ႀကိမ္၊ ေအာင္ျမင္တဲ့ ေဘာလုံးေပးပို႔မႈ
(၇၇)ႀကိမ္၊ ေဘာလုံးဖ်က္ထုတ္ႏိုင္မႈ (၁၀)ႀကိမ္ရွိခဲ့ပါတယ္။
၂၀၀၆ ကမာၻ႔ဖလားဗိုလ္လုပြဲတုန္းက အီတလီဂႏၴဝင္ကြင္းလယ္လူ ဂတ္တူဆိုဟာ
ေဘာလုံးဖ်က္ထုတ္မႈ (Tackles)အႀကိမ္ေပါင္း (၁၅)ႀကိမ္အထိျပဳလုပ္ခဲ့ၿပီး
အခု အန္ဇိုဖာနန္ဒက္ဇ္က ဂတ္တူဆိုေနာက္ပိုင္း ကမာၻ႔ဖလားဗိုလ္လုပြဲတစ္ပြဲမွာ
ေဘာလုံးဖ်က္ထုတ္မႈ အမ်ားဆုံးျပဳလုပ္သူအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။
ဒီလို ေျခစြမ္းေကာင္းေတြျပသႏိုင္တာေၾကာင့္ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲရဲ႕
အေကာင္းဆုံးလူငယ္ကစားသမားဆုကို အန္ဇိုဖာနန္ဒက္ဇ္က ဘယ္လင္ဂမ္၊
ဂြန္ကာလိုရာမို႔စ္၊ ခ်ဴအာမီနီစတဲ့ နာမည္ေက်ာ္ေတြကို ေက်ာ္ျဖတ္ၿပီး
ဆြတ္ခူးႏိုင္တာျဖစ္သလို ေတာင္အေမရိက,ကစားသမားေတြထဲမွာ
ကမာၻ႔ဖလားလူငယ္အေကာင္းဆုံးဆု ရယူႏိုင္တဲ့ ပထမဆုံးကစားသမားအျဖစ္
စံခ်ိန္တင္ခဲ့ပါတယ္။
အသက္အ႐ြယ္နဲ႔မလိုက္ေအာင္ ကြင္းလယ္ဗိုလ္ခ်ဳပ္အျဖစ္ ကစားႏိုင္တဲ့
အန္ဇိုဖာနန္ဒက္ဇ္ကို ေခၚယူဖို႔ ယူႏိုက္တက္ပရိသတ္ေတြက အသည္းအသန္
ေတာင္းဆိုေနၾကၿပီျဖစ္ပါတယ္။