





ချဲလ်ဆီးဟာ အင်္ဂါညက ဘာနေဗျူးမှာ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက်
အကောင်းဆုံးပြန်လာနိုင်မှုတွေထဲက တစ်ခုကို လုပ်နိုင်တော့မလိုရှိခဲ့ပေမယ့်





အချိန်ပိုမှာ ဘင်ဇီမာရဲ့ဂိုးကို ခွင့်ပြုလိုက်ရလို့ အသည်းကွဲခဲ့ရပါတယ်။
ပထမအကျော့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဘင်ဇီမာရဲ့ဟက်ထရစ်ကြောင့် ခြင်္သေ့ပြာတို့
ပြန်မလာနိုင်တော့ဘူလို့ အတော်များများက ထင်မှတ်ခဲ့ကြတာပါ။





ဒါပေမဲ့ တူချယ်ရဲ့အသင်းသားတွေဟာ စပိန်မြေက ဒုတိယအကျော့မှာ
အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့ပြီး ၃-၀ နဲ့တောင် ဦးဆောင်နိုင်ခဲ့ပါတယ်။





ပထမပိုင်းကို မေဆန်မောင့်ရဲ့အစောပိုင်းသွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး
ဒုတိယပိုင်းမှာလည်း ရူဒီဂါနဲ့ တီမိုဝါနာတို့ရဲ့သွင်းယူမှုတွေကြောင့် မိနစ် ၈၀ နီးပါးအထိ
၃-၀ ဖြစ်နေခဲ့ကာ ဆီမီးတက်မလိုတောင် ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ မိနစ် ၈၀ အရောက်မှာ





မိုဒရစ်ရဲ့မယုံနိုင်ဖွယ်ဖန်တီးမှုကနေ ရိုဒီရီဂိုရဲ့ပိတ်သွင်းမှုကြောင့် ၃-၁ ဖြစ်သွားပြီး
အချိန်ပိုမိနစ် ၃၀ ဆက်ကစားခဲ့ရပါတယ်။ အချိန်ပိုပထမပိုင်းအစမှာပဲ





ဗီနီစီးယက်စ်ရဲ့ဖန်တီးမှုကနေ ဘင်ဇီမာရဲ့သွင်းယူနိုင်မှုကြောင့် ရီးရဲလ်က
ပြန်လည်ဦးဆောင်နိုင်တဲ့အနေအထားဖြစ်သွားတယ်။
အချိန်ပိုဒုတိယပိုင်းမှာ ဇီယက်ချ်၊ ဟာဗက်ဇ်နဲ့ ဂျော်ဂျင်ဟိုတို့ဟာ





အခွင့်အရေးတွေရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ထိ
ရောက်မသွားခဲ့တာပါ။ လက်ရှိချန်ပီယံဆုကို မကွာကွယ်နိုင်တော့ပေမယ့်





အဲဒီပွဲက ချဲလ်ဆီးရဲ့တုံ့ပြန်နိုင်မှုဟာ ချီးကျူးစရာဖြစ်သွားပါတယ်။
အထူးသဖြင့် ချဲလ်ဆီးဟာ အကောင်းဆုံးကစားနိုင်ခဲ့ပေမယ့် ကြေကွစရာ
ကောင်းလောက်အောင်ပဲ ပြိုင်ပွဲက ထွက်ခဲ့ရတာပါ။





ဒီလိုစွမ်းဆောင်နိုင်မှုကြောင့် နည်းပြတူချယ်ကလည်း ချန်ပီယံလိဂ်က
ထွက်ခဲ့ရပေမယ့် နောင်တရစရာ ဘာအကြောင်းမှ မရှိဘူးလို့ အခိုင်အမာဆိုခဲ့ပါတယ်။





zawgyi
အေကာင္းဆုံးျပန္လာခဲ့မႈနဲ႔အတူ အေကာင္းဆုံးအ႐ႈံးသမားရလာဒ္ကုိ ပူးတြဲရရွိခဲ့တဲ့ ခ်ဲလ္ဆီး
ခ်ဲလ္ဆီးဟာ အဂၤါညက ဘာေနဗ်ဴးမွာ ခ်န္ပီယံလိဂ္သမိုင္းတစ္ေလွ်ာက္





အေကာင္းဆုံးျပန္လာႏိုင္မႈေတြထဲက တစ္ခုကို လုပ္ႏိုင္ေတာ့မလိုရွိခဲ့ေပမယ့္
အခ်ိန္ပိုမွာ ဘင္ဇီမာရဲ႕ဂိုးကို ခြင့္ျပဳလိုက္ရလို႔ အသည္းကြဲခဲ့ရပါတယ္။





ပထမအေက်ာ့ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ဘင္ဇီမာရဲ႕ဟက္ထရစ္ေၾကာင့္ ျခေသၤ့ျပာတို႔
ျပန္မလာႏိုင္ေတာ့ဘူလို႔ အေတာ္မ်ားမ်ားက ထင္မွတ္ခဲ့ၾကတာပါ။
ဒါေပမဲ့ တူခ်ယ္ရဲ႕အသင္းသားေတြဟာ စပိန္ေျမက ဒုတိယအေက်ာ့မွာ





အေကာင္းဆုံးတုံ႔ျပန္ႏိုင္ခဲ့ၿပီး ၃-၀ နဲ႔ေတာင္ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။
ပထမပိုင္းကို ေမဆန္ေမာင့္ရဲ႕အေစာပိုင္းသြင္းဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ၿပီး





ဒုတိယပိုင္းမွာလည္း ႐ူဒီဂါနဲ႔ တီမိုဝါနာတို႔ရဲ႕သြင္းယူမႈေတြေၾကာင့္ မိနစ္ ၈၀ နီးပါးအထိ
၃-၀ ျဖစ္ေနခဲ့ကာ ဆီမီးတက္မလိုေတာင္ ျဖစ္ခဲ့တာပါ။ ဒါေပမဲ့ မိနစ္ ၈၀ အေရာက္မွာ
မိုဒရစ္ရဲ႕မယုံႏိုင္ဖြယ္ဖန္တီးမႈကေန ႐ိုဒီရီဂိုရဲ႕ပိတ္သြင္းမႈေၾကာင့္ ၃-၁ ျဖစ္သြားၿပီး





အခ်ိန္ပိုမိနစ္ ၃၀ ဆက္ကစားခဲ့ရပါတယ္။ အခ်ိန္ပိုပထမပိုင္းအစမွာပဲ
ဗီနီစီးယက္စ္ရဲ႕ဖန္တီးမႈကေန ဘင္ဇီမာရဲ႕သြင္းယူႏိုင္မႈေၾကာင့္ ရီးရဲလ္က





ျပန္လည္ဦးေဆာင္ႏိုင္တဲ့အေနအထားျဖစ္သြားတယ္။
အခ်ိန္ပိုဒုတိယပိုင္းမွာ ဇီယက္ခ်္၊ ဟာဗက္ဇ္နဲ႔ ေဂ်ာ္ဂ်င္ဟိုတို႔ဟာ
အခြင့္အေရးေတြရခဲ့ေပမယ့္ အသုံးမခ်ႏိုင္ခဲ့တာေၾကာင့္ ပင္နယ္တီအဆုံးအျဖတ္ထိ





ေရာက္မသြားခဲ့တာပါ။ လက္ရွိခ်န္ပီယံဆုကို မကြာကြယ္ႏိုင္ေတာ့ေပမယ့္
အဲဒီပြဲက ခ်ဲလ္ဆီးရဲ႕တုံ႔ျပန္ႏိုင္မႈဟာ ခ်ီးက်ဴးစရာျဖစ္သြားပါတယ္။





အထူးသျဖင့္ ခ်ဲလ္ဆီးဟာ အေကာင္းဆုံးကစားႏိုင္ခဲ့ေပမယ့္ ေၾကကြစရာ
ေကာင္းေလာက္ေအာင္ပဲ ၿပိဳင္ပြဲက ထြက္ခဲ့ရတာပါ။
ဒီလိုစြမ္းေဆာင္ႏိုင္မႈေၾကာင့္ နည္းျပတူခ်ယ္ကလည္း ခ်န္ပီယံလိဂ္က





ထြက္ခဲ့ရေပမယ့္ ေနာင္တရစရာ ဘာအေၾကာင္းမွ မရွိဘူးလို႔ အခိုင္အမာဆိုခဲ့ပါတယ္။
Leave a Reply