အကောင်းဆုံးဆုရှင်မှတ်တမ်းမှာ ရော်နယ်ဒိုကို အပြတ်အသတ်ချန်ထားခဲ့တဲ့ ဘုရင်ကြီးမက်ဆီ

မက်ဆီဟာ နောက်ဆုံးကစားခဲ့တဲ့ သူ့ရဲ့ဗိုလ်လုပွဲ ၄ ပွဲလုံးမှာ အကောင်းဆုံးကစားသမားဆု(Man of the Match )တွေ ရခဲ့ပါတယ်။ ဘုရင့်ဖလားဗိုလ်လုပွဲ၊ ကိုပါအမေရိကဖလားဗိုလ်လုပွဲ၊

Finalissima ဖလားလို့အမည်တွင်တဲ့ ယူရိုချန်ပီယံနဲ့တောင်အမေရိကချန်ပီယံတို့ပွဲ၊ ပြင်သစ်စူပါဖလားဗိုလ်လုပွဲတွေပါ။ ဘာစီလိုနာ၊ အာဂျင်တီးနားနဲ့ ပီအက်စ်ဂျီတို့ချန်ပီယံဖြစ်ခဲ့ကြသလို

Man of the Match ပိုင်ရှင်ကလည်း မက်ဆီပဲဖြစ်ခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့ကစားသမားဘဝမှာ ဂုဏ်ယူစရာမှတ်တမ်းတစ်ရပ်ဖြစ်ပေမယ့် ဘာမှမဟုတ်သေးဘူးဆိုတာ

The Pop Foot ရဲ့မှတ်တမ်းတွေက သက်သေပြလာခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၃ နှစ်အတွင်းမှာ အာဂျင်တီးနားကြယ်ပွင့်ရရှိခဲ့တဲ့ Man of the Match ဆုတွေက

မယုံနိုင်စရာကောင်းသလို ပြီးခဲ့တဲ့ ၈ ရာသီမှာလည်း သူ့လောက် ဘယ်သူမှ Man of the Match ဆု မရခဲ့ဘူးလို့ဖေါ်ပြထားတာပါ။ ကစားသမားတွေအတွက် အကောင်းဆုံးရာသီ ၂၀ ဆိုတဲ့

ဒီမှတ်တမ်းမှာ မက်ဆီက အကောင်းဆုံးရာသီ ၁၁ ကြိမ်အထိပိုင်ဆိုင်နိုင်ခဲ့ပြီး Man of the Match ဆု အများဆုံးရတဲ့သူဖြစ်ခဲ့ပါတယ်။ ခေတ်ပြိုင်ရော်နယ်ဒိုကလည်း ဒုတိယနေရာမှာ

ရပ်တည်နိုင်ပေမယ့် ၄ ကြိမ်သာရှိတာကြောင့် မက်ဆီနဲ့အတော်လေး ကွာခြားနေပါတယ်။ ရွှေဘောလုံးဆုစံချိန်ရှင်ရဲ့ အကောင်းဆုံးရာသီကတော့ ၂၀၁၄-၁၅ ရာသီဖြစ်ခဲ့ပြီး ကစားခဲ့တဲ့ ပွဲ ၄၀ မှာ ၃၄ ပွဲအထိ Man of the Match ဆုရခဲ့တာပါ။

(zawgyi)

မက္ဆီဟာ ေနာက္ဆုံးကစားခဲ့တဲ့ သူ႔ရဲ႕ဗိုလ္လုပြဲ ၄ ပြဲလုံးမွာ အေကာင္းဆုံးကစားသမားဆု(Man of the Match )ေတြ ရခဲ့ပါတယ္။ ဘုရင့္ဖလားဗိုလ္လုပြဲ၊ ကိုပါအေမရိကဖလားဗိုလ္လုပြဲ၊

Finalissima ဖလားလို႔အမည္တြင္တဲ့ ယူ႐ိုခ်န္ပီယံနဲ႔ေတာင္အေမရိကခ်န္ပီယံတို႔ပြဲ၊ ျပင္သစ္စူပါဖလားဗိုလ္လုပြဲေတြပါ။ ဘာစီလိုနာ၊ အာဂ်င္တီးနားနဲ႔ ပီအက္စ္ဂ်ီတို႔ခ်န္ပီယံျဖစ္ခဲ့ၾကသလို

Man of the Match ပိုင္ရွင္ကလည္း မက္ဆီပဲျဖစ္ခဲ့ပါတယ္။ ဒါဟာ သူ႔ရဲ႕ကစားသမားဘဝမွာ ဂုဏ္ယူစရာမွတ္တမ္းတစ္ရပ္ျဖစ္ေပမယ့္ ဘာမွမဟုတ္ေသးဘူးဆိုတာ The Pop Foot ရဲ႕မွတ္တမ္းေတြက

သက္ေသျပလာခဲ့ပါတယ္။ လြန္ခဲ့တဲ့ ၁၃ ႏွစ္အတြင္းမွာ အာဂ်င္တီးနားၾကယ္ပြင့္ရရွိခဲ့တဲ့ Man of the Match ဆုေတြက မယုံႏိုင္စရာေကာင္းသလို ၿပီးခဲ့တဲ့ ၈ ရာသီမွာလည္း သူ႔ေလာက္

ဘယ္သူမွ Man of the Match ဆု မရခဲ့ဘူးလို႔ေဖၚျပထားတာပါ။ ကစားသမားေတြအတြက္ အေကာင္းဆုံးရာသီ ၂၀ ဆိုတဲ့ ဒီမွတ္တမ္းမွာ မက္ဆီက အေကာင္းဆုံးရာသီ ၁၁ ႀကိမ္အထိပိုင္ဆိုင္ႏိုင္ခဲ့ၿပီး

Man of the Match ဆု အမ်ားဆုံးရတဲ့သူျဖစ္ခဲ့ပါတယ္။ ေခတ္ၿပိဳင္ေရာ္နယ္ဒိုကလည္း ဒုတိယေနရာမွာရပ္တည္ႏိုင္ေပမယ့္ ၄ ႀကိမ္သာရွိတာေၾကာင့္

မက္ဆီနဲ႔အေတာ္ေလး ကြာျခားေနပါတယ္။ ေ႐ႊေဘာလုံးဆုစံခ်ိန္ရွင္ရဲ႕ အေကာင္းဆုံးရာသီကေတာ့ ၂၀၁၄-၁၅ ရာသီျဖစ္ခဲ့ၿပီး ကစားခဲ့တဲ့ ပြဲ ၄၀ မွာ ၃၄ ပြဲအထိ Man of the Match ဆုရခဲ့တာပါ။