ဟာလာမက်ဒရစ်လို့ ပရိသတ်တွေအော်တာခံခဲ့ရတဲ့ လီဝမ်ဒေါစကီး

လီဝမ်ဒေါစကီးဟာ အသင်းဟောင်းဘိုင်ယန်ကိုနှုတ်ဆက်ဖို့ မြူးနစ်ကိုပြန်သွားခဲ့ပါတယ်။ ဘာစီလိုနာကိုအပြောင်းအရွှေ့မှာ ဒီဂျောင်ကိစ္စခံနေခဲ့တာကြောင့်

ပိုလန်သားရဲ့ထွက်ခွာမှုက အလျင်စလိုနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဘိုင်ယန်အသင်းဖော်တွေနဲ့ဝန်ထမ်းတွေကို ကျကျနနနှုတ်မဆက်ခဲ့ရပါဘူး။ အခုတော့ သူ့ရဲ့နှုတ်ဆက်ပွဲ

အထမြောက်ခဲ့သလို သိမ်းစရာရှိတဲ့ပစ္စည်းတွေလည်း သိမ်းဆည်းခဲ့တာပါ။ ဒါပေမဲ့ ဘိုင်ယန်လေ့ကျင့်ကွင်းက ပြန်ထွက်လာတဲ့ပိုလန်တိုက်စစ်မှူးဟာ ပရိသတ်အုပ်စုတစ်ခုနဲ့

ထိပ်တိုက်တိုးခဲ့ပါတယ်။ “ ဟာလာမက်ဒရစ် ” လို့ အဲဒီပရိသတ်တွေက သူ့ကိုအော်ဟစ်ခဲ့ကြတယ်။ လီဝမ်ဒေါစကီးကတော့ လက်ကလေးပဲပြပြီး ကားကိုဆက်မောင်းသွားခဲ့တာပါ။

ဒါပေမဲ့ တွစ်တာမှာ ဒီပုံတွေပြန့်နှံ့လာတဲ့နောက် ဘယ်သူတွေက အော်ဟစ်ခဲ့ကြတာလဲဆိုတာ မေးခွန်းထုတ်နေကြပါတယ်။ တစ်ချို့ကတော့ ၈ နှစ်ကြာကစားခဲ့တဲ့ဘိုင်ယန်နဲ့

ပြန်လေ့ကျင့်ပြီးမှ ဘာစီလိုနာကိုထွက်ခွာသွားတာကြောင့် ဘာစီလိုနာပရိသတ်တွေရဲ့မကျေနပ်မှုဖြစ်မယ်လို့ သုံးသပ်ကြပါတယ်။ ဒါပေမဲ့ တစ်ချို့ကလည်း

ရီးရဲလ်ပရိသတ်တွေပါတဲ့။ မကြာခင် သူတို့အသင်းရဲ့အဓိကပြိုင်ဘက်ဖြစ်လာတော့မယ့် တိုက်စစ်မှူးကို သတိပေးခြောက်လှန့်ခဲ့တာလို့ ယူဆနေကြပါတယ်။

(zawgyi)

လီဝမ္ေဒါစကီးဟာ အသင္းေဟာင္းဘိုင္ယန္ကိုႏႈတ္ဆက္ဖို႔ ျမဴးနစ္ကိုျပန္သြားခဲ့ပါတယ္။ ဘာစီလိုနာကိုအေျပာင္းအေ႐ႊ႕မွာ ဒီေဂ်ာင္ကိစၥခံေနခဲ့တာေၾကာင့္ ပိုလန္သားရဲ႕

ထြက္ခြာမႈက အလ်င္စလိုႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္ ဘိုင္ယန္အသင္းေဖာ္ေတြနဲ႔ဝန္ထမ္းေတြကို က်က်နနႏႈတ္မဆက္ခဲ့ရပါဘူး။ အခုေတာ့ သူ႔ရဲ႕ႏႈတ္ဆက္ပြဲ အထေျမာက္ခဲ့သလို

သိမ္းစရာရွိတဲ့ပစၥည္းေတြလည္း သိမ္းဆည္းခဲ့တာပါ။ ဒါေပမဲ့ ဘိုင္ယန္ေလ့က်င့္ကြင္းက ျပန္ထြက္လာတဲ့ပိုလန္တိုက္စစ္မႉးဟာ ပရိသတ္အုပ္စုတစ္ခုနဲ႔ ထိပ္တိုက္တိုးခဲ့ပါတယ္။

“ ဟာလာမက္ဒရစ္ ” လို႔ အဲဒီပရိသတ္ေတြက သူ႔ကိုေအာ္ဟစ္ခဲ့ၾကတယ္။ လီဝမ္ေဒါစကီးကေတာ့ လက္ကေလးပဲျပၿပီး ကားကိုဆက္ေမာင္းသြားခဲ့တာပါ။

ဒါေပမဲ့ တြစ္တာမွာ ဒီပုံေတြျပန႔္ႏွံ႔လာတဲ့ေနာက္ ဘယ္သူေတြက ေအာ္ဟစ္ခဲ့ၾကတာလဲဆိုတာ ေမးခြန္းထုတ္ေနၾကပါတယ္။ တစ္ခ်ိဳ႕ကေတာ့ ၈ ႏွစ္ၾကာကစားခဲ့တဲ့

ဘိုင္ယန္နဲ႔ ျပန္ေလ့က်င့္ၿပီးမွ ဘာစီလိုနာကိုထြက္ခြာသြားတာေၾကာင့္ ဘာစီလိုနာပရိသတ္ေတြရဲ႕မေက်နပ္မႈျဖစ္မယ္လို႔ သုံးသပ္ၾကပါတယ္။ ဒါေပမဲ့ တစ္ခ်ိဳ႕ကလည္း

ရီးရဲလ္ပရိသတ္ေတြပါတဲ့။ မၾကာခင္ သူတို႔အသင္းရဲ႕အဓိကၿပိဳင္ဘက္ျဖစ္လာေတာ့မယ့္ တိုက္စစ္မႉးကို သတိေပးေျခာက္လွန႔္ခဲ့တာလို႔ ယူဆေနၾကပါတယ္။