” ဟာလန်းနဲ့ ဘာပေ ရောက်လာရင်တောင် ယူနိုက်တက်ကို မြေလှန်ပစ်မှရတော့မယ် “

မန်ယူအသင်းဟာ ဦးဆောင်မယ့်သူမရှိသလို ညီညွတ်မှုလည်းမရှိကြလို့

ဟာလန်း နဲ့ဘာပေ တို့ကိုခေါ်ယူခဲ့ရင် လည်း ကယ်တင်နိုင်မှာမဟုတ်ဘူးလို့

နောက်ခံလူဟောင်း ရီယိုဖာဒီနန်က ပြောလိုက်ပါတယ်။

အက်သလက်တီကို ဟာမန်ယူအသင်းကို ညီညွတ်မှုအားနဲ့ ကျော်ဖြတ်သွားခဲ့လို့

မန်ယူကိုပြောင်းလဲခြင်ရင် အောက်ခြေကနေ အထက်ပိုင်းအထိကို

မြေလှန်ပြောင်းလဲပစ်မှရလိမ့်မယ်လို့လည်း ဖာဒီနန်ကဆိုပါတယ်။

မန်ယူဟာ အိမ်ကွင်းမှာ အက်သလက်တီကိုနဲ့ ကစားခဲ့တဲ့ချန်ပီယံလိဂ်

၁၆ သင်းအဆင့်ပွဲမှာ ကစားပုံကောင်းမွန်ခဲ့ပေမယ့်

လိုအပ်တဲ့ဂိုးမသွင်းနိုင်လို့ ၁-၀ နဲ့အရေးနိမ်ပြီး နှစ်ပွဲပေါင်းရလဒ် ၂-၁ နဲ့ရှုံးကာ

ပြိုင်ပွဲကနေထွက်ခဲ့ရပါတယ်။ မန်ယူရဲ့ကသောင်းကနင်းဖြစ်မှုအခြေအနေဟာ

ကွင်းထဲမှာဦးဆောင်သူကင်းမဲ့နေခြင်းရဲ့ရလဒ်ဖြစ်ပြီး

ဒါကို ဘာပေနဲ့ ဟာလန်းတို့ခေါ်ယူပြီး ဖြေရှင်းရင်လည်းရမှာမဟုတ်ဘူးလို့ ဖာဒီနန်ကဆိုပါတယ်။

သူက”ဒီနှစ်သင်းရဲ့ဒီကနေ့ကွာခြားချက်ကဘာလဲဗျာ။ အက်သလက်တီ ကို

အသင်းသားတွေဟာအားလုံးယုံကြည်မှုပြည့်ဝနေကြပြီး သူတို့နည်းပြက

ခိုင်းစေတာကိုနားလည်မှုရှိပြီး ညီညွတ်စွာနဲ့လုပ်ဆောင်နိုင်ကြပါတယ်။

နောက်တစ်သင်းဖြစ်တဲ့ မန်ယူကတော့ ဘောလုံးရရင်တစ်ယောက်မျက်နှာ

တစ်ယောက်ကြည့်ပြီး ဘယ်သူကတစ်ဦးချင်းမှော်ဆန်စွာလုပ်ပြနိုင်မလဲ

ဆိုတာကိုဘဲ မျှော်လင့်နေကြတာ။ ဒီပုံအတိုင်းဆိုရင် ဟာလန်း နဲ့ ဘာပေ တို့ကို

ခေါ်ရင်လည်းလိဂ်မှာချန်ပီယံဖြစ်လာမှာ မဟုတ်ဘူး။

သူတို့တွေဘယ်သူ့ကိုဘဲခေါ်ခေါ် အထက်ကနေအောက်အထိကို

မြေလှန်ပြောင်းလဲပစ်ဖို့လိုအပ်နေပြီ” လို့ပြောသွားပါတယ်။

BT Sport မှာဖာဒီနန်နဲ့တွဲဖက်အဖြစ်ဆောင်ရွက်ခဲ့တဲ့ ပေါလ်စခိုးလ်ကတော့

မန်ယူအနေနဲ့ အသင်းကိုပြောင်းလဲပစ်နိုင်ဖို့ဆိုရင် ထိပ်တန်းနည်းပြတစ်ဦးကို

ခေါ်ယူမှဖြစ်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။

မန်ယူအသင်းဟာ အခုဆိုရင်ဖလားလက်မဲ့ဖြစ်ဖို့ သေချာသွားတာကြောင့်

၅ နှစ်ဆက်တိုက် ဖလားလက်မဲ့ဖြစ်မှုနဲ့ကြုံတွေ့ရပါတော့မယ်။

မန်ယူဟာ အက်ဖ်အေဖလားက ထွက်ခဲ့ရပြီဖြစ်လို့ ဒီသီတင်းပတ်ကုန်မှာ

ပွဲကစားဖို့မရှိဘဲ လာမယ့်ဧပြီ ၂ မှာလက်စတာနဲ့ အိမ်ကွင်းကစားရမှာဖြစ်ပါတယ်။

zawgyi

” ဟာလန္းနဲ႔ ဘာေပ ေရာက္လာရင္ေတာင္ ယူႏိုက္တက္ကို ေျမလွန္ပစ္မွရေတာ့မယ္ ”

မန္ယူအသင္းဟာ ဦးေဆာင္မယ့္သူမရွိသလို ညီၫြတ္မႈလည္းမရွိၾကလို႔

ဟာလန္း နဲ႔ဘာေပ တို႔ကိုေခၚယူခဲ့ရင္ လည္း ကယ္တင္ႏိုင္မွာမဟုတ္ဘူးလို႔

ေနာက္ခံလူေဟာင္း ရီယိုဖာဒီနန္က ေျပာလိုက္ပါတယ္။

အက္သလက္တီကို ဟာမန္ယူအသင္းကို ညီၫြတ္မႈအားနဲ႔ ေက်ာ္ျဖတ္သြားခဲ့လို႔

မန္ယူကိုေျပာင္းလဲျခင္ရင္ ေအာက္ေျခကေန အထက္ပိုင္းအထိကို

ေျမလွန္ေျပာင္းလဲပစ္မွရလိမ့္မယ္လို႔လည္း ဖာဒီနန္ကဆိုပါတယ္။

မန္ယူဟာ အိမ္ကြင္းမွာ အက္သလက္တီကိုနဲ႔ ကစားခဲ့တဲ့ခ်န္ပီယံလိဂ္

၁၆ သင္းအဆင့္ပြဲမွာ ကစားပုံေကာင္းမြန္ခဲ့ေပမယ့္

လိုအပ္တဲ့ဂိုးမသြင္းႏိုင္လို႔ ၁-၀ နဲ႔အေရးနိမ္ၿပီး ႏွစ္ပြဲေပါင္းရလဒ္ ၂-၁ နဲ႔ရႈံးကာ

ၿပိဳင္ပြဲကေနထြက္ခဲ့ရပါတယ္။ မန္ယူရဲ႕ကေသာင္းကနင္းျဖစ္မႈအေျခအေနဟာ

ကြင္းထဲမွာဦးေဆာင္သူကင္းမဲ့ေနျခင္းရဲ႕ရလဒ္ျဖစ္ၿပီး

ဒါကို ဘာေပနဲ႔ ဟာလန္းတို႔ေခၚယူၿပီး ေျဖရွင္းရင္လည္းရမွာမဟုတ္ဘူးလို႔ ဖာဒီနန္ကဆိုပါတယ္။

သူက”ဒီႏွစ္သင္းရဲ႕ဒီကေန႔ကြာျခားခ်က္ကဘာလဲဗ်ာ။ အက္သလက္တီ ကို

အသင္းသားေတြဟာအားလုံးယုံၾကည္မႈျပည့္ဝေနၾကၿပီး သူတို႔နည္းျပက

ခိုင္းေစတာကိုနားလည္မႈရွိၿပီး ညီၫြတ္စြာနဲ႔လုပ္ေဆာင္ႏိုင္ၾကပါတယ္။

ေနာက္တစ္သင္းျဖစ္တဲ့ မန္ယူကေတာ့ ေဘာလုံးရရင္တစ္ေယာက္မ်က္ႏွာ

တစ္ေယာက္ၾကည့္ၿပီး ဘယ္သူကတစ္ဦးခ်င္းေမွာ္ဆန္စြာလုပ္ျပႏိုင္မလဲ

ဆိုတာကိုဘဲ ေမွ်ာ္လင့္ေနၾကတာ။ ဒီပုံအတိုင္းဆိုရင္ ဟာလန္း နဲ႔ ဘာေပ တို႔ကို

ေခၚရင္လည္းလိဂ္မွာခ်န္ပီယံျဖစ္လာမွာ မဟုတ္ဘူး။

သူတို႔ေတြဘယ္သူ႔ကိုဘဲေခၚေခၚ အထက္ကေနေအာက္အထိကို

ေျမလွန္ေျပာင္းလဲပစ္ဖို႔လိုအပ္ေနၿပီ” လို႔ေျပာသြားပါတယ္။

BT Sport မွာဖာဒီနန္နဲ႔တြဲဖက္အျဖစ္ေဆာင္႐ြက္ခဲ့တဲ့ ေပါလ္စခိုးလ္ကေတာ့

မန္ယူအေနနဲ႔ အသင္းကိုေျပာင္းလဲပစ္ႏိုင္ဖို႔ဆိုရင္ ထိပ္တန္းနည္းျပတစ္ဦးကို

ေခၚယူမွျဖစ္လိမ့္မယ္လို႔ ေျပာခဲ့ပါတယ္။

မန္ယူအသင္းဟာ အခုဆိုရင္ဖလားလက္မဲ့ျဖစ္ဖို႔ ေသခ်ာသြားတာေၾကာင့္

၅ ႏွစ္ဆက္တိုက္ ဖလားလက္မဲ့ျဖစ္မႈနဲ႔ႀကဳံေတြ႕ရပါေတာ့မယ္။

မန္ယူဟာ အက္ဖ္ေအဖလားက ထြက္ခဲ့ရၿပီျဖစ္လို႔ ဒီသီတင္းပတ္ကုန္မွာ

ပြဲကစားဖို႔မရွိဘဲ လာမယ့္ဧၿပီ ၂ မွာလက္စတာနဲ႔ အိမ္ကြင္းကစားရမွာျဖစ္ပါတယ္။