ဟာလန်းနဲ့ နူနက်ဇ် အကွာကြီးပါဆိုတဲ့ လီဗာပူးလ်နည်းပြဂျာဂင်ကလော့ပ်

လီဗာပူးလ်နည်းပြဂျာဂင်ကလော့ပ်ဟာ သူ့ရဲ့တိုက်စစ်မှူးဒါဝင်နူနက်ဇ်နဲ့ ပြိုင်ဘက် မန်စီးတီးတိုက်စစ်မှူးဟာလန်းတို့ကြား နှိုင်းယှဉ်မှုကို ရယ်ရယ်မောမောနဲ့တုံ့ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းက ချန်ပီယံပြေးလမ်းပေါ်မှာ တစ်မှတ်သာကွာခဲ့တဲ့ ဒီနှစ်သင်းဟာ နွေဈေးကွက်မှာ တိုက်စစ်မှူးကောင်းတွေကို ခေါ်ယူအားဖြည့်ထားကြပါတယ်။

နူနက်ဇ်က ဘင်ဖီကာအတွက် ပြီးခဲ့တဲ့ရာသီမှာ ၄၁ ပွဲကစား ၃၄ ဂိုးသွင်းပေးခဲ့ပြီး ပေါင် ၈၅ သန်းနဲ့ လီဗာပူးလ်ကိုရောက်လာခဲ့သူပါ။ ဒေါ့တ်မန်ကနေ ပေါင် ၅၁.၂ သန်းနဲ့ မန်စီးတီးကိုပြောင်းရွှေ့လာတဲ့

ဟာလန်းကလည်း ဘွန်ဒက်စ်လီဂါကလပ်အတွက် ပွဲ ၃၀ မှာ ၂၉ ဂိုး သွင်းနိုင်ခဲ့ပါတယ်။ နှစ်ယောက်လုံးက မြင့်မားတဲ့ပြောင်းရွှေ့ကြေးတွေနဲ့ ရောက်လာသူတွေဖြစ်သလို

နံပါတ် ၉ ဂျာစီ ဝတ်တဲ့သူတွေဖြစ်တာကြောင့်လည်း ဒီရာသီမှာ သူတို့ရဲ့စွမ်းဆောင်မှုကို နှိုင်းယှဉ်လာကြဖို့ရှိနေပါတယ်။ ဒါပေမဲ့ ဂျာဂင်ကလော့ပ်ကတော့ “ တစ်ယောက်က ဘယ်သန်၊

တစ်ယောက်က ညာသန်လေ ” လို့ Viaplay Fotball ကို ပြောဆိုပြီး ရယ်မောနေခဲ့ပါတယ်။ ဒါ့အပြင် “ တစ်ယောက်က နော်ဝေ၊ နောက်တစ်ယောက်က ဥရုဂွေးကလာတာပါ။

ကွာခြားချက်က အကြီးကြီးပါပဲ။ သိပ်တော့ မသေချာပေမယ့် ဒီနှိုင်းယှဉ်မှုကို ပိုပြီးပြင်းထန်စေချင်ရင်တော့ ဟာလန်းလည်း တောင်အမေရိက က လာတဲ့သူဖြစ်သင့်တယ်ထင်တာပဲ။

ဒါဝင်ကတော့ နော်ဝေကလာတဲ့သူ မဖြစ်နိုင်ဘူး။ နော်ဝေတိုက်စစ်မှူးတွေက နည်းနည်းရူးသွပ်တတ်လို့ပါ။ မင်းအသိဆုံးပဲလေ ” လို့ နော်ဝေတိုက်စစ်မှူးဟောင်း Jan Aage Fjortoft ကို ပြန်လည်မေးခွန်းထုတ်သွားခဲ့ပါသေးတယ်။

(zawgyi)

လီဗာပူးလ္နည္းျပဂ်ာဂင္ကေလာ့ပ္ဟာ သူ႔ရဲ႕တိုက္စစ္မႉးဒါဝင္ႏူနက္ဇ္နဲ႔ ၿပိဳင္ဘက္ မန္စီးတီးတိုက္စစ္မႉးဟာလန္းတို႔ၾကား ႏႈိင္းယွဥ္မႈကို ရယ္ရယ္ေမာေမာနဲ႔တုံ႔ျပန္လိုက္ပါတယ္။

ၿပီးခဲ့တဲ့ရာသီတုန္းက ခ်န္ပီယံေျပးလမ္းေပၚမွာ တစ္မွတ္သာကြာခဲ့တဲ့ ဒီႏွစ္သင္းဟာ ေႏြေဈးကြက္မွာ တိုက္စစ္မႉးေကာင္းေတြကို ေခၚယူအားျဖည့္ထားၾကပါတယ္။ ႏူနက္ဇ္က ဘင္ဖီကာအတြက္

ၿပီးခဲ့တဲ့ရာသီမွာ ၄၁ ပြဲကစား ၃၄ ဂိုးသြင္းေပးခဲ့ၿပီး ေပါင္ ၈၅ သန္းနဲ႔ လီဗာပူးလ္ကိုေရာက္လာခဲ့သူပါ။ ေဒါ့တ္မန္ကေန ေပါင္ ၅၁.၂ သန္းနဲ႔ မန္စီးတီးကိုေျပာင္းေ႐ႊ႕လာတဲ့ ဟာလန္းကလည္း

ဘြန္ဒက္စ္လီဂါကလပ္အတြက္ ပြဲ ၃၀ မွာ ၂၉ ဂိုး သြင္းႏိုင္ခဲ့ပါတယ္။ ႏွစ္ေယာက္လုံးက ျမင့္မားတဲ့ေျပာင္းေ႐ႊ႕ေၾကးေတြနဲ႔ ေရာက္လာသူေတြျဖစ္သလို နံပါတ္ ၉ ဂ်ာစီ ဝတ္တဲ့သူေတြျဖစ္တာေၾကာင့္လည္း

ဒီရာသီမွာ သူတို႔ရဲ႕စြမ္းေဆာင္မႈကို ႏႈိင္းယွဥ္လာၾကဖို႔ရွိေနပါတယ္။ ဒါေပမဲ့ ဂ်ာဂင္ကေလာ့ပ္ကေတာ့ “ တစ္ေယာက္က ဘယ္သန္၊ တစ္ေယာက္က ညာသန္ေလ ” လို႔ Viaplay Fotball ကို

ေျပာဆိုၿပီး ရယ္ေမာေနခဲ့ပါတယ္။ ဒါ့အျပင္ “ တစ္ေယာက္က ေနာ္ေဝ၊ ေနာက္တစ္ေယာက္က ဥ႐ုေဂြးကလာတာပါ။ ကြာျခားခ်က္က အႀကီးႀကီးပါပဲ။

သိပ္ေတာ့ မေသခ်ာေပမယ့္ ဒီႏႈိင္းယွဥ္မႈကို ပိုၿပီးျပင္းထန္ေစခ်င္ရင္ေတာ့ ဟာလန္းလည္း ေတာင္အေမရိက က လာတဲ့သူျဖစ္သင့္တယ္ထင္တာပဲ။ ဒါဝင္ကေတာ့ ေနာ္ေဝကလာတဲ့သူ မျဖစ္ႏိုင္ဘူး။

ေနာ္ေဝတိုက္စစ္မႉးေတြက နည္းနည္း႐ူးသြပ္တတ္လို႔ပါ။ မင္းအသိဆုံးပဲေလ ” လို႔ ေနာ္ေဝတိုက္စစ္မႉးေဟာင္း Jan Aage Fjortoft ကို ျပန္လည္ေမးခြန္းထုတ္သြားခဲ့ပါေသးတယ္။