ဟာလန်းနဲ့ ဒါဝင်နူနက်ဇ် တစ်ပွဲတစ်လမ်း အကဲစမ်းကြမယ့် ကွန်မြူနတီဒိုင်းပွဲ

ဟိုတုန်းက ကွန်မြူနတီဒိုင်းပွဲတွေဟာ ရာသီကြိုရံပုံငွေပွဲတစ်ပွဲ၊ ရာသီသစ်အတွက် နည်းဗျူဟာနဲ့လူအခင်းအကျင်း စမ်းသပ်ရုံကလွဲလို့ မပိုခဲ့ပါဘူး။ ပရီးမီးယားလိဂ်ချန်ပီယံနဲ့ အက်ဖ်အေချန်ပီယံတို့ ကစားကြတဲ့ဒီပွဲဟာ

နောက်ပိုင်းမှာတော့ ပြိုင်ပွဲတစ်ရပ်လိုဖြစ်လာခဲ့ပါတယ်။ ဒါကလည်း ပိုမိုခက်ခဲကြမ်းတမ်းလာတဲ့ ပရီးမီးယားလိဂ်ကြောင့်လို့ ဆိုရပါလိမ့်မယ်။ ဒီဒိုင်းဟာ အသင်းတစ်သင်းအတွက် ရာသီကြိုဆုဖလားတစ်လုံးလို သတ်မှတ်လာကြပါတယ်။

ဒီနှစ်ပွဲစဉ်ကလည်း အကြိမ် ၁၀၀ မြောက် ကွန်မြူနတီဒိုင်းပွဲဖြစ်နေတာ၊ အမျိုးသမီးယူရိုဗိုလ်လုပွဲရှိနေတာကြောင့် ပုံမှန်ကျင်းပနေကျ ဝင်ဘလေကွင်းမှာမဟုတ်ဘဲ လက်စတာရဲ့ကင်းပါဝါမှာကစားမှာ၊

ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းပေါ်မှာ အဓိကပြိုင်ဘက်နှစ်သင်းဖြစ်လာနိုင်တဲ့ မန်စီးတီးနဲ့ လီဗာပူးလ်တို့ ယှဉ်ပြိုင်ရမှာ၊ သူတို့ရဲ့ ကြယ်ပွင့်သစ်တွေ ထိပ်တိုက်တွေ့ကြတော့မှာ စတာတွေကြောင့် စိတ်ဝင်စားစရာကောင်းနေပါတယ်။

အထူးသဖြင့် ဂွါဒီယိုလာနဲ့ ဂျာဂင်ကလော့ပ်ရဲ့ဗျူဟာတိုက်ပွဲမှာ ဟာလန်းနဲ့ ဒါဝင်နူနက်ဇ်တို့ ဘယ်လိုကပြအသုံးတော်ခံမလဲဆိုတာပါပဲ။ မန်စီးတီးဟာ ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ပေမယ့်

လီဗာပူးလ်ထက် တစ်မှတ်သာ အသာရခဲ့တာဖြစ်သလို နောက်ဆုံးပွဲစဉ်မှာ ရိုလာကိုစတာစီးရသလို ဂိုးတွေနောက်ကလိုက်သွင်းပြီး အနိုင်ရခဲ့တာပါ။ တိုက်စစ်ပိုင်းကတော့ ပရီးမီးယားလိဂ်မှာ ကြောက်စရာအကောင်းဆုံးတွေဖြစ်ခဲ့ပြီး

မိုးပြာရောင်တွေက ၉၉ ဂိုး၊ ကြိုးကြာနီတွေက ၉၄ ဂိုး သွင်းနိုင်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ မန်စီးတီးက ဟာလန်း၊ အဲလ်ဗာရက်ဇ်၊ ကယ်လ်ဗင်ဖိလစ်တို့ကိုခေါ်ယူပြီး တိုက်စစ်နဲ့ကွင်းလယ်ကို အားဖြည့်ထားပါတယ်။

လီဗာပူးလ်ရဲ့အဓိက ကစားသမားခေါ်ယူမှုကတော့ ဘင်ဖီကာကရောက်လာတဲ့ တိုက်စစ်မှူးဒါဝင်နူနက်ဇ်ဖြစ်ပါတယ်။ ပြီးတော့ ပေါ်တူဂီတိုက်စစ်မှူးလေး ဖာဘီယိုကာဗယ်ဟိုနဲ့ ညာနောက်ခံလူကယ်လ်ဗင်ရမ်ဆေးတို့ကို အားဖြည့်ထားပါသေးတယ်။

(zawgyi)

ဟိုတုန္းက ကြန္ျမဴနတီဒိုင္းပြဲေတြဟာ ရာသီႀကိဳရံပုံေငြပြဲတစ္ပြဲ၊ ရာသီသစ္အတြက္ နည္းဗ်ဴဟာနဲ႔လူအခင္းအက်င္း စမ္းသပ္႐ုံကလြဲလို႔ မပိုခဲ့ပါဘူး။ ပရီးမီးယားလိဂ္ခ်န္ပီယံနဲ႔ အက္ဖ္ေအခ်န္ပီယံတို႔ ကစားၾကတဲ့ဒီပြဲဟာ

ေနာက္ပိုင္းမွာေတာ့ ၿပိဳင္ပြဲတစ္ရပ္လိုျဖစ္လာခဲ့ပါတယ္။ ဒါကလည္း ပိုမိုခက္ခဲၾကမ္းတမ္းလာတဲ့ ပရီးမီးယားလိဂ္ေၾကာင့္လို႔ ဆိုရပါလိမ့္မယ္။ ဒီဒိုင္းဟာ အသင္းတစ္သင္းအတြက္ ရာသီႀကိဳဆုဖလားတစ္လုံးလို သတ္မွတ္လာၾကပါတယ္။

ဒီႏွစ္ပြဲစဥ္ကလည္း အႀကိမ္ ၁၀၀ ေျမာက္ ကြန္ျမဴနတီဒိုင္းပြဲျဖစ္ေနတာ၊ အမ်ိဳးသမီးယူ႐ိုဗိုလ္လုပြဲရွိေနတာေၾကာင့္ ပုံမွန္က်င္းပေနက် ဝင္ဘေလကြင္းမွာမဟုတ္ဘဲ လက္စတာရဲ႕ကင္းပါဝါမွာကစားမွာ၊

ပရီးမီးယားလိဂ္ခ်န္ပီယံေျပးလမ္းေပၚမွာ အဓိကၿပိဳင္ဘက္ႏွစ္သင္းျဖစ္လာႏိုင္တဲ့ မန္စီးတီးနဲ႔ လီဗာပူးလ္တို႔ ယွဥ္ၿပိဳင္ရမွာ၊ သူတို႔ရဲ႕ ၾကယ္ပြင့္သစ္ေတြ ထိပ္တိုက္ေတြ႕ၾကေတာ့မွာ စတာေတြေၾကာင့္ စိတ္ဝင္စားစရာေကာင္းေနပါတယ္။

အထူးသျဖင့္ ဂြါဒီယိုလာနဲ႔ ဂ်ာဂင္ကေလာ့ပ္ရဲ႕ဗ်ဴဟာတိုက္ပြဲမွာ ဟာလန္းနဲ႔ ဒါဝင္ႏူနက္ဇ္တို႔ ဘယ္လိုကျပအသုံးေတာ္ခံမလဲဆိုတာပါပဲ။ မန္စီးတီးဟာ ၿပီးခဲ့တဲ့ရာသီမွာ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ခဲ့ေပမယ့္ လီဗာပူးလ္ထက္

တစ္မွတ္သာ အသာရခဲ့တာျဖစ္သလို ေနာက္ဆုံးပြဲစဥ္မွာ ႐ိုလာကိုစတာစီးရသလို ဂိုးေတြေနာက္ကလိုက္သြင္းၿပီး အႏိုင္ရခဲ့တာပါ။ တိုက္စစ္ပိုင္းကေတာ့ ပရီးမီးယားလိဂ္မွာ ေၾကာက္စရာအေကာင္းဆုံးေတြျဖစ္ခဲ့ၿပီး

မိုးျပာေရာင္ေတြက ၉၉ ဂိုး၊ ႀကိဳးၾကာနီေတြက ၉၄ ဂိုး သြင္းႏိုင္ခဲ့ပါတယ္။ ဒီႏွစ္မွာေတာ့ မန္စီးတီးက ဟာလန္း၊ အဲလ္ဗာရက္ဇ္၊ ကယ္လ္ဗင္ဖိလစ္တို႔ကိုေခၚယူၿပီး တိုက္စစ္နဲ႔ကြင္းလယ္ကို အားျဖည့္ထားပါတယ္။

လီဗာပူးလ္ရဲ႕အဓိက ကစားသမားေခၚယူမႈကေတာ့ ဘင္ဖီကာကေရာက္လာတဲ့ တိုက္စစ္မႉးဒါဝင္ႏူနက္ဇ္ျဖစ္ပါတယ္။ ၿပီးေတာ့ ေပၚတူဂီတိုက္စစ္မႉးေလး ဖာဘီယိုကာဗယ္ဟိုနဲ႔ ညာေနာက္ခံလူကယ္လ္ဗင္ရမ္ေဆးတို႔ကို အားျဖည့္ထားပါေသးတယ္။