ဟာလန်းထက်ပိုကောင်းတယ်လို့ နာမည်ကြီးနေတဲ့ ဆဲလ်ဘတ်တိုက်စစ်မှူးကို မန်ယူဆက်သွယ်နေ

ရက်ဘူးလ်ဆဲလ်ဘတ်တိုက်စစ်မှူး ဘင်ဂျာမင်ဆက်ကို ကို မန်ချက်စတာယူနိုက်တက်အသင်း ဆက်သွယ်နေတယ်လို့ သတင်းထွက်လာပါတယ်။

ဘင်ဂျာမင်ဆက်ကိုဆိုတာက အသက် ၁၉ နှစ်သာရှိသေးတဲ့ ဆလိုဗေးနီးယားသားလေးပါ။ ဆဲလ်ဘတ်အသင်းဖော်တွေကတော့ သူတို့အသင်းမှာကစားသွားတဲ့

ဟာလန်းထက် ပိုကောင်းတဲ့သူလို့ ချီးကျူးနေကြပါတယ်။ အရပ် ၆ ပေ ၄ လက္မမြင့်သလို ခန္ဓာကိုယ်ကြံ့ခိုင်မှုလည်းတောင့်တင်းတာကြောင့်

တိုက်စစ်မှူးကောင်းတစ်ယောက်ရဲ့ကြန်အင်လက္ခဏာတွေ ပြည့်စုံနေသူလို့လည်း ယူဆခံထားရသူပါ။ သြစတြီးယားဒုတိယတန်းကလပ် FC Liefering ကို

အငှားချခံထားရတဲ့ ဘင်ဂျာမင်ကို မန်ယူအသင်းတာဝန်ရှိသူတွေ ဆက်သွယ်နေတယ်လို့ နာမည်ကျော်ဘောလုံးသတင်းထောက် ဖာဘရီဇီယိုရိုမာနိုရဲ့ပြောစကားအရ

မီဒီယာတွေက ဖေါ်ပြနေကြတာပါ။ ဆလိုဗေးနီးယားအသင်းအတွက် ၁၃ ပွဲကစားထားတဲ့ ဘင်ဂျာမင်ကို နယူးကာဆယ်၊ စပါးနဲ့ လီဗာပူးလ်တို့ကလည်း စောင့်ကြည့်နေတယ်လို့

သတင်းထွက်နေပါတယ်။ ဘင်ဂျာမင်ဟာ အငှားချမခံရခင် ဆဲလ်ဘတ်အတွက် ၁၂ ဂိုးသွင်းပေးခဲ့ပါသေးတယ်။ သူ့ရဲ့ပြောင်းရွှေ့ကြေးကတော့ ပေါင် ၅၅ သန်းလောက်ရှိမယ်လို့

သိရပါတယ်။ အသင်းကထွက်ချင်နေတဲ့ ရော်နယ်ဒိုကြောင့် မန်ယူဟာ တိုက်စစ်အားဖြည့်ဖို့ကြိုးစားနေသလို နည်းပြသစ်တန်းဟတ်ကလည်း ကွင်းလယ်ပိုင်းအားဖြည့်ဖို့ ဆန္ဒရှိနေပါတယ်။

(zawgyi)

ရက္ဘူးလ္ဆဲလ္ဘတ္တိုက္စစ္မႉး ဘင္ဂ်ာမင္ဆက္ကို ကို မန္ခ်က္စတာယူႏိုက္တက္အသင္း ဆက္သြယ္ေနတယ္လို႔ သတင္းထြက္လာပါတယ္။ ဘင္ဂ်ာမင္ဆက္ကိုဆိုတာက

အသက္ ၁၉ ႏွစ္သာရွိေသးတဲ့ ဆလိုေဗးနီးယားသားေလးပါ။ ဆဲလ္ဘတ္အသင္းေဖာ္ေတြကေတာ့ သူတို႔အသင္းမွာကစားသြားတဲ့ ဟာလန္းထက္ ပိုေကာင္းတဲ့သူလို႔ ခ်ီးက်ဴးေနၾကပါတယ္။

အရပ္ ၆ ေပ ၄ လကၼျမင့္သလို ခႏၶာကိုယ္ႀကံ့ခိုင္မႈလည္းေတာင့္တင္းတာေၾကာင့္ တိုက္စစ္မႉးေကာင္းတစ္ေယာက္ရဲ႕ၾကန္အင္လကၡဏာေတြ ျပည့္စုံေနသူလို႔လည္း ယူဆခံထားရသူပါ။

ၾသစႀတီးယားဒုတိယတန္းကလပ္ FC Liefering ကို အငွားခ်ခံထားရတဲ့ ဘင္ဂ်ာမင္ကို မန္ယူအသင္းတာဝန္ရွိသူေတြ ဆက္သြယ္ေနတယ္လို႔ နာမည္ေက်ာ္ေဘာလုံးသတင္းေထာက္

ဖာဘရီဇီယို႐ိုမာႏိုရဲ႕ေျပာစကားအရ မီဒီယာေတြက ေဖၚျပေနၾကတာပါ။ ဆလိုေဗးနီးယားအသင္းအတြက္ ၁၃ ပြဲကစားထားတဲ့ ဘင္ဂ်ာမင္ကို နယူးကာဆယ္၊ စပါးနဲ႔ လီဗာပူးလ္တို႔ကလည္း

ေစာင့္ၾကည့္ေနတယ္လို႔ သတင္းထြက္ေနပါတယ္။ ဘင္ဂ်ာမင္ဟာ အငွားခ်မခံရခင္ ဆဲလ္ဘတ္အတြက္ ၁၂ ဂိုးသြင္းေပးခဲ့ပါေသးတယ္။ သူ႔ရဲ႕ေျပာင္းေ႐ႊ႕ေၾကးကေတာ့ ေပါင္ ၅၅ သန္းေလာက္ရွိမယ္လို႔

သိရပါတယ္။ အသင္းကထြက္ခ်င္ေနတဲ့ ေရာ္နယ္ဒိုေၾကာင့္ မန္ယူဟာ တိုက္စစ္အားျဖည့္ဖို႔ႀကိဳးစားေနသလို နည္းျပသစ္တန္းဟတ္ကလည္း ကြင္းလယ္ပိုင္းအားျဖည့္ဖို႔ ဆႏၵရွိေနပါတယ္။