ဟာလန်းကျားရိုင်း အားကိုးနဲ့ ချန်ပီယံလိဂ်မှော်ရုံတောမှာ အမဲလိုက်ဖို့ ကြိုးစားတော့မယ့် မန်စီးတီး

ချန်ပီယံလိဂ်ပြိုင်ပွဲဆိုတာက ရေနံဆီရောင်းပြီး သူဌေးဖြစ်နေတဲ့ မန်စီးတီး အသင်းပိုင် ရှင်တွေအတွက် အိပ်မက်ဆိုးတစ်ခုပါ။ ငွေကို ရေလိုသုံးနိုင်ပေမယ့် အောင်မြင်မှုဆိုတာက တစ်ခါတလေမှာ ငွေနဲ့ တိုင်းတဲ့ ပေတံမျိုး မဟုတ်လေတော့ မန်စီးတီးရဲ့ အိပ်မက်တွေ အရာမထင်ခဲ့ဘူးဖြစ်နေတယ်။

ဒါပေမဲ့ ဒီရာသီမှာတော့ မန်စီးတီးဟာ သူတို့အသင်းရဲ့ ချန်ပီယံလိဂ်သမိုင်းကို ပြောင်းပြန်လှန်ပစ်ဖို့ စိတ်ကူးနေပြီဖြစ်ပါတယ်။ ဒါကတော့ ဒေါ့မန်ကနေပြီး ပေါင် ၅၁ ဒသမ ၄ သန်းနဲ့ ခေါ်ယူထားတဲ့ တိုက်စစ်မှူး အာလင်းဟာလန်းရဲ့ အားကိုးနဲ့ မိုက်ကြေးခွဲဖို့ ကြိုးစားလာတာပဲ ဖြစ်ပါတယ်။

ဟာလန်းဆိုတဲ့ နော်ဝေသားက အသက် ၂၂ နှစ်သာ ရှိသေးပေမယ့် ဥရောပ ပွဲစဉ်တွေမှာ ၁၉ ပွဲ ဝင်ကစားထားပြီး ၂၃ ဂိုး သွင်းထားတဲ့ ကျားရိုင်းလေးတစ်ကောင်ပါပဲ။ ဒါ ကြောင့် ဒီကျားရိုင်းလေးရဲ့ အားကိုးနဲ့အတူ ချန်ပီယံလိဂ်ဆိုတဲ့ မှော်ရုံတော ထဲမှာ အမဲလိုက်ဖို့အတွက်

ဂွါဒီယိုလာတစ်ယောက် စိုင်းပြင်းနေပြီဖြစ်ပါတယ်။ ‘’ဟာလန်းဟာ ထူးခြားတဲ့အရည်အသွေးမျိုး ရှိပါတယ်။ နောက်ပြီး ကျွန်တော် တို့အသင်းမှာရှိနေတဲ့ ပြဿနာတွေကိုလည်း သူက သေချာပေါက် ဖြေရှင်း ပေးတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ကစားသမားသစ် ၆ ယောက် စလုံးက ကျွန်တော်တို့ကို ပိုကောင်းလာစေမယ်လို့ မျှော်လင့်ပါတယ်။ အဲဒီ လိုမှ မဟုတ်ရင်တော့ သူတို့ကို ခေါ်လိုက်တာဟာ ဘာထူးမှာလဲဗျာ။ ဒါပေမဲ့ အသင်းလိုက်အနေနဲ့လည်း ကောင်းကောင်းမွန်မွန် ကစားနိုင်ရပါမယ်။

ကစား သမားသစ် အားလုံးကလည်း အထိုင်ကျရမယ်။ ဟာလန်းပခုံးပေါ်မှာချည်းပဲ တွဲလောင်းခိုလိုက်မယ်ဆိုရင်တော့ ကျွန်တော်တို့ ဘာအောင်မြင်မှုမှ မရပါ ဘူး။ ဟာလန်းကြောင့် ကျွန်တော်တို့ အနိုင်မရနိုင်တာမျိုး မဟုတ်သလို ဟာ လန်းကြောင့်လည်း မရှုံးတာမျိုးတော့ မဟုတ်ပါဘူး’’ လို့ ဂွါဒီယိုလာက ပြောဆို သွားခဲ့ပါတယ်။

မန်စီးတီးဟာ ပရီးမီးယားလိဂ်လို အဆင့်မြင့်တန်းပြိုင်ပွဲမှာ မင်းမူစိုးမိုးထားနိုင်ပေမယ့် ချန်ပီယံလိဂ်မှာတော့ ကျိန်စာသင့်နေတဲ့အသင်း ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းကလည်း ရီးရဲလ်နဲ့ ရင်ဆိုင်အတွေ့မှာ မျှော်လင့်ချက် တွေအားလုံး ရိုက်ချိုးဖျက်ဆီးခံလိုက်ရတာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီနှစ်မှာတော့ ဟာလန်းရဲ့ အကူအညီနဲ့အတူ ချန်ပီယံလိဂ်ကို စိန်ခေါ်နိုင်တော့မယ်လို့ နည်း ပြဂွါဒီယိုလာက ယုံကြည်နေပြီး ရိုဒရီအပါအဝင် ကစားသမားတော်တော်များများကလည်း ချန်ပီယံလိဂ်မှာ မန်စီးတီး အောင်မြင်ဖို့အတွက် ရည်မှန်းနေကြပြီဖြစ်ပါတယ်။

(zawgyi)

ခ်န္ပီယံလိဂ္ၿပိဳင္ပြဲဆိုတာက ေရနံဆီေရာင္းၿပီး သူေဌးျဖစ္ေနတဲ့ မန္စီးတီး အသင္းပိုင္ ရွင္ေတြအတြက္ အိပ္မက္ဆိုးတစ္ခုပါ။ ေငြကို ေရလိုသုံးႏိုင္ေပမယ့္ ေအာင္ျမင္မႈဆိုတာက တစ္ခါတေလမွာ ေငြနဲ႔ တိုင္းတဲ့ ေပတံမ်ိဳး မဟုတ္ေလေတာ့ မန္စီးတီးရဲ႕ အိပ္မက္ေတြ အရာမထင္ခဲ့ဘူးျဖစ္ေနတယ္။

ဒါေပမဲ့ ဒီရာသီမွာေတာ့ မန္စီးတီးဟာ သူတို႔အသင္းရဲ႕ ခ်န္ပီယံလိဂ္သမိုင္းကို ေျပာင္းျပန္လွန္ပစ္ဖို႔ စိတ္ကူးေနၿပီျဖစ္ပါတယ္။ ဒါကေတာ့ ေဒါ့မန္ကေနၿပီး ေပါင္ ၅၁ ဒသမ ၄ သန္းနဲ႔ ေခၚယူထားတဲ့ တိုက္စစ္မႉး အာလင္းဟာလန္းရဲ႕ အားကိုးနဲ႔ မိုက္ေၾကးခြဲဖို႔ ႀကိဳးစားလာတာပဲ ျဖစ္ပါတယ္။

ဟာလန္းဆိုတဲ့ ေနာ္ေဝသားက အသက္ ၂၂ ႏွစ္သာ ရွိေသးေပမယ့္ ဥေရာပ ပြဲစဥ္ေတြမွာ ၁၉ ပြဲ ဝင္ကစားထားၿပီး ၂၃ ဂိုး သြင္းထားတဲ့ က်ား႐ိုင္းေလးတစ္ေကာင္ပါပဲ။ ဒါ ေၾကာင့္ ဒီက်ား႐ိုင္းေလးရဲ႕ အားကိုးနဲ႔အတူ ခ်န္ပီယံလိဂ္ဆိုတဲ့ ေမွာ္႐ုံေတာ ထဲမွာ

အမဲလိုက္ဖို႔အတြက္ ဂြါဒီယိုလာတစ္ေယာက္ စိုင္းျပင္းေနၿပီျဖစ္ပါတယ္။ ‘’ဟာလန္းဟာ ထူးျခားတဲ့အရည္အေသြးမ်ိဳး ရွိပါတယ္။ ေနာက္ၿပီး ကြၽန္ေတာ္ တို႔အသင္းမွာရွိေနတဲ့ ျပႆနာေတြကိုလည္း သူက ေသခ်ာေပါက္ ေျဖရွင္း ေပးတာမ်ိဳးလည္း ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။

ကစားသမားသစ္ ၆ ေယာက္ စလုံးက ကြၽန္ေတာ္တို႔ကို ပိုေကာင္းလာေစမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ အဲဒီ လိုမွ မဟုတ္ရင္ေတာ့ သူတို႔ကို ေခၚလိုက္တာဟာ ဘာထူးမွာလဲဗ်ာ။ ဒါေပမဲ့ အသင္းလိုက္အေနနဲ႔လည္း ေကာင္းေကာင္းမြန္မြန္ ကစားႏိုင္ရပါမယ္။

ကစား သမားသစ္ အားလုံးကလည္း အထိုင္က်ရမယ္။ ဟာလန္းပခုံးေပၚမွာခ်ည္းပဲ တြဲေလာင္းခိုလိုက္မယ္ဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ ဘာေအာင္ျမင္မႈမွ မရပါ ဘူး။ ဟာလန္းေၾကာင့္ ကြၽန္ေတာ္တို႔ အႏိုင္မရႏိုင္တာမ်ိဳး မဟုတ္သလို ဟာ လန္းေၾကာင့္လည္း မရႈံးတာမ်ိဳးေတာ့ မဟုတ္ပါဘူး’’ လို႔

ဂြါဒီယိုလာက ေျပာဆို သြားခဲ့ပါတယ္။ မန္စီးတီးဟာ ပရီးမီးယားလိဂ္လို အဆင့္ျမင့္တန္းၿပိဳင္ပြဲမွာ မင္းမူစိုးမိုးထားႏိုင္ေပမယ့္ ခ်န္ပီယံလိဂ္မွာေတာ့ က်ိန္စာသင့္ေနတဲ့အသင္း ျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီတုန္းကလည္း ရီးရဲလ္နဲ႔ ရင္ဆိုင္အေတြ႕မွာ ေမွ်ာ္လင့္ခ်က္ ေတြအားလုံး ႐ိုက္ခ်ိဳးဖ်က္ဆီးခံလိုက္ရတာပဲ ျဖစ္ပါတယ္။

ဒါေပမဲ့ ဒီႏွစ္မွာေတာ့ ဟာလန္းရဲ႕ အကူအညီနဲ႔အတူ ခ်န္ပီယံလိဂ္ကို စိန္ေခၚႏိုင္ေတာ့မယ္လို႔ နည္း ျပဂြါဒီယိုလာက ယုံၾကည္ေနၿပီး ႐ိုဒရီအပါအဝင္ ကစားသမားေတာ္ေတာ္မ်ားမ်ားကလည္း ခ်န္ပီယံလိဂ္မွာ မန္စီးတီး ေအာင္ျမင္ဖို႔အတြက္ ရည္မွန္းေနၾကၿပီျဖစ္ပါတယ္။