ဟာလန်းကို ကြိုတင်ခန့်မှန်းလို့မရတဲ့ Daemon လို့ မန်စီးတီးအသင်းဖော်တွေ နာမည်ပြောင်ပေးထား

မန်စီးတီးတိုက်စစ်မှူးဟာလန်းကို အသင်းဖော်တွေက ချစ်စနိုးနဲ့ Daemon လို့ နာမည်ပြောင်ပေးထားကြောင်း ဗြိတိန်အခြေစိုက် The Sun သတင်းစာက ဖေါ်ပြပါတယ်။ အသက် ၂၂ နှစ်အရွယ် နော်ဝေတိုက်စစ်မှူးဟာ ၂ ပွဲဆက်

ဟက်ထရစ်အပါအဝင် ၉ ဂိုးသွင်းပြီး ပရီးမီးယားလိဂ်ကို ကောင်းမွန်စွာ စတင်နေသူပါ။ သူ့ရဲ့ဂိုးရှေ့စွန့်စားခန်းတွေကိုကြည့်ပြီး မန်စီးတီးအသင်းဖော်တွေကတော့ Daemon လို့ နာမည်ပြောင်ပေးထားကြတာဖြစ်ပါတယ်။

တနည်းအားဖြင့် မယုံနိုင်စရာထူးဆန်းလွန်းတဲ့ Daemon Targaryen ဇာတ်ကောင်နာမည်ကို မှည့်ထားခဲ့ကြတာပါ။ ဒီဇာတ်ကောင်စရိုက်ကို Game of Thrones ဇာတ်လမ်းတွဲမှာ မင်းသားမတ်စမစ် သရုပ်ဆောင်ခဲ့တာဖြစ်ပြီး

ဂျွန်စတုန်းနဲ့ဖိုဒန်တို့အကြိုက် ဇာတ်ကောင်လည်းဖြစ်နေပါတယ်။ “ ကစားသမားအချို့က House of Dragon ပရိသတ်တွေပါ။ ဒါကြောင့် Daemon နဲ့ ဘယ်လိုတူတယ်ဆိုတာ သူတို့က ဟာလန်းကိုပြောပြကြပါတယ်။

သူက ဟာသတွေကိုကြိုက်ပါတယ်။ ဒါကိုတော့ ရယ်စရာလို့ထင်နေတာပါ။ Daemon က ခန့်မှန်းလို့မရတာကြောင့် ဟာလန်းရဲ့စရိုက်နဲ့ တကယ်လိုက်ဖက်ပါတယ် ” လို့ မန်စီးတီးအတွင်းလူတစ်ဦးက The Sun ကို ပြောသွားခဲ့တာပါ။

နော်ဝေတိုက်စစ်မှူးဟာ လာမယ့်ဗီလာနဲ့ပွဲမှာ သူ့ရဲ့ဂိုးသွင်းစွမ်းရည်ကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ မန်စီးတီးနည်းပြဂွါဒီယိုလာကတော့ နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲက ဟာလန်းရဲ့ခြေစွမ်းကို ချီးကျူးသလို အသင်းရဲ့ထာဝရသွင်းဂိုးရှင် ဖြစ်လာနိုင်တယ်လို့လည်း မှတ်ချက်ပေးထားပါတယ်။

(zawgyi)

မန္စီးတီးတိုက္စစ္မႉးဟာလန္းကို အသင္းေဖာ္ေတြက ခ်စ္စႏိုးနဲ႔ Daemon လို႔ နာမည္ေျပာင္ေပးထားေၾကာင္း ၿဗိတိန္အေျခစိုက္ The Sun သတင္းစာက ေဖၚျပပါတယ္။ အသက္ ၂၂ ႏွစ္အ႐ြယ္ ေနာ္ေဝတိုက္စစ္မႉးဟာ

၂ ပြဲဆက္ ဟက္ထရစ္အပါအဝင္ ၉ ဂိုးသြင္းၿပီး ပရီးမီးယားလိဂ္ကို ေကာင္းမြန္စြာ စတင္ေနသူပါ။ သူ႔ရဲ႕ဂိုးေရွ႕စြန႔္စားခန္းေတြကိုၾကည့္ၿပီး မန္စီးတီးအသင္းေဖာ္ေတြကေတာ့ Daemon လို႔

နာမည္ေျပာင္ေပးထားၾကတာျဖစ္ပါတယ္။ တနည္းအားျဖင့္ မယုံႏိုင္စရာထူးဆန္းလြန္းတဲ့ Daemon Targaryen ဇာတ္ေကာင္နာမည္ကို မွည့္ထားခဲ့ၾကတာပါ။ ဒီဇာတ္ေကာင္စ႐ိုက္ကို Game of Thrones ဇာတ္လမ္းတြဲမွာ

မင္းသားမတ္စမစ္ သ႐ုပ္ေဆာင္ခဲ့တာျဖစ္ၿပီး ဂြၽန္စတုန္းနဲ႔ဖိုဒန္တို႔အႀကိဳက္ ဇာတ္ေကာင္လည္းျဖစ္ေနပါတယ္။ “ ကစားသမားအခ်ိဳ႕က House of Dragon ပရိသတ္ေတြပါ။ ဒါေၾကာင့္ Daemon နဲ႔

ဘယ္လိုတူတယ္ဆိုတာ သူတို႔က ဟာလန္းကိုေျပာျပၾကပါတယ္။ သူက ဟာသေတြကိုႀကိဳက္ပါတယ္။ ဒါကိုေတာ့ ရယ္စရာလို႔ထင္ေနတာပါ။ Daemon က ခန႔္မွန္းလို႔မရတာေၾကာင့္

ဟာလန္းရဲ႕စ႐ိုက္နဲ႔ တကယ္လိုက္ဖက္ပါတယ္ ” လို႔ မန္စီးတီးအတြင္းလူတစ္ဦးက The Sun ကို ေျပာသြားခဲ့တာပါ။ ေနာ္ေဝတိုက္စစ္မႉးဟာ လာမယ့္ဗီလာနဲ႔ပြဲမွာ သူ႔ရဲ႕ဂိုးသြင္းစြမ္းရည္ကို ဆက္လက္ထိန္းသိမ္းႏိုင္ဖို႔

ႀကိဳးစားရမွာျဖစ္ပါတယ္။ မန္စီးတီးနည္းျပဂြါဒီယိုလာကေတာ့ ေနာ္တင္ဟမ္ေဖာရက္စ္နဲ႔ပြဲက ဟာလန္းရဲ႕ေျခစြမ္းကို ခ်ီးက်ဴးသလို အသင္းရဲ႕ထာဝရသြင္းဂိုးရွင္ ျဖစ္လာႏိုင္တယ္လို႔လည္း မွတ္ခ်က္ေပးထားပါတယ္။