ဟာလန်းကတော့ ဒုတိယအကြိမ်မြောက်အဖြစ် ယူနိုက်တက်ကို ငြင်းပယ်လိုက်ပြန်ပြီ

ဒေါ့မန်ကြယ်ပွင့်ဟာလန်းဟာ လာမယ့်နွေအတွက် မန်ယူအသင်းရဲ့စိတ်ဝင်စားမှုကို

ငြင်းပယ်လိုက်ကြောင်း သတင်းတွေထွက်ပေါ်လာပါတယ်။ အဲဒီနော်ဝေဂိုးသွင်းစက်ဟာ

ဒဏ်ရာပြသနာတွေနဲ့ ရာသီတစ်ခုကို ဖြတ်သန်းနေရပေမယ့် သူ့ကို ခေါ်ယူလိုတဲ့

အသင်းတွေကတော့ ဝိုင်းဝိုင်းလည်နေဆဲပါ။ ဒေါ့မန်နဲ့ ထွက်ခွာကြေး ပေါင် ၆၃ သန်းရှိတဲ့

ဟာလန်းကို လာမယ့်နွေမှာ ဥရောပအသင်းကြီးအတော်များများက ခေါ်ယူလိုနေကြပါတယ်။

၂၀၂၀ ဇန်နဝါရီမှာ ဆဲလ်ဘတ်ကနေ ရောက်လာပြီးတကည်းက ဒေါ့မန်အတွက်

၈၃ ပွဲမှာ ဂိုး ၈၀ သွင်းခဲ့သူမို့ ခေါ်ယူလိုသူများနေတာ မဆန်းပါဘူး။

ယူနိုက်တက်ဟာ ၂၁ နှစ်အရွယ် အဲဒီကစားသမားကို လွန်ခဲ့တဲ့ ၂ နှစ်ခွဲတုန်းက

ခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့ပါတယ်။ အဲဒီတုန်းက သူနဲ့တစ်နိုင်ငံတည်းသားလည်းဖြစ်၊

သူ့ဆရာဟောင်းလည်းဖြစ်တဲ့ ဆိုးလ်ရှား ကိုင်တွယ်နေချိန်ဖြစ်ပေမယ့်

နောက်ဆုံးမှာ ဟာလန်းဟာ ဒေါ့မန်ကိုသာ ရွေးချယ်ခဲ့တာပါ။

အခုလည်း ဟာလန်းဟာ လာမယ့်နွေမှာ ဒေါ့မန်ကနေ ထွက်မှာဖြစ်ပေမယ့်

မန်ယူရဲ့ထပ်မံစိတ်ဝင်စားလာမှုကို ငြင်းဆန်ခဲ့ပါတယ်။

အကြောင်းကတော့ ပိုက်ဆံကြောင့်မဟုတ်ဘဲ မန်ယူဟာ သူ့ရည်မှန်းချက်တွေကို

မဖြည့်ဆည်းနိုင်ဘူးလု့ိ ခံစားရတာကြောင့်ပါ။ တကယ်လည်း မန်ယူဟာ ၅ ရာသီဆက်အဖြစ်

ဖလားလက်မဲ့ရာသီကို ဖြတ်သန်းနေရပြီး အရင်လိုရွှေခေတ်ပြန်ရောက်ဖို့

ပြောင်းလဲပြင်ဆင်မှုတွေနဲ့ အချိန်ယူရဦးမှာ ဖြစ်ပါတယ်။

လောလောဆယ် ဟာလန်းကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံးဖြစ်နေတာက

သူ့ဖခင်ရဲ့အသင်းဟောင်းဖြစ်တဲ့ မန်စီးတီးပါ။ အင်္ဂလိပ်ဘောလုံးလောကမှာ

လစာအများဆုံးကစားသမားဖြစ်စေနိုင်တဲ့ မက်လုံးနဲ့ မန်စီးတီးက ကမ်းလှမ်းဖို့

အသင့်ဖြစ်နေကြောင်း ဆိုကြပါတယ်။

zawgyi

ဟာလန္းကေတာ့ ဒုတိယအႀကိမ္ေျမာက္အျဖစ္ ယူႏိုက္တက္ကို ျငင္းပယ္လိုက္ျပန္ၿပီ

ေဒါ့မန္ၾကယ္ပြင့္ဟာလန္းဟာ လာမယ့္ေႏြအတြက္ မန္ယူအသင္းရဲ႕စိတ္ဝင္စားမႈကို

ျငင္းပယ္လိုက္ေၾကာင္း သတင္းေတြထြက္ေပၚလာပါတယ္။ အဲဒီေနာ္ေဝဂိုးသြင္းစက္ဟာ

ဒဏ္ရာျပသနာေတြနဲ႔ ရာသီတစ္ခုကို ျဖတ္သန္းေနရေပမယ့္ သူ႔ကို ေခၚယူလိုတဲ့

အသင္းေတြကေတာ့ ဝိုင္းဝိုင္းလည္ေနဆဲပါ။ ေဒါ့မန္နဲ႔ ထြက္ခြာေၾကး ေပါင္ ၆၃ သန္းရွိတဲ့

ဟာလန္းကို လာမယ့္ေႏြမွာ ဥေရာပအသင္းႀကီးအေတာ္မ်ားမ်ားက ေခၚယူလိုေနၾကပါတယ္။

၂၀၂၀ ဇန္နဝါရီမွာ ဆဲလ္ဘတ္ကေန ေရာက္လာၿပီးတကည္းက ေဒါ့မန္အတြက္

၈၃ ပြဲမွာ ဂိုး ၈၀ သြင္းခဲ့သူမို႔ ေခၚယူလိုသူမ်ားေနတာ မဆန္းပါဘူး။

ယူႏိုက္တက္ဟာ ၂၁ ႏွစ္အ႐ြယ္ အဲဒီကစားသမားကို လြန္ခဲ့တဲ့ ၂ ႏွစ္ခြဲတုန္းက

ေခၚယူႏိုင္ဖို႔ နီးစပ္ခဲ့ပါတယ္။ အဲဒီတုန္းက သူနဲ႔တစ္ႏိုင္ငံတည္းသားလည္းျဖစ္၊

သူ႔ဆရာေဟာင္းလည္းျဖစ္တဲ့ ဆိုးလ္ရွား ကိုင္တြယ္ေနခ်ိန္ျဖစ္ေပမယ့္

ေနာက္ဆုံးမွာ ဟာလန္းဟာ ေဒါ့မန္ကိုသာ ေ႐ြးခ်ယ္ခဲ့တာပါ။

အခုလည္း ဟာလန္းဟာ လာမယ့္ေႏြမွာ ေဒါ့မန္ကေန ထြက္မွာျဖစ္ေပမယ့္

မန္ယူရဲ႕ထပ္မံစိတ္ဝင္စားလာမႈကို ျငင္းဆန္ခဲ့ပါတယ္။

အေၾကာင္းကေတာ့ ပိုက္ဆံေၾကာင့္မဟုတ္ဘဲ မန္ယူဟာ သူ႔ရည္မွန္းခ်က္ေတြကို

မျဖည့္ဆည္းႏိုင္ဘူးလု႔ိ ခံစားရတာေၾကာင့္ပါ။ တကယ္လည္း မန္ယူဟာ ၅ ရာသီဆက္အျဖစ္

ဖလားလက္မဲ့ရာသီကို ျဖတ္သန္းေနရၿပီး အရင္လိုေ႐ႊေခတ္ျပန္ေရာက္ဖို႔

ေျပာင္းလဲျပင္ဆင္မႈေတြနဲ႔ အခ်ိန္ယူရဦးမွာ ျဖစ္ပါတယ္။

ေလာေလာဆယ္ ဟာလန္းကို ေခၚယူႏိုင္ဖို႔ ေရပန္းအစားဆုံးျဖစ္ေနတာက

သူ႔ဖခင္ရဲ႕အသင္းေဟာင္းျဖစ္တဲ့ မန္စီးတီးပါ။ အဂၤလိပ္ေဘာလုံးေလာကမွာ

လစာအမ်ားဆုံးကစားသမားျဖစ္ေစႏိုင္တဲ့ မက္လုံးနဲ႔ မန္စီးတီးက ကမ္းလွမ္းဖို႔

အသင့္ျဖစ္ေနေၾကာင္း ဆိုၾကပါတယ္။