ဟာဇက် ဆောင့်ကန်ခဲ့တဲ့ ဆွမ်ဆီးဘောကောက်လေးက ကမ္ဘာ့အချမ်းသာဆုံး လူငယ်စာရင်းဝင်နေပြီ

တစ်ချိန်တုန်းက အီဒင်ဟာဇက် ကန်မိခဲ့တဲ့ ဆွမ်ဆီးဘောကောက်လေးဟာ လက်ရှိအချိန်မှာတော့ ကမ္ဘာ့အချမ်းသာဆုံးလူငယ်တစ်ဦး ဖြစ်နေပါပြီ။ ၂၀၁၃ ခုနှစ်တုန်းက ဆွမ်ဆီးနဲ့ချဲလ်ဆီးတို့ ကစားခဲ့တဲ့ လိဂ်ဖလားဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ

ဟာဇက်ဟာ အသက် ၁၇ နှစ်အရွယ် ဆွမ်ဆီးဘောကောက်လေးကို ကန်မိခဲ့တဲ့အတွက် ထုတ်ပယ်ခံခဲ့ရပါတယ်။ ပထမအကျော့မှာ ဆွမ်ဆီးက ၂-၀ ဂိုးနဲ့နိုင်ထားတာကြောင့် ပွဲချိန် မိနစ် ၈၀ အရောက်မှာ ဆွမ်ဆီးဘောကောက်လေးဟာ

ဘောလုံးကို သူ့ကိုယ်အောက်မှာထားပြီး အချိန်ဆွဲဖို့ကြိုးစားခဲ့ပါတယ်။ ဟာဇက်က ဘောလုံးကို လက်နဲ့ဆွဲယူလို့မရတဲ့အဆုံး ပေါက်ကွဲလာပြီး ကောင်လေးကို ခြေထောက်နဲ့ဆောင့်ကန်ခဲ့တာပါ။ နံရိုးတွေကိုပွတ်ပြီး နာကျင်စွာအော်ဟစ်နေခဲ့တဲ့

ဒီကောင်လေးနာမည်က ချာလီမော်ဂန်ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံကြယ်ပွင့်က ပြန်လည်တောင်းပန်ခဲ့သလို ဒီကိစ္စကပြီးသွားခဲ့ပေမယ့် မော်ဂန်ရဲ့တွစ်တာဖော်လိုဝါတွေကတော့ အများကြီးတိုးသွားခဲ့တာပါ။

အခု ဆယ်စုနှစ်တစ်ခုနီးပါး ကြာမြင့်သွားချိန်မှာ ပေါင် သန်း ၄၀ လောက်ကြွယ်ဝနေတဲ့ မော်ဂန်ဟာ The Times သတင်းစာရဲ့ Young Rich List စာရင်းမှာ အဆင့် ၂၄ ဖြစ်နေပါပြီ။ ကျောင်းနေဖက်သူငယ်ချင်း ဂျက်ဆန်ကွင်းနဲ့ ၂၀၁၆ မှာ

စတင်တည်ထောင်ခဲ့တဲ့ Au Vodka ဟာ ဗော့ဒ်ကာဈေးကွက်မှာ အောင်မြင်နေပါပြီ။ အင်တာနက်ပေါ်မှာ လူကြိုက်အများဆုံးဗော့ဒ်ကာ အမှတ်တံဆိပ်တစ်ခုအဖြစ် Au ကို The Spirits Business က

ရွေးချယ်ထားသလို The Times ကလည်း ၂၀၂၃ မှာ သတိထားရမယ့်ကုမ္ပဏီအဖြစ် ဖေါ်ပြထားပါတယ်။ တကယ်တော့ ချာလီမော်ဂန်ဟာ အဲဒီတုန်းက ဆွမ်ဆီးရဲ့ရှယ်ယာအများဆုံးပိုင်ဆိုင်သူ မာတင်မော်ဂန်ရဲ့သားပါ။

(zawgyi)

တစ္ခ်ိန္တုန္းက အီဒင္ဟာဇက္ ကန္မိခဲ့တဲ့ ဆြမ္ဆီးေဘာေကာက္ေလးဟာ လက္ရွိအခ်ိန္မွာေတာ့ ကမာၻ႔အခ်မ္းသာဆုံးလူငယ္တစ္ဦး ျဖစ္ေနပါၿပီ။ ၂၀၁၃ ခုႏွစ္တုန္းက ဆြမ္ဆီးနဲ႔ခ်ဲလ္ဆီးတို႔ ကစားခဲ့တဲ့ လိဂ္ဖလားဆီမီးဖိုင္နယ္

ဒုတိယအေက်ာ့မွာ ဟာဇက္ဟာ အသက္ ၁၇ ႏွစ္အ႐ြယ္ ဆြမ္ဆီးေဘာေကာက္ေလးကို ကန္မိခဲ့တဲ့အတြက္ ထုတ္ပယ္ခံခဲ့ရပါတယ္။ ပထမအေက်ာ့မွာ ဆြမ္ဆီးက ၂-၀ ဂိုးနဲ႔ႏိုင္ထားတာေၾကာင့္ ပြဲခ်ိန္ မိနစ္ ၈၀ အေရာက္မွာ ဆြမ္ဆီးေဘာေကာက္ေလးဟာ

ေဘာလုံးကို သူ႔ကိုယ္ေအာက္မွာထားၿပီး အခ်ိန္ဆြဲဖို႔ႀကိဳးစားခဲ့ပါတယ္။ ဟာဇက္က ေဘာလုံးကို လက္နဲ႔ဆြဲယူလို႔မရတဲ့အဆုံး ေပါက္ကြဲလာၿပီး ေကာင္ေလးကို ေျခေထာက္နဲ႔ေဆာင့္ကန္ခဲ့တာပါ။ နံ႐ိုးေတြကိုပြတ္ၿပီး

နာက်င္စြာေအာ္ဟစ္ေနခဲ့တဲ့ ဒီေကာင္ေလးနာမည္က ခ်ာလီေမာ္ဂန္ျဖစ္ပါတယ္။ ဘယ္လ္ဂ်ီယံၾကယ္ပြင့္က ျပန္လည္ေတာင္းပန္ခဲ့သလို ဒီကိစၥကၿပီးသြားခဲ့ေပမယ့္ ေမာ္ဂန္ရဲ႕တြစ္တာေဖာ္လိုဝါေတြကေတာ့ အမ်ားႀကီးတိုးသြားခဲ့တာပါ။

အခု ဆယ္စုႏွစ္တစ္ခုနီးပါး ၾကာျမင့္သြားခ်ိန္မွာ ေပါင္ သန္း ၄၀ ေလာက္ႂကြယ္ဝေနတဲ့ ေမာ္ဂန္ဟာ The Times သတင္းစာရဲ႕ Young Rich List စာရင္းမွာ အဆင့္ ၂၄ ျဖစ္ေနပါၿပီ။ ေက်ာင္းေနဖက္သူငယ္ခ်င္း ဂ်က္ဆန္ကြင္းနဲ႔ ၂၀၁၆ မွာ

စတင္တည္ေထာင္ခဲ့တဲ့ Au Vodka ဟာ ေဗာ့ဒ္ကာေဈးကြက္မွာ ေအာင္ျမင္ေနပါၿပီ။ အင္တာနက္ေပၚမွာ လူႀကိဳက္အမ်ားဆုံးေဗာ့ဒ္ကာ အမွတ္တံဆိပ္တစ္ခုအျဖစ္ Au ကို The Spirits Business က ေ႐ြးခ်ယ္ထားသလို

The Times ကလည္း ၂၀၂၃ မွာ သတိထားရမယ့္ကုမၸဏီအျဖစ္ ေဖၚျပထားပါတယ္။ တကယ္ေတာ့ ခ်ာလီေမာ္ဂန္ဟာ အဲဒီတုန္းက ဆြမ္ဆီးရဲ႕ရွယ္ယာအမ်ားဆုံးပိုင္ဆိုင္သူ မာတင္ေမာ္ဂန္ရဲ႕သားပါ။