ဟယ်ရီကိန်းရဲ့ ပယ်နယ်တီလွဲချော်မှုကြောင့် အင်္ဂလန်တို့ ကွာတားဖိုင်နယ်အဆင့်ကနေ ထွက်ခဲ့ရ

အခုပွဲမှာ နှစ်သင်းစလုံးဟာ အပိုင်အခွင့်အရေး ဆတူရရှိခဲ့ပြီး အင်္ဂလန်နာမည်ကျော်

တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ မယုံနိုင်လောက်အောင် ပယ်နယ်တီလွဲချော်မှုက ဒီပွဲရဲ့
အဆုံးအဖြတ်လို့ပဲ သတ်မှတ်ရမှာပါ။

ပွဲမတိုင်ခင်ကတည်းက ဘာပေနဲ့ ဝေါလ်ကာတို့ရဲ့ အားပြိုင်မှုကို မြင်ရမယ်လို့ ခန့်မှန်းချက်တွေ
ထွက်ပေါ်ခဲ့တဲ့အတိုင်းပဲ ဝေါလ်ကာဟာ ဘာပေကို ပွဲချိန်တစ်လျှောက်လုံး အာရုံစိုက်ပြီး
Marking လုပ်,ကစားခဲ့ပါတယ်။ ဒါပေမဲ့ အင်္ဂလန်ခံစစ်က ဘာပေကို အဓိက အာရုံစိုက်နေချိန်မှာ
ကျန်တဲ့ တိုက်စစ်ကစားသမားတွေအတွက် နေရာလွတ်တွေဖြစ်ခဲ့တယ်။

ပြင်သစ်အသင်း ရရှိတဲ့ အဖွင့်ဂိုးမတိုင်ခင် ဘာပေကို အင်္ဂလန်ကစားသမား (၄)ဦးလောက်
ပြုံလိုက်နေတာကြောင့် နေရာယူပုံတွေ လွဲချော်ခဲ့တာနေ ပြင်သစ်တို့ တိုက်စစ်လမ်းကြောင်း
စတင်ပြီးတော့ ကွင်းလယ်လူ ချူအာမန်နီက ပယ်နယ်တီဧရိယာထိပ်က ကန်ချက်ပြင်းပြင်းနဲ့

သွင်းယူခဲ့တာဖြစ်ပါတယ်။

(၅၄)မိနစ်မှာ ဆာကာကို ချူအာမင်နီ Foul လုပ်ခဲ့တာကြောင့် အင်္ဂလန်တို့ ပယ်နယ်တီရခဲ့ပြီး

အသင်းခေါင်းဆောင် ဟယ်ရီကိန်းက အမှားအယွင်းမရှိ ကန်သွင်းခဲ့တယ်။ (၇၇)မိနစ်မှာ
ဒမ်ဘီလီတင်ပေးတာကနေ ဂျရူး အပိုင်ပိတ်သွင်းခဲ့ပေမယ့် အင်္ဂလန်ဂိုးသမား ပစ်ဖို့ဒ်
လက်စွမ်းပြကာကွယ်ခဲ့တယ်။

ဒါပေမဲ့ မိနစ်ပိုင်းအကြာမှာပဲ ဂရစ်ဇ်မန်း လှမ်းတင်ပေးလိုက်တာကို ဂျရူးက မက်ဂွိုင်းယားနဲ့
အပြိုင် ခေါင်းတိုက်သွင်းယူခဲ့တာကြောင့် ပြင်သစ်တို့ ပြန် ဦးဆောင်နိုင်ခဲ့ပါတယ်။ (၈၄)မိနစ်မှာ
အင်္ဂလန်တို့အတွက် ချေပဂိုးရဖို့ အကောင်းဆုံးအခွင့်အရေးအဖြစ် ပယ်နယ်တီ ထပ်ကန်ခွင့်

ရခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ ဟယ်ရီကိန်းရဲ့ ကန်ချက် အပေါ်ထောင်တက်သွားခဲ့သလို
ပွဲပြီးခါနီးမှာလည်း ရပ်ရှ်ဖို့ဒ်ရဲ့ ဖရီးကစ်က ဂိုးဘားပေါ်ကနေ ကပ်ပြီးကျော်သွားတာကြောင့်
အင်္ဂလန်တို့ ကံဆိုးစွာနဲ့ပဲ ကွာတားဖိုင်နယ်ကနေ လှည့်ပြန်ခဲ့ရတာဖြစ်ပါတယ်။

[Zawgyi]

အခုပြဲမွာ ႏွစ္သင္းစလုံးဟာ အပိုင္အခြင့္အေရး ဆတူရရွိခဲ့ၿပီး အဂၤလန္နာမည္ေက်ာ္
တိုက္စစ္မႉး ဟယ္ရီကိန္းရဲ႕ မယုံႏိုင္ေလာက္ေအာင္ ပယ္နယ္တီလြဲေခ်ာ္မႈက ဒီပြဲရဲ႕

အဆုံးအျဖတ္လို႔ပဲ သတ္မွတ္ရမွာပါ။

ပြဲမတိုင္ခင္ကတည္းက ဘာေပနဲ႔ ေဝါလ္ကာတို႔ရဲ႕ အားၿပိဳင္မႈကို ျမင္ရမယ္လို႔ ခန႔္မွန္းခ်က္ေတြ

ထြက္ေပၚခဲ့တဲ့အတိုင္းပဲ ေဝါလ္ကာဟာ ဘာေပကို ပြဲခ်ိန္တစ္ေလွ်ာက္လုံး အာ႐ုံစိုက္ၿပီး
Marking လုပ္,ကစားခဲ့ပါတယ္။ ဒါေပမဲ့ အဂၤလန္ခံစစ္က ဘာေပကို အဓိက အာ႐ုံစိုက္ေနခ်ိန္မွာ
က်န္တဲ့ တိုက္စစ္ကစားသမားေတြအတြက္ ေနရာလြတ္ေတြျဖစ္ခဲ့တယ္။

ျပင္သစ္အသင္း ရရွိတဲ့ အဖြင့္ဂိုးမတိုင္ခင္ ဘာေပကို အဂၤလန္ကစားသမား (၄)ဦးေလာက္
ၿပဳံလိုက္ေနတာေၾကာင့္ ေနရာယူပုံေတြ လြဲေခ်ာ္ခဲ့တာေန ျပင္သစ္တို႔ တိုက္စစ္လမ္းေၾကာင္း
စတင္ၿပီးေတာ့ ကြင္းလယ္လူ ခ်ဴအာမန္နီက ပယ္နယ္တီဧရိယာထိပ္က ကန္ခ်က္ျပင္းျပင္းနဲ႔
သြင္းယူခဲ့တာျဖစ္ပါတယ္။

(၅၄)မိနစ္မွာ ဆာကာကို ခ်ဴအာမင္နီ Foul လုပ္ခဲ့တာေၾကာင့္ အဂၤလန္တို႔ ပယ္နယ္တီရခဲ့ၿပီး
အသင္းေခါင္းေဆာင္ ဟယ္ရီကိန္းက အမွားအယြင္းမရွိ ကန္သြင္းခဲ့တယ္။ (၇၇)မိနစ္မွာ

ဒမ္ဘီလီတင္ေပးတာကေန ဂ်႐ူး အပိုင္ပိတ္သြင္းခဲ့ေပမယ့္ အဂၤလန္ဂိုးသမား ပစ္ဖို႔ဒ္
လက္စြမ္းျပကာကြယ္ခဲ့တယ္။

ဒါေပမဲ့ မိနစ္ပိုင္းအၾကာမွာပဲ ဂရစ္ဇ္မန္း လွမ္းတင္ေပးလိုက္တာကို ဂ်႐ူးက မက္ဂြိဳင္းယားနဲ႔
အၿပိဳင္ ေခါင္းတိုက္သြင္းယူခဲ့တာေၾကာင့္ ျပင္သစ္တို႔ ျပန္ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။ (၈၄)မိနစ္မွာ
အဂၤလန္တို႔အတြက္ ေခ်ပဂိုးရဖို႔ အေကာင္းဆုံးအခြင့္အေရးအျဖစ္ ပယ္နယ္တီ ထပ္ကန္ခြင့္

ရခဲ့ေပမယ့္ ဒီတစ္ႀကိမ္မွာေတာ့ ဟယ္ရီကိန္းရဲ႕ ကန္ခ်က္ အေပၚေထာင္တက္သြားခဲ့သလို
ပြဲၿပီးခါနီးမွာလည္း ရပ္ရွ္ဖို႔ဒ္ရဲ႕ ဖရီးကစ္က ဂိုးဘားေပၚကေန ကပ္ၿပီးေက်ာ္သြားတာေၾကာင့္
အဂၤလန္တို႔ ကံဆိုးစြာနဲ႔ပဲ ကြာတားဖိုင္နယ္ကေန လွည့္ျပန္ခဲ့ရတာျဖစ္ပါတယ္။