ဟယ်ရီကိန်းနဲ့ ယူနိုက်တက်အသင်းဟာ ‘နတ်ဖက်တဲ့စုံတွဲ’လို ဖြစ်လာမှာပါ . . .

ဗြိတိန် နာမည်ကျော် Daily Mail သတင်းစာရဲ့ ဂျာနယ်လစ်တစ်ဦး

ဖြစ်သူ ခရစ္စဝှီလာက ဟယ်ရီကိန်းသာ မန်ချက်စတာယူနိုက်တက်ကို
ပြောင်းရွှေ့ဖြစ်မယ်ဆိုရင် အရမ်းကို ပြီးပြည့်စုံတဲ့အပြောင်းအရွှေ့
ဖြစ်လာမယ်လို့ သုံးသပ်ရေးသားခဲ့ပါတယ်။

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟက်ဟာ လာမယ့်နွေရာသီ
အပြောင်းအရွှေ့ကျရင် စပါးအသင်းနာမည်ကျော်တိုက်စစ်မှူး
ဟယ်ရီကိန်းကို ခေါ်ယူဖို့ အဓိကဦးစားပေးပစ်မှတ်ထားနေတယ်ဆိုတဲ့
သတင်းတွေထွက်ပေါ်နေပါတယ်။

အသက်(၂၉)နှစ်အရွယ်ရှိပြီဖြစ်သူ အင်္ဂလန်ဝါရင့်တိုက်စစ်မှူး
ဟယ်ရီကိန်းဟာ စပါးအသင်းမှာ ၂၀၁၁ -၁၂ ရာသီကတည်းက ပွဲထွက်

ကစားခွင့်ရခဲ့ပြီး အသင်းအတွက်ကစားတာ ဆယ်စုနှစ်တစ်ခုကျော်လာပြီ
ဖြစ်ပေမယ့် အခုအချိန်အထိ ဆုဖလားအောင်မြင်မှု မယူနိုင်သေးတဲ့
အတွက် ဒီရာသီကုန်မှာ အသင်းနဲ့လမ်းခွဲဖို့ရှိပါတယ်။

ဟယ်ရီကိန်းရဲ့ စာချုပ်သက်တမ်းက မကြာခင် နောက်ဆုံးနှစ်ထဲကို
ရောက်လာတော့မှာဖြစ်သလို ယူနိုက်တက်အသင်းကလည်း ဟယ်ရီကိန်းကို
ခေါ်ချင်နေတဲ့အတွက် မန်ချက်စတာမြို့ကို ဟယ်ရီကိန်း ခြေချတော့မလား
ဆိုတာ စိတ်ဝင်စားစရာပါပဲ။

ယူနိုက်တက်အသင်းဟာ စပါးအသင်းကစားသမားတွေနဲ့ ကံစပ်တယ်လို့
ပြောရမှာဖြစ်ပြီး ရှရင်ဂမ်၊ ကာရစ်၊ ဘာဘာတော့ဗ်တို့ဟာ ယူနိုက်တက်

အသင်းအတွက် ကြီးမားတဲ့အောင်မြင်မှုတွေ ရယူပေးခဲ့သလို အခုနောက်ဆုံး
စပါးအသင်းကွင်းလယ်လူဟောင်း အဲရစ်ဆင်ကလည်း ဒီရာသီမှာ ခြေစွမ်းပြ
ကစားနေပါတယ်။

အခုလောလောဆယ် ယူနိုက်တက်မှာ အဆုံးသတ်သေချာတဲ့ No 9 Role
တိုက်စစ်မှူးစစ်စစ်ကစားသမားလိုနေတာကြောင့် ဟယ်ရီကိန်းသာ ယူနိုက်တက်ကို
ပြောင်းရွှေ့ဖြစ်မယ်ဆိုရင် ‘နတ်ဖက်တဲ့ စုံတွဲ’လို့ လုံး၀ အဆင်ပြေမှာဖြစ်တယ်လို့
ခရစ္စဝှီလာက သုံးသပ်ခဲ့ပါတယ်။

[Zawgyi]

ၿဗိတိန္ နာမည္ေက်ာ္ Daily Mail သတင္းစာရဲ႕ ဂ်ာနယ္လစ္တစ္ဦး
ျဖစ္သူ ခရစၥဝွီလာက ဟယ္ရီကိန္းသာ မန္ခ်က္စတာယူႏိုက္တက္ကို

ေျပာင္းေ႐ႊ႕ျဖစ္မယ္ဆိုရင္ အရမ္းကို ၿပီးျပည့္စုံတဲ့အေျပာင္းအေ႐ႊ႕
ျဖစ္လာမယ္လို႔ သုံးသပ္ေရးသားခဲ့ပါတယ္။

ယူႏိုက္တက္အသင္းနည္းျပ အဲရစ္တန္ဟက္ဟာ လာမယ့္ေႏြရာသီ
အေျပာင္းအေ႐ႊ႕က်ရင္ စပါးအသင္းနာမည္ေက်ာ္တိုက္စစ္မႉး
ဟယ္ရီကိန္းကို ေခၚယူဖို႔ အဓိကဦးစားေပးပစ္မွတ္ထားေနတယ္ဆိုတဲ့
သတင္းေတြထြက္ေပၚေနပါတယ္။

အသက္(၂၉)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ အဂၤလန္ဝါရင့္တိုက္စစ္မႉး
ဟယ္ရီကိန္းဟာ စပါးအသင္းမွာ ၂၀၁၁ -၁၂ ရာသီကတည္းက ပြဲထြက္
ကစားခြင့္ရခဲ့ၿပီး အသင္းအတြက္ကစားတာ ဆယ္စုႏွစ္တစ္ခုေက်ာ္လာၿပီ

ျဖစ္ေပမယ့္ အခုအခ်ိန္အထိ ဆုဖလားေအာင္ျမင္မႈ မယူႏိုင္ေသးတဲ့
အတြက္ ဒီရာသီကုန္မွာ အသင္းနဲ႔လမ္းခြဲဖို႔ရွိပါတယ္။

ဟယ္ရီကိန္းရဲ႕ စာခ်ဳပ္သက္တမ္းက မၾကာခင္ ေနာက္ဆုံးႏွစ္ထဲကို
ေရာက္လာေတာ့မွာျဖစ္သလို ယူႏိုက္တက္အသင္းကလည္း ဟယ္ရီကိန္းကို
ေခၚခ်င္ေနတဲ့အတြက္ မန္ခ်က္စတာၿမိဳ႕ကို ဟယ္ရီကိန္း ေျခခ်ေတာ့မလား
ဆိုတာ စိတ္ဝင္စားစရာပါပဲ။

ယူႏိုက္တက္အသင္းဟာ စပါးအသင္းကစားသမားေတြနဲ႔ ကံစပ္တယ္လို႔
ေျပာရမွာျဖစ္ၿပီး ရွရင္ဂမ္၊ ကာရစ္၊ ဘာဘာေတာ့ဗ္တို႔ဟာ ယူႏိုက္တက္
အသင္းအတြက္ ႀကီးမားတဲ့ေအာင္ျမင္မႈေတြ ရယူေပးခဲ့သလို အခုေနာက္ဆုံး

စပါးအသင္းကြင္းလယ္လူေဟာင္း အဲရစ္ဆင္ကလည္း ဒီရာသီမွာ ေျခစြမ္းျပ
ကစားေနပါတယ္။

အခုေလာေလာဆယ္ ယူႏိုက္တက္မွာ အဆုံးသတ္ေသခ်ာတဲ့ No 9 Role
တိုက္စစ္မႉးစစ္စစ္ကစားသမားလိုေနတာေၾကာင့္ ဟယ္ရီကိန္းသာ ယူႏိုက္တက္ကို
ေျပာင္းေ႐ႊ႕ျဖစ္မယ္ဆိုရင္ ‘နတ္ဖက္တဲ့ စုံတြဲ’လို႔ လုံး၀ အဆင္ေျပမွာျဖစ္တယ္လို႔
ခရစၥဝွီလာက သုံးသပ္ခဲ့ပါတယ္။