ဟန်ဒါဆင် ဒဏ်ရာကြောင့် (၁)လအထိ အနားယူမှာဖြစ်လို့ ဂိုးသမားရှာပုံတော်ဖွင့်ရမယ့် နော်တင်ဟမ်

နော်တင်ဟမ်ဖော်ရက်စ်အသင်းဟာ အဓိကဂိုးသမားဖြစ်သူ ဟန်ဒါဆင်

ပေါင်ဒဏ်ရာကြောင့် (၁)လလောက်အနားယူရမှာဖြစ်တဲ့အတွက်
ဂိုးသမားသစ်တစ်ဦး ခေါ်ယူဖို့ ရှာဖွေရတော့မှာဖြစ်ပါတယ်။

အသက်(၂၅)နှစ်အရွယ်ရှိပြီဖြစ်သူ ဟန်ဒါဆင်ဟာ ဒီရာသီအစကမှ
မန်ချက်စတာယူနိုက်တက်နေ နော်တင်ဟမ်ဖော်ရက်စ်ကို အငှားနဲ့
လာရောက်ကစားနေတာဖြစ်ပြီး အသင်းအတွက် ပုံစံကောင်းပြသ
နေသလို လိဂ်ဖလားကွာတားဖိုင်နယ်၊ ပယ်နယ်တီအဆုံးအဖြတ်မှာ
လက်စွမ်းပြကာကွယ်ပြီးတော့ နှစ်ပေါင်း(၃၀)ကျော်အတွင်း

ဆီမီးဖိုင်နယ်အဆင့်တက်ခွ့င်ရအောင် ကူညီပေးခဲ့ပါတယ်။

ဒါပေမဲ့လည်း ပြီးခဲ့တဲ့ စနေနေ့က လက်စတာအသင်းကို (၂-ဝ)ဂိုးနဲ့

အနိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဟန်ဒါဆင် ပေါင်ဒဏ်ရာရရှိခဲ့တာ
ဖြစ်ပြီး ဆေးကုသမှုခံယူပြီးတော့ ပွဲပြီးတဲ့အထိ ဆက်ကစားခဲ့ပါတယ်။

အဲဒီပွဲအပြီး စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးတဲ့နောက် ဟန်ဒါဆင်ဟာ
(၁)လလောက်အနားယူရမှာဖြစ်ပြီး ဒါက နော်တမ်ဖော်ရက်စ်အသင်း
အတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ခဲ့ရပါတယ်။

နော်တင်ဟမ်ဖော်ရက်စ်အသင်းဟာ ပရီးမီးယားလိဂ်(၁၉)ပွဲကစား
အပြီးမှာ ရမှတ်(၂၀)နဲ့ အဆင့်(၁၃)နေရာမှာ ရပ်တည်နေပြီး
တန်းဆင်းဇုန်ထဲက ဝက်စ်ဟမ်းနဲ့ (၅)မှတ်သာ ကွာဟနေပါတယ်။

[Zawgyi]

ေနာ္တင္ဟမ္ေဖာ္ရက္စ္အသင္းဟာ အဓိကဂိုးသမားျဖစ္သူ ဟန္ဒါဆင္
ေပါင္ဒဏ္ရာေၾကာင့္ (၁)လေလာက္အနားယူရမွာျဖစ္တဲ့အတြက္
ဂိုးသမားသစ္တစ္ဦး ေခၚယူဖို႔ ရွာေဖြရေတာ့မွာျဖစ္ပါတယ္။

အသက္(၂၅)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဟန္ဒါဆင္ဟာ ဒီရာသီအစကမွ
မန္ခ်က္စတာယူႏိုက္တက္ေန ေနာ္တင္ဟမ္ေဖာ္ရက္စ္ကို အငွားနဲ႔

လာေရာက္ကစားေနတာျဖစ္ၿပီး အသင္းအတြက္ ပုံစံေကာင္းျပသ
ေနသလို လိဂ္ဖလားကြာတားဖိုင္နယ္၊ ပယ္နယ္တီအဆုံးအျဖတ္မွာ
လက္စြမ္းျပကာကြယ္ၿပီးေတာ့ ႏွစ္ေပါင္း(၃၀)ေက်ာ္အတြင္း
ဆီမီးဖိုင္နယ္အဆင့္တက္ခြ႕င္ရေအာင္ ကူညီေပးခဲ့ပါတယ္။

ဒါေပမဲ့လည္း ၿပီးခဲ့တဲ့ စေနေန႔က လက္စတာအသင္းကို (၂-ဝ)ဂိုးနဲ႔
အႏိုင္ရတဲ့ ပရီးမီးယားလိဂ္ပြဲမွာ ဟန္ဒါဆင္ ေပါင္ဒဏ္ရာရရွိခဲ့တာ
ျဖစ္ၿပီး ေဆးကုသမႈခံယူၿပီးေတာ့ ပြဲၿပီးတဲ့အထိ ဆက္ကစားခဲ့ပါတယ္။

အဲဒီပြဲအၿပီး စမ္းသပ္စစ္ေဆးမႈေတြျပဳလုပ္ခဲ့ၿပီးတဲ့ေနာက္ ဟန္ဒါဆင္ဟာ
(၁)လေလာက္အနားယူရမွာျဖစ္ၿပီး ဒါက ေနာ္တမ္ေဖာ္ရက္စ္အသင္း

အတြက္ ႀကီးမားတဲ့ထိုးႏွက္ခ်က္ျဖစ္ခဲ့ရပါတယ္။

ေနာ္တင္ဟမ္ေဖာ္ရက္စ္အသင္းဟာ ပရီးမီးယားလိဂ္(၁၉)ပြဲကစား

အၿပီးမွာ ရမွတ္(၂၀)နဲ႔ အဆင့္(၁၃)ေနရာမွာ ရပ္တည္ေနၿပီး
တန္းဆင္းဇုန္ထဲက ဝက္စ္ဟမ္းနဲ႔ (၅)မွတ္သာ ကြာဟေနပါတယ္။