ဟက်ထရစ် ကိုယ်စီနဲ့ ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့တဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီအသင်းဟာ ယမန်နေ့ညက ကလာမွန့်နဲ့ပွဲစဉ်မှာ တိုက်စစ်က နေမာ၊

ဘာပေတို့ရဲ့ ဟက်ထရစ်တွေနဲ့အတူ ၆-၁ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ပီအက်စ်ဂျီအတွက် ဂိုးတွေကို ဘာပေနဲ့ နေမာတို့က ၃ ဂိုးစီသွင်းပေးခဲ့ကြပြီး

မက်ဆီက ဖန်တီးမှု ၃ ကြိမ်အထိပြုလုပ်ပေးခဲ့ကာ ပြိုင်ဘက်အသင်းကို သူတို့

၃ ဦးတည်းနဲ့ ရင်ဆိုင်နေရသလိုကိုကစားသွားခဲ့ပါတယ်။

မက်ဆီကတော့ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဂိုးဖန်တီးမှုအပိုင်းတွေမှာ တော်တော်လေး

အားရစရာကောင်းနေပြီး နေမာနဲ့ ပိုပြီးအချိတ်အဆက်မိလာခဲ့ပါတယ်။

ပီအက်စ်ဂျီအတွက် ဂိုးသွင်းမှတ်တမ်းကတော့ နေမာ ၆ မိနစ်၊၇၁ မိနစ်(ပင်နယ်တီ)၊

၈၃ မိနစ်၊ ဘာပေ ၁၉ မိနစ်၊ ၇၄ မိနစ်၊ ၈၀ မိနစ်တို့ ဖြစ်ပါတယ်။

မက်ဆီဟာ နေမာအတွက် ဖန်တီးမှု ၁ ကြိမ်နဲ့ ဘာပေအတွက် ဖန်တီးမှု ၂ ကြိမ်

ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ မက်ဆီဟာ ဒီရာသီမှာ လီဂူးဖန်တီးမှု ၁၃ ကြိမ် ရှိနေခဲ့ပြီဖြစ်ပါတယ်။

နေမာဟာ ၂၀၁၈ခုနှစ် ဇန်နဝါရီနောက်ပိုင်း လီဂူးဝမ်းမှာ ပထမဆုံး ဟက်ထရစ်

သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ လက်ရှိမှာ အမှတ်ပေးဇယားကို

၁၅မှတ်ဖြတ်ကာ ဦးဆောင်ထားခဲ့ပြီ ဖြစ်ပါတယ်။

zawgyi

ဟက္ထရစ္ ကိုယ္စီနဲ႔ ဂိုးျပတ္ႏိုင္ပြဲရယူႏိုင္ခဲ့တဲ့ ပီအက္စ္ဂ်ီ

ပီအက္စ္ဂ်ီအသင္းဟာ ယမန္ေန႔ညက ကလာမြန႔္နဲ႔ပြဲစဥ္မွာ တိုက္စစ္က ေနမာ၊

ဘာေပတို႔ရဲ႕ ဟက္ထရစ္ေတြနဲ႔အတူ ၆-၁ဂိုးနဲ႔ အႏိုင္ရခဲ့ပါတယ္။

ပီအက္စ္ဂ်ီအတြက္ ဂိုးေတြကို ဘာေပနဲ႔ ေနမာတို႔က ၃ ဂိုးစီသြင္းေပးခဲ့ၾကၿပီး

မက္ဆီက ဖန္တီးမႈ ၃ ႀကိမ္အထိျပဳလုပ္ေပးခဲ့ကာ ၿပိဳင္ဘက္အသင္းကို သူတို႔

၃ ဦးတည္းနဲ႔ ရင္ဆိုင္ေနရသလိုကိုကစားသြားခဲ့ပါတယ္။

မက္ဆီကေတာ့ ဂိုးမသြင္းႏိုင္ခဲ့ေပမယ့္ ဂိုးဖန္တီးမႈအပိုင္းေတြမွာ ေတာ္ေတာ္ေလး

အားရစရာေကာင္းေနၿပီး ေနမာနဲ႔ ပိုၿပီးအခ်ိတ္အဆက္မိလာခဲ့ပါတယ္။

ပီအက္စ္ဂ်ီအတြက္ ဂိုးသြင္းမွတ္တမ္းကေတာ့ ေနမာ ၆ မိနစ္၊၇၁ မိနစ္(ပင္နယ္တီ)၊

၈၃ မိနစ္၊ ဘာေပ ၁၉ မိနစ္၊ ၇၄ မိနစ္၊ ၈၀ မိနစ္တို႔ ျဖစ္ပါတယ္။

မက္ဆီဟာ ေနမာအတြက္ ဖန္တီးမႈ ၁ ႀကိမ္နဲ႔ ဘာေပအတြက္ ဖန္တီးမႈ ၂ ႀကိမ္

ျပဳလုပ္ေပးခဲ့တာျဖစ္ပါတယ္။ မက္ဆီဟာ ဒီရာသီမွာ လီဂူးဖန္တီးမႈ ၁၃ ႀကိမ္ ရွိေနခဲ့ၿပီျဖစ္ပါတယ္။

ေနမာဟာ ၂၀၁၈ခုႏွစ္ ဇန္နဝါရီေနာက္ပိုင္း လီဂူးဝမ္းမွာ ပထမဆုံး ဟက္ထရစ္

သြင္းႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ပီအက္စ္ဂ်ီဟာ လက္ရွိမွာ အမွတ္ေပးဇယားကို

၁၅မွတ္ျဖတ္ကာ ဦးေဆာင္ထားခဲ့ၿပီ ျဖစ္ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*